မြန်မာနှင့် ထိုင်းနှစ်နိုင်ငံ နယ်စပ်ပုံမှန်ကုန်သွယ် ရေးလမ်းကြောင်းတွင် ကုန်တင်ကွန်တိန်နာ
ယာဉ်များ တိုက်ရိုက်ဖြတ်သန်းခွင့်ကို ဧပြီလ ကုန်ပိုင်းမှစတင်၍ စမ်းသပ်အကောင်အထည်
ဖော်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ နိုင်ငံတကာကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင်များအသင်း
ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က မြန်မာတိုင်း(မ်) ကို ပြောသည်။
လက်ရှိအချိန်တွင် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်မှု၌ ကုန်တင်ကွန်တိန်နာယာဉ်များ နယ်စပ်ဖြတ်
ကျော်ရာတွင် ဖွင့်ဖောက်စစ်ဆေး ပြီးမှသာ အခြားကွန်တိန်နာတစ်လုံးထဲသို့ လဲလှယ်ထည့်သွင်း
ကာ သယ်ယူသည့်စနစ် ကို ကျင့်သုံးနေခြင်း ဖြစ်သည်။ အဆိုပါလုပ်ငန်း အကောင်အထည်ဖော်
နိုင် ရန် မြန်မာနိုင်ငံဘက်က ပြည်ထောင်စုမြန်မာ နိုင်ငံ ကုန်သည်နျင့် စက်မှုလက်မှုလုပ်ငန်းရှင်
များအသင်းချုပ် လက်အောက်ရှိ ကုန်စည် ပို့ဆောင်ရေးကော်မတီ၊ ဲမန်မာနိုင်ငံ နိုင်ငံတကာ
ကုန်စည် ပို့ဆောင်ရေးလုပ်ငန်းရှင်းများအသင်း၊ ွှကောက်ခွန် ရှင်းလင်းရေးအကျိုးဆောင်
အသင်းနှင့် အခြားကုန်စည်ပို့ဆောင်ရေးအသင်း အပါအဝင် အသင်းငါးသင်းနျင့် ထိုင်းနိုင်ငံဘက်
က ထိုင်းနိုင်ငံကုန်သည်အသင်းချုပ်နှင့် ထိုင်း နိုင်ငံ နိုင်ငံတကာ ကုန်စည်ပို့ဆောင်ရေးအသင်း
တို့အပါအဝင် အခြားသောပုဂ္ဂလိကအသင်း အဖွဲ့များ ညှိနှိုင်းလျက်ရှိကြောင်း ၎င်းက ပြောသည်။
"ဧပြီလအကုန်ပိုင်းမှာ မြဝတီနယ်စပ်ကနေ ကွန်တိန်နာတစ်စီးကို မြန်မာဘက်ကနေ စပြီး ဖြတ်
ကြည့်မယ်။ ဘာအခက်အခဲတွေရှိမလဲ ဆိုတာ သိရအောင်ပေါ့။ ထိုင်းဘက်က အသင်း တွေ
ကလည်း ဒီကိစ္စအောင်မြင်ဖို့ အတော်လေး စိတ်အားထက်သန်နေကြတယ်။
အစိုးရဌာန တွေကို အကြောင်းကြားမထားဘဲ နျစ်နိုင်ငံတွင်း က ပုဂ္ဂလိကဏ္ဍချင်း ဆောင်ရွက်ကြ
မှာပါ။ ကျွန်တော်တို့ အခက်အခဲကို အရင်ရှာဦးမယ်။ ပြီးမှ အစိုးရအဖွဲ့တွေနဲ့ ဆွေးနွေးမယ်"ဟု
ဦးခင်အောင်မြင့်က ပြောသည်။
လက်ရှိအချိန်တွင် နှစ်နိုင်ငံကုန်သွယ်မှု၌ ကွန်တိန်နာများသည် နယ်စပ်သို့ ရောက်ချိန် တွင် ဖွင့်
ဖောက်စစ်ဆေးမှုပြီးမှ တင်သွင်း မည့် နိုင်ငံဘက်က ကွန်တာနာယာဉ်ပေါ်သို့ ကုန်စည်များကို
ပြောင်းလဲထည့်သွင်းရသဖြင့် အချိန်နှောင့်နှေးခြင်းနျင့် စရိတ်အကုန်အကျများခြင်းစသည့်
အခက်အခဲများကို နျစ်နိုင်ငံ ကုန်သည်များ ရင်ဆိုင်နေရကြောင်း ၎င်းက ပြောသည်။
"နောက်ပိုင်းမှာလည်း အထူးစီးပွားရေးဇုန်တွေပေါ်မှာလေ။ အထူးစီးပွားရေးဇုန်တွေက ကုန်တွေ
ဆိုရင်လည်း ကွန်တိန်နာအလုံးလိုက် သယ်ချင်တယ်။ အစိုးရနဲ့ပုဂ္ဂလိကကြားကယုံကြည်မှုကို
အကောင်းဆုံးဖြစ်အောင် ပြန်တည် ဆောက်ရမှာပေါ့။ ယုံကြည်မှုတွေကပျက်ခဲ့တာ ကိုး။ အစိုးရ
ကလည်း ကုန်သည်တွေဘက်က မဟုတ်တာတွေ လုပ်မယ်လို့ချည်းပဲ တစ်ထစ်ချ ယူဆနေတယ်။
ဒါကို ဘယ်လိုယုံကြည်အောင်လုပ်မလဲဆိုတာကိုလည်း စဉ်းစားနေပါတယ်"ဟု ဦးခင်အောင်မြင့်
