ဧပြီလ ၁ ရက်နေ့တွင် ပြန်လည်ပြင်ဆင်မည့် လူမှုဖူလုံရေးဥပဒေနှင့် နည်းဥပဒေအရ စီးပွားရေး
လုပ်ငန်းများမှာ ထည့်ဝင်ကြေး မဖြစ် မနေ ပေးဆောင်ရတော့မည်ဖြစ်ကြောင်း ကျောက်တံတား
မြို့နယ် လူမှုဖူလုံရေးအဖွဲ့ ဦးစီးအရာရှိ ဦးစိန်သန်းမြင့်က ပြောသည်။
အဆိုပါဥပဒေကို ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့က ပြဋ္ဌာန်းခဲ့ခြင်းဖြစ်ပြီး ဥပဒေအရ ကုန်ထုတ်လုပ်
မှု၊ ဖျော်ဖြေရေး၊ ဆိပ်ကမ်းနှင့် သယ်ယူပို့ဆောင်ရေး၊ သယံဇာတလုပ်ငန်း အစ ရှိသည်တို့မှာ
အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဝန်ကြီးဌာနလက်အောက်ရှိ လူမှုဖူလုံရေးအဖွဲ့တွင်
အလုပ်သမားမှတ်ပုံတင်ပြီး မဖြစ်မနေ ထည့်ဝင်ကြေးပေးရမည် ဖြစ်သည်။
အလုပ်သမားဘက်က နှစ် ရာခိုင်နှုန်းနှင့် အလုပ် ရှင်က တစ် ရာခိုင်နှုန်း အသီးသီး ထည့်ဝင်ရမည်
ဖြစ်သည်။ "အနည်းဆုံး လုပ်ခလစာ မသတ်မှတ်ရ သေးခင် အလုပ်ရှင်ဘက်ကတင်ပြလာတဲ့
လစာ အပေါ်မူတည်ပြီးပဲ ကောက်ခံသွားမှာ ဖြစ်ပါ တယ်"ဟု ၎င်းကပြောသည်။ အစိုးရနှင့်
ပုဂ္ဂလိကဝန်ထမ်းအဖြစ်လုပ်ကိုင်ခဲ့ဖူးသူ စီးပွားရေးပညာရှင်ဦးလှမောင်က နိုင်ငံ ကြီးများတွင်
နှစ်ပေါင်းများစွာ ယင်းအလေ့အကျင့်ကို ကျင့်သုံးခဲ့ကြပြီး အရှေ့တောင်အာရှ တွင် စင်ကာပူနိုင်ငံ
မှာ စံပြအဖြစ်နှင့် အလားတူတရုတ်နိုင်ငံမှာလည်း ကျယ်ကျယ်ပြန့်ပြန့် ကျင့်သုံးလျက်ရှိကြောင်း
ပြောသည်။
"အလွှာသုံးလွှာမှာရှိတဲ့ လူတွေရဲ့ ၀င်ငွေနဲ့ လူနေမှုစရိတ်ကို ချိန်ထိုးတွက်ချက်ရမယ်။ လူနေမှု
ဆင်းရဲနွမ်းပါးတဲ့သူရဲ့ ၀င်ငွေထဲက ဆိုရင် တစ်ရာခိုင်နှုန်းတောင် နုတ်လို့မရဘူး။ လောက်လောက်
ငင ၀င်ငွေမရှိတဲ့သူကို ဒီလို စနစ်မျိုးသွားပြလို့မရဘူး။ အခုလောလောဆယ် တောင် စားလို့
မလောက်ရင် နောင်ရေးဆိုတာမရှိနိုင်ဘူး" ဟု ၎င်းက ပြောသည်။ ယင်းအတွက် အနိမ့်ဆုံး
လုပ်ခလစာကို အမြန် ဆုံး သတ်မှတ်ရန် လိုအပ်ကြောင်းပြောသည်။
လက်ရှိအစိုးရ၏ ရသုံးမှန်းခြေ စာရင်းတွက်ချက်မှုမှာ ကာကွယ်ရေး အသုံးစရိတ်ကို မလိုအပ်ဘဲ
