အမှိုက်သိမ်းလုပ်ငန်းများအား ဘီအိုတီစနစ်ဖြင့် လွှဲပြောင်းပေးမည်

အမှိုက်သိမ်းလုပ်ငန်းများအား ဘီအိုတီစနစ်ဖြင့် လွှဲပြောင်းပေးမည်

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ နယ်နိမိတ်အတွင်း အမှိုက်သိမ်းဆည်းခြင်း ၊
သိမ်းဆည်းပြီးအမှိုက်များကို သယ်ယူပို့ဆောင်ခြင်း စသည့် ကဏ္ဍများကို ၂၀၁၅ခုနှစ် ဧပြီလ
၁ရက်နေ့တွင် ဘီအိုတီစနစ်နှင့် ပုဂ္ဂလိကလုပ်ငန်းအဖြစ်လွဲပြောင်း လုပ်ကိုင် ဆောင်ရွက်သွား
မည်ဖြစ်ကြောင်း ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့်
သန့်ရှင်းရေး ဌာနမှ ဒုတိယဌာနမှူး ဦးခင်ဝင်းက ပြောသည်။

ရန်ကုန်မြို့တော်၏အမှိုက်သိမ်းလုပ်ငန်း အတွက်အသုံးပြုရသည့်ငွေမှာ ပြန်ရငွေထက် သုံးဆကျော်
ပိုမိုများပြားနေပြီး အရှုံးခံပြုလုပ်ပေးနေခြင်းဖြစ်ကြောင်း၊ ၃၃မြို့နယ်အတွင်း အရှေ့အနောက် တောင်
မြောက် ခရိုင်လေးခုခွဲ၍ အမှိုက်စီမံခန့်ခွဲမှု လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပါရှိသော အခန်းကဏ္ဍ
၃ခုဖြစ်သည့်အမှိုက်သိမ်း ဆည်း ခြင်း သိမ်းဆည်းပြီး အမှိုက်သယ်ယူပို့ဆောင်ခြင်း ၊သယ်ယူပို့
ဆောင်သည့် အမှိုက်များ ကိုနောက်ဆုံးစွန့်ပစ် အမှိုက်ပုံ ၌ စွန့်ပစ်ခြင်းတို့၌နောက်ဆုံးကဏ္ဍဖြစ်
သည့် "နောက်ဆုံးစွန့်ပစ်အမှိုက်ပုံလုပ်ငန်း ကိုကော်မတီမှ Waste to engery လုပ်ငန်းအဖြစ်
ပြောင်းလဲဆောင်ရွက်နေပြီဖြစ်ရာစည်ပင်သာယာ ရေးကော်မတီက လက်ရှိ လုပ်ကိုင်နေသော
အရှုံးပေါ်နေသည့် ကဏ္ဍ နှစ်ခုကိုဘီအိုတီ(တည်ဆောက် ၊လည်ပတ်၊လုပ်ကိုင်၊လွှဲပြောင်း)စနစ်နှင့်
ပုဂ္ဂလိကသို့ စတင် လွှဲပြောင်းပေးမည်ဖြစ်ပြီး ကနဦး အနေဖြင့် ဆယ်နှစ်ခွင့်ပြုပေးမည်ဖြစ်ကြောင်း
၎င်းကဆိုသည်။

"လက်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အနေနဲ့ အမှိုက်သိမ်းခကို အမှိုက်တစ်
တန် သန့်ရှင်းရေးဆောင်ရွက်ခ တစ်ကျပ်ရတယ်ဆိုရင် နောက်ဆုံးစွန့်ပစ် အမှိုက်ပုံအထိ အမှိုက်
စွန့်ပစ်ရတဲ့ ကုန်ကျစရိတ်က သုံးကျပ်လောက်ရှိနေတော့ ဌာနအနေနဲ့ အရှုံးခံပြုလုပ်ပေးနေတာ
ဖြစ်ပါတယ်"ဟု၎င်းကပြောသည်။

အမှိုက်သိမ်း ဆည်းခြင်းနှင့် သိမ်းဆည်းအမှိုက်များကိုစွန့်ပစ်ရန်အမှိုက်ပုံသို့ သယ်ယူ ပို့ဆောင်စွှန့်
ပစ်ခြင်းလုပ်ငန်းများကို ပုုဂ္ဂလိက လုပ်ငန်းအဖြစ် လွှဲပြောင်း ဆောင်ရွက်ရန် တင်ဒါများစတင် ခေါ်ယူ
နေပြီး ပြည်တွင်း ၊ပြည်တွင်းနှင့်ပြည်ပပူးပေါင်း ကုမ္မဏီများ၊ ပြည်ပကုမ္မဏီများအနေဖြင့် ၂၀၁၄ခုနှစ်
ဧပြီလ ၃၀ရက်နေ့နောက်ဆုံးထား ၍ ပတ်ဝန်းကျင် ထိန်းသိမ်းရေး နှင့် သန့်ရှင်းရေးဌာန ကိုးထပ်ရုံး
တတိယထပ် ဆိပ်ကမ်းသာလမ်း အပေါ်ဘလောက် ကျောက်တံတား မြို့နယ်သို့ တင်ဒါတင်သွင်း
ရ မည်ဖြစ်သည်။

လုပ်ကိုင်လိုသည့်ကုမ္ပဏီများအနေဖြင့် စည်ပင်သာယာနယ်နိမိတ်တစ်ခုလုံး အား လုပ်ကိုင်
လိုသည်ဖြစ်စေ ခရိုင်တစ်ခုသာလုပ်ကိုင်လိုသည်ဖြစ်စေ လျှောက်ထားနိုင်ကြောင်းသိရသည်။

ပြည်ပကုမ္မဏီများမှတင်ဒါတင်သွင်းလိုပါက မူရင်းအင်္ဂလိပ်ဘာသာနှင့်အတူ မြန်မာဘာသာပြန်
ကိုပါ ထည့်သွင်းလျှောက်ထားရန်လိုအပ်မည်ဖြစ်သည်။နောက်ဆုံးတင်ဒါပိတ်သိမ်းရက် ဧပြီလ
၃၀ရက်ထက်ကျော်လွန် ၍တင်ပြလာသော လျှောက်လွှာများအား လက်ခံစဉ်းစားမှုပြုမည်
မဟုတ်ကြောင်း ကြေငြာထားသည်။

ဧပြီလအတွင်းတင်ပြထားသော ကုမ္မဏီများအား ပတ်ဝန်းကျင်ထိမ်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန
မှ ၂၀၁၄ခုနှစ် မေလပထမပတ်အတွင်း ဖိတ်ခေါ်၍ အပြီးသတ်အဆိုပြုလွှာ တင်ပြနိုင်ရေး အတွက်
အသေးစိတ်အချက်အလက်များကို ရှင်းလင်းပြောကြားရန်စီစဉ်ထားပြီး လိုအပ်သည့်အချက်
အလက်များပေးမည့်အစီစဉ်ပြုလုပ်ပြီး ကုမ္မဏီများအနေဖြင့် ၂၀၁၄ခုနှစ်မေလ ဒုတိယပတ်မှစတင်
ပြီး စက်တင်ဘာလကုန်အထိ (Feasibility Study ) အဖြစ်ဆောင်ရွက်ရမည်ဖြစ်သည်။

ယခုလက်ရှိချိန်ထိမူ တင်ဒါအတွက်လာရောက်လျှောက်ထားမူတစ်စုံတစ်ဦးမှမရှိသေးပေ။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး