တရားမဝင်ကုန်သွယ်မှုများကို ထိရောက်စွာတားဆီးရန် လိုအပ်နေ

တရားမဝင်ကုန်သွယ်မှုများကို ထိရောက်စွာတားဆီးရန် လိုအပ်နေ

မန်မာနိုင်ငံ၏ ကုန်သွယ်ရေးကဏ္ဍတွင် တရား မဝင် ကုန်သွယ်မှုနှင့် တရားဝင်လမ်းကြောင်းမှ
ပြုလုပ်လျက်ရှိသော ကုန်သွယ်မှုပမာဏတန်ဖိုး တို့မှာ ကွာဟလျက်ရှိပြီး တိုင်းပြည်၏ အခွန်
ဘဏ္ဍာရရှိမှု နည်းပါးလျက်ရှိကာ အတားအဆီးမရှိ၀င်ရောက်လာသော ကုန်စည်များကိုလည်း
စားသုံးသူ ကာကွယ်မှုအခွင့်အလမ်း နည်းပါး လျက်ရှိသည်။

အခွန်နှုန်းထားပေါ်မူတည်၍ ကျောက်စိမ်းနှင့် ကျွန်းသစ်စသော ပို့ကုန်များနှင့် လက်ကိုင် ဖုန်း
စသော အီလက်ထရွန်းနစ်သွင်းကုန်ပစ္စည်း များ ကုန်သွယ်မှုပမာဏတွင် မြန်မာနိုင်ငံမှ ကိန်း
ဂဏန်းများမှာ တစ်ဖက်နိုင်ငံများနှင့်နှိုင်းယှဉ် ပါက အဆများစွာကွာဟမှုရှိနေကြောင်း ကုန်
သည်အသိုင်းအဝိုင်းက ပြောသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကိုကြီး က ၂၀၁၂ ၁၃ ဘဏ္ဍာနှစ် ကုန်စာရင်းများနှင့်
ကုန်သွယ်ဖက်နိုင်ငံများမှ ရရှိသောစာရင်းအပေါ်မူတည်ကာ စီးပွားရေးနျင့် ကူးသန်း ရောင်းဝယ်
ရေးဝန်ကြီးဌာန၏ တွက်ချက်ထားမှုနှင့် လွှတ်တော်တွင်းဆွေးနွေးမှုများအရ တရား မဝင်
ကုန်သွယ်မှုမှ အချို့သောကုန်ပစ္စည်းများ ၏ ကုန်သွယ်မှု ပမာဏမှာ ၁၅ ဆမှ အဆ ၂၀ အထိ
ကွာဟမှုရှိကြောင်း ပြောသည်။

"မှောင်ခိုသွားနေတဲ့ပမာဏကို လွှတ်တော်ဘက်က ခန့်မှန်းမရဘူး။ တခြားနိုင်ငံတွေမှာ တရားဝင်
ပမာဏထက် နှစ်ဆ သုံးဆရှိနေတာ မျိုး တွေ့ရတယ်။ လွှတ်တော်ကတင်ပြတဲ့အတွက် စီးပွားကူး
သန်းက ၀င်ပေါက် ထွက်ပေါက်ကို အာရုံစိုက်ပြီးစစ်ဆေးလိုက်တဲ့အခါမှာ အံ့ဩစရာကောင်း
လောက်အောင် တရားဝင် ကုန်သွယ်မှု ပမာဏထက် အတော်များနေတာ တွေ့ရ တယ်။
ဒီအပေါ်မှာ အခွန်အကောက်မရလို့ တိုင်းပြည်အတွက်လည်း ကြီးမားတဲ့ဆုံးရှုံးမှုတွေရှိနေတယ်"
ဟု ၎င်းကပြောသည်။

အဓိက နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်း နှစ်ခုဖြစ်သော မူဆယ် နျင့် မြဝတီလမ်းကြောင်း
တစ်လျှောက်တွင် တရားမဝင်ကုန်စည်များ အတွက် ကုန်သည်များနှင့်ညှိနှိုင်းကာ ငွေကြေး
ရယူနေသည့် အဖွဲ့များရှိနေပြီး ၎င်းတို့နှင့် ပူးပေါင်းသော လမ်းကြောင်းမှတစ်ဆင့်သွားပါ က
အခွန်ပေးဆောင်ရန်မလိုဘဲ စစ်ဆေးမှုများ လည်းလျော့နည်းခြင်းတို့ကြောင့် ပုံမှန်ကုန်သွယ်ရေး
လမ်းကြောင်းမှ ကုန်သွယ်မှုတိုးတက်လာခြင်းမရှိတော့ကြောင်း ၎င်းကပြောသည်။

"အဓိကအကြောင်းရင်းက နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းတွေဟာ လုံခြံုမှုမရှိဘူး။ စစ်ဆေးမှု
အားနည်းပြီး ဟာပေါက်တွေ တွေ့နေရတယ်။ ၀န်ထမ်းတွေကလည်း နယ်စပ်မှာတာဝန်ကျရင်ကို
သိန်းထီပေါက်သလိုဖြစ်နေတယ်"ဟု ၎င်းကပြောသည်။


 

၂၀၁၂ နှောင်းပိုင်းမှစတင်ခါ တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေးဗဟိုမှ ဖွဲ့စည်း
ထားသော ဩဘငူန ွှနော စစ်ဆေးရေးအဖွဲ့၏ လှုပ်ရှားမှုများဖြင့် မသမာသောလမ်းကြောင်း
များမှ ကုန်သွယ်မှုများကို ဖမ်းဆီးပေးနိုင်သော် လည်း အလုံးစုံမတားဆီးနိုင်သေးကြောင်းနှင့်
ထိုသို့ပြုလုပ်ခြင်းကြောင့် ၂၀၁၃-၁၄ ဘဏ္ဍာနှစ် ကုန်တွင် တရားမဝင်ကုန်သွယ်မှု လျော့ကျနိုင်
ရန်မျှော်လင့်ရကြောင်း ၎င်းကပြောသည်။ "ဒီကိစ္စကို နိုင်ငံတော်က စဉ်ဆက်မပြတ် ဂရုစိုက်နေ
ဖို့လိုတယ်။ ပေါ့ပေါ့ဆဆလုပ်ရင် လုပ်ငန်းက ပြန်ကြီးထွားသွားနိုင်တယ်"ဟု ၎င်းကပြောသည်။

မူဆယ်လမ်းကြောင်းတွင် တာဝန်ထမ်းဆောင် နေသော စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး
၀န်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက မြဝတီနျင့် မူဆယ်ကုန်သွယ်ရေးဇုန်များရှိ တာဝန်ကျ ၀န်ထမ်း
အချို့အကြား ညှိနှိုင်းမှုများရှိနေကြောင်း ၎င်းကပြောသည်။ "သိန်း ၃၀ အကောက်ခွန်ကြေးဆောင်
ရမယ့် ဟာကို ညှိနှိုင်းပြီး ငါးသိန်းပဲဆောင်တယ်။

အဲဒီ အစား တာဝန်ကျဝန်ထမ်းတွေကို နှစ်သိန်း ပေးပြီး ကားကထွက်လာတယ်။ ၀န်ထမ်းတွေ
ကလည်း မမှန်မကန်လုပ်ပြီး အပေးအကမ်းရက်ရောတဲ့သူကိုမှ အမြင်ကြည်လင်ပြီး အစစ် အဆေး
မရှိ လုပ်ပေးနေတယ်လို့ ကြားနေရ တယ်။ လာဘ်စားမှုတွေ ပပျောက်ဖို့တော့ လိုအပ်နေဦးမှာပဲ"
ဟု ၎င်းကပြောသည်။

တရားမဝင်ကုန်သွယ်မှု မြင့်မားနေခြင်းမှာ ၀န်ထမ်းအင်အားနည်းပါးခြင်း၊ ၀ါဒများ လက်ရှိအခြေ
အနေနှင့် လိုက်လျောညီထွေ ဖြစ်ရန်လိုအပ်ခြင်းအပါအဝင် ကုန်သည်နှင့် ၀န်ထမ်းအကြား အပေး
အယူလုပ်မှုများကြောင့် ဖြစ်ကြောင်း ပြောသည်။ မူဆယ် မန္တလေး လမ်းကြောင်းတစ်လျှောက်မှ
အများဆုံးဖမ်းဆီး ရမိမှုများတွင် ကျောက်စိမ်း၊ ကျွဲ နွားနှင့် ရှားပါး တိရစ္ဆာန်များ၊ သစ်တောထွက်
ပစ္စည်းများ ပါ၀င် ပြီး ဟန်းဆက်အပါအဝင် လျှပ်စစ်နျင့် လူသုံးကုန် ပစ္စည်းများနျင့် ဆိုင်ကယ်များ
လည်း ဖမ်းဆီးရမိ လေ့ရှိကြောင်း ၎င်းကပြောသည်။

"ထိုင်းဗဟိုဌာနနဲ့ မြဝတီကုန်သွယ်မှုကလွဲ ရင် တခြားဘက်ကကုန်သွယ်မှုစာရင်းတွေ ဘာမှမရဘူး။
ထိုင်းဘက်ကရတဲ့စာရင်းတစ်ခု နဲ့တင် ကုန်သွယ်မှုပမာဏက နှစ်စဉ် ဒေါ်လာ ဘီလျံနဲ့ချီပြီး ကွာဟ
နေတယ်။ မြန်မာငွေနဲ့ တွက်မယ်ဆိုရင် ကျပ်ဘီလျံပေါင်း ဘယ်လောက် အထိဆုံးရှုံးနေပြီလဲဆိုတာ
ခန့်မှန်းလို့တောင် မရဘူး"ဟု ၎င်းကပြောသည်။

မြန်မာဘက်မှ ကုန်သွယ်မှုတန်ဖိုးမှာ ကျပ် သန်း ၄၀၀ ကျော်သာစာရင်းရှိပြီး ထိုင်းဘက်မှ
စာရင်းနှင့်ယှဉ်လျှင် ဒေါ်လာ တစ်ဘီလျံ (ကျပ် ၉၆၀ ဘီလျံ) ကွာဟနေကြောင်း ၎င်းက
ပြောသည်။

ထို့ပြင်တရုတ်နိုင်ငံဘက်မှ မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုစာရင်း တရားဝင်ရနိုင်မှုမရှိခြင်းကြောင့်
စုစုပေါင်းကုန်သွယ်မှုကို ခန့်မှန်းရခက်ကြောင်း ၎င်းကပြောသည်။ မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ
များဖြစ်သော ထိုင်း၊ ျွှရုတ်၊ အိန္ဒိယနျင့် ဘဂ်လားဒေ့ရှ်တို့ အကြား ထိစပ်နေသောနယ်စပ်လမ်း
ကြောင်း တစ်လျှောက် တရားဝင်ကုန်သွယ်ရေးဂိတ်ပေါင်း ၁၅ ဂိတ်သာရှိသော်လည်း ခြံစည်းရိုး
ကာမထား သော နယ်နိမိတ်နျင့် ရေယာဉ်ငယ်ဖြင့်ကူးသန်း သွားလာ၍ရသောနေရာများတွင်
မရေမတွက် နိုင်သော ရှောင်ကွင်းလမ်းများရှိကြောင်း ၎င်းက ပြောသည်။

အဆိုပါနယ်စပ်ကုန်သွယ်ရေးစခန်း များမှာ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှသာ စတင် ထားရှိခဲ့ခြင်းဖြစ်
ကြောင်း ၎င်းကပြောသည်။ ပြီးခဲ့သည့် မတ်လအတွင်း တစ်စီးလျှင် ဆိုင်ကယ်အစီးရေ ၁၆၀
တရားမဝင်သယ်ဆောင် လာသော ၁၂ ဘီးကားနှစ်စီးကို ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို ရှောင်၏
ကွင်းလာစဉ် ဖမ်းဆီးရမိခဲ့သည်။

ထိုဆိုင်ကယ်များသယ်ယူခမှာ တစ်စီးလျှင် ကျပ် ၃၂,၀၀၀ ရှိပြီး မန္တလေးနျင့် လားရှိုးတို့ဘက်
သို့ရောက်မှသာ တာဝန်ရှိသူများ ညှိနငိင်းလုပ်ဆောင်ခြင်းများရှိနေကြောင်း ၎င်းကပြောသည်။

"ပစ္စည်းသယ်ပေးတဲ့သူက အမြတ်ရပြီး ၀ယ်တဲ့သူဘက်ကလည်း သက်သာတော့ တရားဝင်
တင်သွင်းတာမျိုးမလုပ်တော့ဘူး။ ဒါကြောင့် ပုံမှန်ကုန်သွယ်ရေးဘက်မှာလည်း အတော်လေး
လျော့လာတယ်လို့ပြောလို့ရတယ်။ တရားဝင်တင်သွင်းတဲ့အခါမှာ စာရွက်စာတမ်း ကိစ္စနဲ့
အခွန်ဆောင်တာတွေလုပ်ဖို့လိုတယ်။ ဒါ့ပြင် အစစ်ဆေးခံရမယ်စသဖြင့် အစစ အရာရာ စနစ်
တကျ ပြရမှာကို ဘယ်သူမှမလုပ် ချင်ကြတော့ဘူး"ဟု ၎င်းကပြောသည်။