တိုးမြှင့်ထားပြီး အဓိကမကျသော နေရာ များတွင် လမ်း၊ တံတားနှင့် ဆည်ကဲ့သို့သော အခြေခံ
အအဆောက်အအုံ ဆောက်လုပ်မှု များပြားနေသည်။
"ဆည်ကြီးပေါင်း ၃၆၀ ကျော်တည်ဆောက်ပြီး ပေ ၁၈၀ ထက်ပိုရှည်တဲ့တံတားပေါင်း ရာကျော်
ဆောက်လိုက်လို့ အဲဒီဒေသတစ်ဝိုက်မှာ သီးနှံ ရိက္ခာတွေ တိုးတက်ပြီး တစ်နိုင်ငံလုံး အတိုင်း
အတာနဲ့ ကုန်ဈေးနှုန်းကျပြီလားဆိုတာကို လက်တွေ့တွေ့ကျကျ အရင်တွေးသင့်တယ်" ဟု
၎င်းကပြောသည်။
အစိုးရ၏ ၂၀၁၄ ၁၅ ဘဏ္ဍာနှစ်အတွက် ရသုံးမှန်းခြေစာရင်း တွက်ချက်မှုတွင် ပညာရေး ခြောက်
ရာခိုင်နှုန်းခန့်၊ ့ျန်းမာရေး ၃ ဒသမ ၃၈ ရာခိုင်နှုန်းနျင့် ယင်းတို့ မှာ တိုးတက်လာပြီး ကာကွယ်ရေး
အသုံးစားရိတ်မှာမူ ၁၄ ရာခိုင်နှုန်း သို့လျှော့ချမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်း မီဒီယာများတွင်
ဖော်ပြထားသည်။
"အလုပ်ရှင်က ကုန်ထုတ်လုပ်မှုပဲလုပ်လုပ်၊ ၀န်ဆောင်မှုပဲလုပ်လုပ် အမြတ်မရရင် မလုပ် ဘူး။ ဒီလို
အခြေအနေမှာ အလုပ်ရှင်က အခွန် ဘယ်လောက်ပေးဆောင်ရ မယ်ဆိုတာကို မဖြစ် မနေကုန်
ကျစရိတ်တွေအပေါ် ထည့်တွက်ထားပြီးဖြစ်ရမယ်။ အလုပ်လုပ်တဲ့သူဘက်ကလည်း ရသင့်တဲ့
အခွင့်အရေးရမှပဲ အလုပ်လုပ်ချင်စိတ် ဖြစ်လာပြီး လုပ်ငန်းအပေါ်အပြန်အလှန် အကျိုး ပြုတာမျိုး
ဖြစ်လိမ့်မယ်" ဟု ဦးလှမောင်က ပြောသည်။
အစိုးရဘဏ်များတွင် နှစ်ပေါင်းများစွာ လုပ်ကိုင်ခဲ့ဖူးသူ ပုဂ္ဂလိကဘဏ်တစ်ခု၏ အတိုင် ပင်ခံတစ်ဦး
က ယခုပြောင်းလဲလိုက်သည့် ဥပဒေ မှာ စီးပွားရေးလုပ်ငန်းများ အနက် အထည်ချုပ် အပါအဝင်
ကုန်ထုတ်လုပ်မှု လုပ်ငန်းများတွင်လုပ်ကိုင်နေသူများအတွက် ပိုမိုအကာအကွယ်ပေးနိုင်ရန် မျှော်
လင့်ရကြောင်း ပြောသည်။
"လုပ်ငန်းရှင်တွေဘက်က လူမူဖူလုံရေး ထည့်ဝင်ကြေးကိုလည်း အခွန်ရှောင်သလို ရှောင်လာကြ
တာကလည်း အလေ့အထတစ်ခု လိုဖြစ်နေတာ တွေ့နေရတယ်။ ဥပဒေသစ်ကလည်း ကျင့်သုံး
မယ့်မူဝါဒမှာ အားလုံး အတွက် တန်းတူညီတူအခွင့်အရေးပေးမထား ရင်တော့ တိုးတက်လာမှာ
မဟုတ်ဘူး။ အားလုံးကိုအပြိုင်အဆိုင်လုပ်ကိုင်ခွင့်ပေးသင့်တယ်"ဟု ၎င်းကပြောသည်။
















