ယခုနှစ်ပိုင်းအတွင်း ဆက်တိုက်ဖြစ်ပေါ်နေ သော နွေရာသီကာလရှည် လျှပ်စစ်ပြတ်တောက်
မှုကြောင့် လုပ်ငန်းလည်ပတ်ရေးအခက်အခဲ ဖြစ်နေသည့် ရန်ကုန်စက်မှုဇုန်များအား ပြည်တွင်း
ပုဂ္ဂလိကကုမ္ပဏီအချို့က ဓာတ်အားထုတ်လုပ်ရောင်းချရန် ယမန်နှစ်ကတည်းက အကြိုသဘော
တူညီထားပြီ ဖြစ်သော်လည်း ယခုနှစ်တွင် အဆိုပါစီမံကိန်းများအကောင် အထည်ဖော်လာဖွယ်
မရှိသေးကြောင်း လှိုင်သာယာ စက်မှုဇုန်ဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က မြန်မာတိုင်း(မ်) ကို
ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် များသည် ပြီးခဲ့သည့်နှစ်နှစ်ဆက်တိုက် နွေရာသီ တွင်
လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ကြောင့် ခက်ခဲစွာဖြတ်ကျော်ခဲ့ရကာ ၂၀၁၃ ခုနှစ်၊ မေလ
ပထမနှစ်ပတ်အတွင်း လျှပ်စစ် ဓာတ်အားရရှိမှု လုံးဝမရှိခဲ့သည်အထိ အဆိုး ရွားဆုံးသော
အခြေအနေကို ရင်ဆိုင်ခဲ့ရသဖြင့် အချို့သော စက်ရုံများ ယာယီရပ်နားခဲ့ရသည်။
"စက်မှုလုပ်ငန်းရှင်တွေဘက်က လျှပ်စစ် ထုတ်ရောင်းမယ်ဆိုတဲ့ ပြည်တွင်းကုမ္ပဏီ ငါးခုလောက်နဲ့
တစ်ယူနစ်ကို ကျပ် ၁၅၀ နဲ့ဝယ်ဖို့ အကြိုသဘောတူထားတာ တော့ရှိတယ်။ ဒါပေမဲ့ ဒီကုမ္ပဏီတွေ
က လာမယ့်နွေရာသီမှာ စပေးနိုင်ဖို့အတွက် အာမမခံနိုင်တော့ ကျွန်တော် တို့ လုပ်ငန်းရှင်တွေ
ဘက်ကလည်း စာချုပ် မချုပ်ဖြစ်သေးဘူး။ ကျွန်တော်တို့က အဓိက နွေရာသီမှာ လျှပ်စစ်ပြတ်
တာလေ။ မိုးရောက်မှ စပေးတာမျိုးကတော့ မဖြစ်ဘူးပေါ့"ဟု ဦးမြတ် သင်းအောင်ကပြောသည်။
ရန်ကုန်စက်မှုဇုန်များသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရောင်းချပေးရေး လုပ်ငန်းဆောင်ရွက် ရန်
ပြည်တွင်း ပြည်ပကုမ္ပဏီများအား မြန်မာ အစိုးရက ဖိတ်ခေါ်ခဲ့ရာတွင် ဂျပန်ထိပ်သီး ကုမ္ပဏီ
များဖြစ်သည့် မာရူဘီနီ၊ မစ်ဆူဘီရှီနှင့် တိုရှီဘာတို့အပါအဝင် ပြည်ပကုမ္ပဏီ ၁၅ ခုခန့်နှင့် ပြည်
တွင်းကုမ္ပဏီ ၁၅ ခုခန့်တို့က လာရောက် အဆိုပြုဆွေးနွေးခဲ့သော်လည်း နောက်ဆုံးတွင် ပြည်
တွင်းကုမ္ပဏီ ငါးခုခန့်က လျှပ်စစ်မီတာတစ်ယူနစ်လျှင် ကျပ် ၁၅၀ ဖြင့် စက်မှုလုပ်ငန်း များအား
ရောင်းချရန် အကြိုသဘောတူညီခဲ့ ကြောင်း ဦးမြတ်သင်းအောင်က ပြောသည်။
"ပြည်ပကုမ္ပဏီတွေကတော့ အစိုးရဆီကနေ လျှပ်စစ်ထုတ်လုပ်ဖို့ ဃြွ တောင်းတာမရ တော့