နယ်စပ်ကုန်သွယ်မှု၏ ၈၀ ရာခိုင်နှုန်းမှာ မူဆယ်လမ်းကြောင်းမှတစ်ဆင့် သွားခြင်းဖြစ် ရာ ၂၀၁၂
ခုနှစ်၊ နို၀င်ဘာမှ ၂၀၁၄ ခုနှစ်၊ ျွတ်လ ဆန်းအထိ တရားမဝင်ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး
အဖွဲ့၏ ဖမ်းဆီးရမိမှုမှာ စုစုပေါင်း ကျပ် ၁၂ ဘီလျံရှိရာ မူဆယ်လမ်းကြောင်းတစ်ခု တည်းမှ ဖမ်း
ဆီးရမိမှုမှာ ကျပ် ငါးဘီလျံကျော် ရှိနေပြီ ဖြစ်သည်။

ထိုသို့ဖမ်းဆီးရရှိမှုတွင် ပင်လယ်ရေကြောင်းမှ ဖမ်းဆီးမှုစာရင်းများ မပါ၀င်သေးပေ။ ၂၀၁၃-၁၄
ဘဏ္ဍာနှစ်အတွက် ကုန်သွယ်မှုစုစုပေါင်း အမေရိကန်ဒေါ်လာ ၂၅ ဘီလျံ လျာထားရာ မတ်လ
ကုန်ခါနီးအထိ နယ်စပ် ကုန်သွယ်မှု ဒေါ်လာလေးဘီလျံကျော် အပါ အဝင် ဒေါ်လာ ၂၄ ဘီလျံခန့်
ရရှိပြီးဖြစ်သည်။

၂၀၁၂-၁၃ ဘဏ္ဍာနှစ်ကမူ ကုန်သွယ်မှုစုစုပါင်း မှာ ဒေါ်လာ ၁၈ ဘီလျံခန့်သာရှိခဲ့သည်။
"ကုန်သွယ်မှုက မနှစ်ကထက် ဒေါ်လာ ခြောက် ဘီလျံကျော်လောက် တိုးလာတယ်။ ဒါဟာ
မှောင်ခို တားဆီးနိုင်တာအပြင် တခြားအကြောင်း အရာတွေလည်းပါတယ်။ ဖမ်းဆီးမှုတွေဟာ
အတိုင်း အတာတစ်ခုအထိပဲလုပ်လို့ရတယ်။ လက်လှမ်းမမီတဲ့နေရာတွေမှာ ဖြစ်နေဦးမှာပဲ။
ကုန်သည်တွေဘက်က တရားဝင်လမ်းကြောင်း ပေါ်ကိုရောက်လာမှပဲ အမှန်တကယ် ထိရောက်
မှုရှိမယ်"ဟု ၎င်းက ပြောသည်။

ပြည်ထောင်စုမြန်မာနိုင်ငံ ကုန်သည်များနျင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် ဒုတိယ
ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်လေးက မြန်မာနိုင်ငံ၏ စာရင်းများနျင့် ထိုင်းနျင့် တရုတ် ဘက်မှ
ရရှိသော စာရင်းမှာ လေးဆမှ ရှစ်ဆ အထိ ကွာဟမှုရှိနေကြောင်းပြောသည်။

"ဒီအခြေအနေတွေက နိုင်ငံတိုင်းမှာ ရှိစမြဲဖြစ်ပေမယ့် မြန်မာနိုင်ငံမှာ ပိုဆိုးနေတယ်လို့ ပြောလို့
ရတယ်။ နယ်စပ်ဂိတ်တွေဖွင့်လှစ်ဖို့ လူအင်အားကို အခုထက်ပိုပြီး ခန့်ထားဖို့လိုအပ် တယ်။ ဥပမာ
ဟန်းဆက်တင်သွင်းတာဆိုရင် ဒီဘက်ကစာရင်းအရ သောင်းဂဏန်းလောက်ပဲ ပြပေမယ့် တကယ်
တမ်းက သန်းနဲ့ချီပြီးသွင်းနေ ကြတယ်"ဟု ၎င်းကပြောသည်။

"နှစ် ၅၀ လောက် ခေါက်ရိုးကျိုးနေတဲ့အကျင့် ကို လမ်းကြောင်းမှန်ပေါ် ရောက်အောင်လုပ်ဖို့ ခက်
တယ်။ ဒါကိုပဲ အရသာတွေ့နေကြတယ် လေ။ ဖြတ်လမ်းကပဲလုပ်ချင်တယ်ဆိုရင် ချက်ချင်းပြင်
ဖို့ခက်မယ်။ လက်ရှိလုပ်နေတဲ့အစိုးရရဲကမူအရ သန့်ရှင်းတဲ့အစိုးရအုပ်ချုပ်ရေး ဆိုတာ
ဘယ်လောက်အတိုင်းအတာအထိအောင်မြင်မယ်ဆိုတာတော့ ပိတ်ကားပေါ်မှာပဲ စောင့်ကြည့်
ရမှာပဲ"ဟု ၎င်းကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး