ဟိုင်းလပ်ယာဉ်များကို ခရီးသည်တင်ယာဉ်အဖြစ် သုံးစွဲခွင့် မပြုတော့ဘဲ ကန့်သတ်ထားသော
နယ်နိမိတ်အတွင်း ပြေးဆွဲမည်ဆိုပါက ကုန်တင်ဆောင်မှုလိုင်စင်အတွက်သာ ပြောင်းလဲ လျှောက်
ထား ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထုတ်ပြန်မှုအရ သိရသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေး နယ်နိမိတ်အတွင်းရှိမြို့နယ်များတွင်ပြေးဆွဲလျက်ရှိသည့်
ဟိုင်းလပ်ယာဉ်များနေရာတွင် မီနီဘတ်စ် ၄၄ စီးဖြင့် ဧပြီလ ၁ ရက်နေ့မှစတင်ပြေးဆွဲသွား မည်ဖြစ်
ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးအရအဖွဲ့က မတ်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့ သည်။
စည်ပင်သာယာရေးနယ်နိမိတ်များအတွင်း ပြေးဆွဲပေးလျက်ရှိသည့် ဟိုင်းလတ်ယာဉ်များနေရာတွင်
ပြည်ပမှတင်သွင်းလာသည့် မီနီဘတ်ယာဉ်များဖြင့် အစားထိုးစီမံ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး
လက်ရှိတွင် ခရီးသည်တင် ဟိုင်းလတ်ယာဉ်များကို မြို့ပြအင်္ဂါရပ်နှင့်ကိုက်ညီမှုမရှိခြင်း၊ ခရီးသည်
များအတွက် လုံခြံုစိတ်ချမှုမရရှိခြင်းများ စသည့်အချက်များကြောင့် မတ်လ ၃၁ ရက်နေ့ နောက်
ဆုံးထားပြီး ရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ထုတ်ပြန်မှု အရ
သိရသည်။
ရန်ကုန်တိုင်းဒေသကြီး အတွင်းခရီးသည် တင်ယာဉ်အဖြစ်ပြေးဆွဲနေသည့် ဟိုင်းလတ်ယာဉ်လိုင်း
ပေါင်း၄၆ လိုင်းရှိပြီး ယာဉ်အစီးရေ ၈၀၄ စီးရှိကြောင်း မထသဗဟို၏ထုတ်ပြန်ချက်များအရ သိရ
သည်။
