ဒီဇယ်နဲ့ လည်ရမှာဖြစ်တဲ့အတွက် တစ်ယူနစ်ကို ၂၀၀ ရရင် လုပ်မယ်ပြောတယ်။ ဒါပေမဲ့ စက်မှု
လုပ်ငန်းရှင်တွေဘက်ကတော့ နောက်ဆုံးဈေး ၁၅၀ ပဲပေးနိုင်မှာဖြစ်တဲ့အတွက် သူတို့ကတော့
မလုပ်နိုင်ကြဘူး" ဟု ၎င်းက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် ပေါင်း ၃၁ခုသည် တစ်ရက်လျှင် လျှပ်စစ် ဓာတ်အား
မဂ္ဂါ၀ပ်၂၅၀ လိုအပ်ချက်ရှိပြီး လှိုင်သာယာစက်မှုဇုန်တစ်ခုတည်းတွင် မဂ္ဂါ၀ပ် ၈၀ လိုကြောင်း
ဦးမြတ်သင်းအောင်က ပြောသည်။
"ခါတိုင်းနှစ်ဆိုရင် ဖေဖော်ဝါရီဆို မီးက စပျက်နေပြီ။ ဒီနှစ်တော့ အခုချိန်အထိ မီးက ပုံမှန်ရနေတုန်း
ဆိုတော့ မနှစ်ကထက်တော့ သာတယ်လို့ ဆိုနိုင်ပါတယ်။ ပုဂ္ဂလိက ကုမ္ပဏီ တွေဆီကလည်း
မရနိုင်သေးတော့ ဒီနွေမှာ လည်း လျှပ်စစ်ပြတ်တောက်မှုကတော့ ဖြစ်ဦး မယ့် အနေအထားရှိ
နေတယ်" ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ရေး ကော်မတီမှ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ
စက်မှုဇုန်များထံမှ ကောက်ခံသည့်လျှပ်စစ်သုံးစွဲခနှုန်းထားမှာ တစ်ယူနစ်လျှင် ရ၅ ကျပ်ဖြစ်သော်
လည်း ထရန်စဖော်မာ တပ်ဆင်ခကဲ့သို့သော အခြားသောစရိတ်များ ကိုထည့်သွင်းတွက်ချက်ပါ
က ကျပ် ၉၀ အထိကျသင့်နေကြောင်း လုပ်ငန်းရှင်များကပြောသော်လည်း မတ်လ ၁၉ ရက်နေ့
က ပြည်ထောင်စု လွှတ်တော်၏ မဲစနစ်ဖြင့်ဆုံးဖြတ်မှုအရ လျှပ်စစ် မီတာ သုံးစွဲခများကို ဧပြီလ
၁ ရက်နေ့မှ စတင် ခါ နှုန်းထားအသစ်များဖြင့် ပြောင်းလဲ ကောက်ခံတော့မည် ဖြစ်သည်။
"ဒီဇယ်သုံးပြီး ကိုယ့်ဘာသာကိုယ် မီးစက်နဲ့ လည်ရင် တစ်ယူနစ်ကို ၃၀၀ လောက်ကျတော့
မီးပျက်တဲ့အခါ ဒီဇယ်နဲ့လုပ်ငန်းလည်ပတ်ဖို့ကို ရေရှည်မလုပ်နိုင်ကြဘူး။ နောက်ပြီး တော်ရုံ
လုပ်ငန်းရှင်ကလည်း ကိုယ့်ဘာသာကိုယ် ွနညနမအေသမ နဲ့ မလည်နိုင်ဘူး။ လုပ်ငန်းရှင်တွေ
က မီးပြတ်လို့စက်မလည်နိုင်ရင်လည်း အလုပ် သမားတွေကိုက ဖြုတ်လို့ရတာမှမဟုတ်တာ။
ဒီလိုပဲ လစာပေးထားရတာပဲ။ ဒီလိုလျှပ်စစ်မီး ပြတ်တောက်တာတွေကြောင့် စက်မှုလုပ်ငန်း
တွေရဲ့ ကုန်ထုတ်လုပ်မှုတွေကို ကျဆင်းစေတာ ပေါ့" ဟု ဦးမြတ်သင်းအောင် ကပြောသည်။
ထိုကဲ့သို့ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ကြောင့် လုပ်ငန်းလည်ပတ်ရေး အခက်ကြံုနေ သည့်
စက်မှုလုပ်ငန်းများအနက် အထူးသဖြင့် လျှပ်စစ်ဓာတ်အား ၂၄ နာရီလိုအပ်သည့် ရေ ထွက်ကုန်