ကပြောသည်။
ထိုသို့ မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး ကုန်သွယ်ဖက်နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံနှင့်ကုန်သွယ်ရာ
တွင် တိုက်ရိုက်ဖြတ်ကျော်သည့်စနစ်ကိုကျင့်သုံးနိုင်ပါက နျစ်နိုင်ငံကုန်သွယ်ရေး သာမကဘဲ
အခြားသောနိုင်ငံများနှင့်ပါ နယ်စပ် ဖြတ်ကျော်ကုန်သွယ်ရေး (Transit Trade)ဆောင်ရွက်ရန်
လမ်းစပေါ်ထွက်လာနိုင်ကြောင်း မြန်မာနိုင်ငံငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးနှင်းဦးကပြော
သည်။
"ဒီကိစ္စက ထိုင်းနဲ့ မြန်မာရဲ့ ကုန်သွယ်မှုကို အရှိန်မြင့်တက်စေမယ်။ ဒါ့ပြင် အရင်တုန်းက ခွင့်ပြု
ခဲ့ဖူးတဲ့ Transit Trade ကိုပါ ပြန်ပြီးလမ်းစပေါ်လာစေနိုင်တယ်။ ဒါဆိုရင် တခြားနိုင်ငံ တွေနဲ့ပါ
ကုန်သွယ်မှု တိုးတက်လာမှာပေါ့။ ဒီကိစ္စမျိုးက ဖြစ်သင့်နေတာကြာပါပြီ"ဟု ၎င်းက ပြောသည်။
နိုင်ငံခြားကုန်သွယ်ရေးနှင့် စပ်လျဉ်း၍ ပို့ကုန် သွင်းကုန်လိုင်စင်များ ခွင့်ပြုပြီးပါက သက်ဆိုင်ရာ
ကုန်သည်များ၏ သင့်တော်ရာနည်းလမ်းဖြင့် ကုန်စည်ပို့ ဆောင်သယ်ယူခြင်း ကို တားဆီးကန့်
သတ်ရန်မရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပို့ကုန်ညွှန်ကြားမှုဦးစီးဌာန
ညွှန်ကြားရေးမှူး ဦးသန်းအောင်ကျော်က မြန်မာတိုင်း(မ်)ကို ပြောသည်။
"ကျွန်တော်တို့ထဌာနကတော့ လိုင်စင်ခွင့်ပြုဖို့ စိစစ်ပြီးရင် ဘာနဲ့သယ်ယူပို့ဆောင်ရမယ်ဆိုတာ
မျိုး ကန့်သတ်ချက်မရှိပါဘူး။ အခုကိစ္စနဲ့ပတ်သတ်ပြီးတော့ ထိုင်းဘက်က တာဝန်ရှိသူတွေက
သဘောတူလက်ခံရင်တော့ လုပ်ကြပေါ့။ ကျွန်တော်တို့ဘက်ကတော့ ဘာမှကန့်သတ်မှာ
မဟုတ်ပါဘူး"ဟု ၎င်းကပြောသည်။
ထိုကဲ့သို့ ကုန်စည်သယ်ဆောင်လာသည့်ကွန်တိန်နာများကို ဖွင့်ဖောက်စစ်ဆေးခြင်း၊ အခြားကွန်တိန်နာတလုံးထဲသို့ ပြောင်းလဲထည့် ခြင်းများ ဆောင်ရွက်နေရာမှ တိုက်ရိုက်ဖြတ်
သန်းသည့်စနစ် ကျင့်သုံးရန် အာဆီယံဒေသ တွင်းရှိ အခြားနိုင်ငံများနျင့် ညှိနှိုင်းဆွေးနွေး ခဲ့ပြီး
ဖြစ်ကြောင်း အကောက်ခွန်ဦးစီးဌာန အရာရှိတစ်ဦးကပြောသည်။
"ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ထာနမှာတော့ ညွှန်ကြားချက်တစ်စုံတစ်ရာ မရရှိသေးပါ
ဘူး။ ဒါက အာဆီယံစီးပွားရေးအသိုက်အဝန်း ဖော်ဆောင်တဲ့အခါ မဖြစ်မနေလုပ်ရမယ့်အရာ
တစ်ခုဆိုတာလည်း ဌာနကနားလည်ပြီးသားပါ။ ဒီ့အတွက်လည်း ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်
နေပါတယ်။ လောလောဆယ်မှာတော့ နယ်စပ် ကိုဖြတ်တဲ့အခါ ကွန်တိန်နာကိုဖွင့်မစစ်ဘဲနဲ့
အထဲမှာပါတဲ့ကုန်ပစ္စည်းက ဘယ်လိုပစ္စည်းလဲ၊ ဠိုင်စင်မှာခွင့်ပြုထားတာနဲ့ညီမညီဆိုတာတွေ
ကိုပါ ဘယ်သူကတာဝန်ယူမှာလဲ၊ ယြ်လိုစစ်နိုင်မှာလဲ"ဟု အဆိုပါအရာရှိကပြောသည်။
ထိုကိစ္စကို အကောင်အထည်ဖော်နိုင်ရေး အတွက် ညှိနှိုင်းဆွေးနွေးရန် အကြောင်းအရာ
များစွာရှိနေကြောင်း ၎င်းကပြောသည်။

