လုပ်ငန်းများမှာ ရပ်တည်ရန် လွန်စွာခက်ခဲကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ ချုပ် ဒုတိယ
ဥက္ကဋ္ဌ ဦးနှင်းဦးက ပြောသည်။
"အခု အီးယူဈေးကွက်က ပွင့်လာပြီဆိုပေမယ့် ဈေးကွက်ထဲမှာ တခြားနိုင်ငံတွေနဲ့ယှဉ်ပြိုင်ရောင်း
ချနိုင်ဖို့က မြန်မာနိုင်ငံရဲ့ရေထွက်ကုန်တွေအနေနဲ့ အရည် အသွေးမြင့်မားဖို့ လိုတယ်။ ဒီလိုအရည်
အသွေးမြင့် ထုတ်ကုန်တွေ ထုတ်လုပ်နိုင်ဖို့ စက်ရုံတွေကို အဆင့်မြှင့်ဖို့အတွက် လျှပ်စစ်မီးလုံလုံ
လောက်လောက်ရဖို့ လိုတယ်။ မဟုတ်ရင်တော့ အီးယူဈေးကွက် ဖွင့်ပေးလို့ ရလာတဲ့ အခွင့်အရေး
ကို ကိုယ့်ဘက်က မယူ နိုင်ပဲဖြစ်နေမှာပေါ့" ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့်၂၀၁၃ ခုနှစ်နွေရာသီတွင် လျှပ်စစ်မီး ပြတ်တောက်ခဲ့စဉ်က ရေထွက်ကုန်ထုတ် အအေး
ခန်းစက်ရုံများမှာ တစ်ရက်လျှင် ပျမ်းမျှ ကျပ်သိန်း ၂၀ ခန့်ဆုံးရှုံးခဲ့ရကြောင်း ဦးနှင်းဦး ကပြော
သည်။
အီးယူအသိအမှတ်ပြု ရေထွက်ထုတ်ကုန် စက်ရုံ ၁၄ ရုံအနက် တစ်ရုံဖြစ်သည့် လှိုင်သာယာ
စက်မှုဇုန်ရှိ ရွှေယမုံစက်ရုံပိုင်ရှင် ဦးထွန်းအေးက "ရေထွက်ကုန်ဆိုတာက အအေးဓာတ်မရှိရင်
အားလုံးကပျက်စီးသွား တာမျိုးလေ။ လာမယ့်နွေရာသီမှာ မီးပြတ်ရင်တော့ ကျွန်တော်တို့လုပ်
ငန်းရှင်က ဘာလုပ်လို့ ရမှာလဲ။ ဒီလိုပဲ ဒီဇယ်နဲ့ လည်နိုင်သလောက် တော့ လည်ရမှာပေါ့။
မလုပ်နိုင်ရင်တော့ ရပ်လိုက်ရမှာပေါ့။ ကျွန်တော်တို့ ရေထွက် ပို့ကုန်စက်ရုံတွေရဲ့အနေအထားက
လုပ်ငန်း တိုးချဲ့ဖို့မပြောနဲ့ လျှပ်စစ်မီးအခက်အခဲရှိနေလို့ လက်ရှိအနေအထားကို ထိန်းထားဖို့
တောင် တော်တော်ရုန်းကန်နေရတဲ့ အနေအထားပါဗျာ"ဟု ပြောသည်။
အလတ်စားလုပ်ငန်းဖြစ်သည့် ရေထွက် ထုတ်ကုန် အအေးခန်း စက်ရုံတစ်ရုံသည် တစ်နာရီလျှင်
လျှပ်စစ်ဓာတ်အား ၃၅၀ မှ ၄၀၀ ယူနစ်အထိ လိုအပ်ချက်ရှိကာ လက်ရှိဈေးနှုန်း အရ တစ်လလျှင်
တစ်ယူနစ် ရ၅ ကျပ်နှုန်းဖြင့် မီတာသုံးစွဲခ ကျပ်သိန်း ၁၀၀ ၀န်းကျင်ကုန်ကျ ကြောင်း ရေထွက်ကုန်
ထုတ်လုပ်ငန်းရှင်များက ပြော သည်။ "အစိုးရမီးလာတဲ့အချိန်ဆိုရင် လျှပ်စစ်သုံးခ က စက်ရုံလည်
ပတ်ခရဲ့ ၂၀ ရာခိုင်နှုန်းလောက် ရှိတယ်။ ဒီဇယ်နဲ့လည်ရရင်တော့ ၆၀ ရာခိုင်နှုန်း လောက်ဖြစ်သွား
တယ်။
ဒီနှစ်မှာတော့ အခုထိမီးကလာနေတုန်းပဲ။ နောက်ပိုင်းတော့ ဘယ်လိုနေမယ်မသိသေးဘူး။ မီးပျက်
ရင်တော့ လုပ်ငန်း လည်ပတ်ချိန်ကို လျှော့ရမှာပေါ့။ ဒီလိုပဲသွား ရမှာပဲလေ" ဟု ရေထွက်ပို့ကုန်
လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ လင်းဇာနည်အအေးခန်းစက်ရုံပိုင်ရှင် ဦးညိုမင်းကပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စက်မှုဇုန် များသို့ လာမည့်နွေရာသီတွင် လျှပ်စစ်ဓာတ်အား
ပေးဝေနိုင်မည့်အနေအထားအပါအဝင် လျှပ်စစ် ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးရန် မူအားဖြင့်
သဘောတူညီထားသည့် ပြည်တွင်းပုဂ္ဂလိက ကုမ္ပဏီတို့နှင့် စပ်လျဉ်းကာ မြန်မာတိုင်း(မ်) က
ဆက်သွယ်မေးမြန်းမှုအပေါ် ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးကော်မတီ ဥက္ကဋ္ဌ
ဦးအောင်ခိုင်က ပြန်လည်ဖြေကြားခွင့် မရှိ ကြောင်း ပြောသည်။
ဒေါပုံမြို့နယ်ရှိ အဏ္ဏဝါဒေဝီရေထွက် ထုတ်ကုန်အအေးခန်းစက်ရုံပိုင်ရှင် ဒေါ်တိုး နန္ဒာတင်က
"လုပ်ငန်းတိုးချဲ့ဖို့တော့ ရှိတယ်။ ဒါပေမဲ့ နွေရာသီမှာမီးရမယ် မရဘူး ဆိုတာကိုတော့ စောင့်ကြည့်
ရဦးမယ်။ မီးမလာလို့ ဒီဇယ်နဲ့ လည်ရမယ်ဆိုရင်တော့ လုပ်ငန်းမချဲ့နိုင်ဘူးပေါ့" ဟု ပြောသည်။
လှိုင်သာယာစက်မှုဇုန် စတင်တည်ထောင် သည်မှ ယခု ၁၈ နှစ်တိုင်သည်အထိ လူနေအိမ်ခြေများ
၏ လျှပ်စစ်မီးသုံးစွဲမှုအများဆုံးဖြစ် သည့် ညနေ ၅ နာရီမှ ၁၁ နာရီအထိအချိန်အတွင်း လျှပ်စစ်မီး
ရရှိမှု လုံးဝမရှိသေးကြောင်း ဦးမြတ်သင်းအောင်က ပြောသည်။
"လုပ်ငန်းရှင်တွေက အစိုးရဆီကနေ ဃြွ ကို ဆလင်ဒါနဲ့ပဲဖြစ်ဖြစ် ရောင်းပေးဖို့တောင်းကြည့်သေး
တယ်။ အဲဒါကိုလည်း မပေးနိုင်ကြ ဘူး။ ဃြွ ကို ဆလင်ဒါနဲ့ရရင်တောင် မီးစက်နဲ့ လည်လို့ရသေး
တယ်"ဟု ၎င်းကပြောသည်။
ရန်ကုန်မြို့ရှိ စက်မှုဇုန်များသို့ လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရောင်းချရန် အကြိုသဘောတူညီထား
သည့် ပြည်တွင်းကုမ္ပဏီများသည် စီးပွားရေးလုပ်ငန်းနယ်ပယ်တွင် ကြားဖူးခြင်းမရှိသေးသည့်
ကုမ္ပဏီအသစ်များဖြစ်သည်ဟုလည်း ၎င်းကပြောသည်။
အဆိုပါကုမ္ပဏီများနှင့် အကြိုသဘောတူညီထားသည့် လျှပ်စစ်ဓာတ်အား ၀ယ်ယူမှု အား ယခုနှစ်
တွင်စတင်နိုင်ဖွယ်မရှိသေးသော် လည်း လာမည့် ၂၀၁၅ ခုနှစ်တွင်မူ စတင်နိုင် မည့် အလားအလာ
ရှိကြောင်း ဦးမြတ်သင်း အောင်က ပြောသည်။

















