ဩစတြေးလျက စားသောက်ကုန်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှု ဇူလိုင်လတွင် စတင်ဖွယ်ရှိ

ဩစတြေးလျက စားသောက်ကုန်ကဏ္ဍ ရင်းနှီးမြှုပ်နှံမှု ဇူလိုင်လတွင် စတင်ဖွယ်ရှိ

ယခုနှစ် ဇူလိုင်လအတွင်း မြန်မာနိုင်ငံတွင် စားသောက်ကုန် ကုန်သွယ်မှုဆိုင်ရာ ရင်းနှီး မြှုပ်နှံမှု
စီမံကိန်းကို စတင်နိုင်ဖွယ်ရှိကြောင်း ဩစတတြေးလျနိုင်ငံ၊ ဗစ်တိုးရီးယားပြည်နယ် အစိုးရအဖွဲ့
သဘာဝပတ်ဝန်းကျင်နှင့် အခြေခံစက်မှုလုပ်ငန်းများဌာန အာဆီယံရေးရာ ဈေးကွက်မန်နေဂျာ
မစ္စတာဘာဒန်လင်ခ့်ကင်း က မြန်မာတိုင်း(မ်)ကို ပြောသည်။

၎င်းတို့အစိုးရအဖွဲ့သည် အာရှနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံများသို့ စားသောက်ကုန် ကုန် သွယ်မှု
ပြုလုပ်ရန် ရေရှည်စီမံကိန်းတစ်ရပ် ချမှတ်ထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံ အပါအဝင် အရှေ့တောင်
အာရှ နိုင်ငံများသို့ လယ်ယာ ထွက်ကုန်ပစ္စည်းများ တင်ပို့နိုင်ရန် ရည်ရွယ် ထားခြင်း ဖြစ်သည်။

"လာမယ့်ဘဏ္ဍာနှစ် (ဩစတြေးလျဘဏ္ဍာနှစ်သည် ဇူလိုင်လမှစတင်ပြီး ဇွန်လတွင် ပြီးဆုံးခြင်း
ဖြစ်သည်) ထဲမှာ မြန်မာနိုင်ငံကို စားသောက်ကုန် ကုန်သွယ်မှုအတွက် ရင်းနှီး မြှုပ်နှံဖို့ စီစဉ်ထား
ပါတယ်။ ဘယ်လိုလုပ်ရမလဲ၊ ဘယ်လိုစတင်ရမလဲ ဆိုတာတော့ ချိန်ဆနေ တုန်းပါပဲ။ မြန်မာနိုင်ငံ
ဟာ ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံဖို့ အရမ်းစိတ်ဝင်စားတဲ့ နေရာ ဖြစ်ပါတယ်"ဟု မစ္စတာဘာဒန်
လင့်ခ်ကင်းက ပြောသည်။

ဗစ်တိုးရီးယားပြည်နယ် အစိုးရသည် ဗစ်တိုး ရီးယားပြည်နယ်ထွက် စားသောက်ကုန်နှင့် အဖျော်
ယမကာများ အာဆီယံအဖွဲ့ဝင်နိုင်ငံများအပါအဝင် အာရှနိုင်ငံများ၏ မီးဖိုချောင် စားပွဲတွင်ရောက်
ရှိရန်ဆိုသည့် စီမံကိန်းကို ချမှတ်ထားခြင်းဖြစ်သည်။ ယင်းအတွက် ၂၀၁၃ ခုနှစ်တွင် စင်ကာပူ၊
မလေးရှား၊ အင်ဒို နီးရှား၊ ထိုင်း၊ ဗီယက်နမ်၊ ဖိလစ်ပိုင်နိုင်ငံများနှင့် ဂျုံ၊ နို့ထွက်ပစ္စည်း၊ အမဲသားနှင့်
အသားများတင်ပို့ကုန်သွယ်မှုကို ပြုလုပ်နိုင်ခဲ့သည်။

"စီးပွားရေးလုပ်ငန်းချင်းဖြစ်ဖြစ်၊ အစိုးရ အချင်းချင်းဖြစ်ဖြစ် ချိတ်ဆက်ကုန်သွယ်မှုလုပ် ဖို့
ကျွန်တော်တို့ဆန္ဒရှိပါတယ်။ နှစ်ဦးနှစ်ဖက် အကျိုးရရှိနိုင်ဖို့ မျှော်လင့်မိပါတယ်။ ဩစတြေးလျနိုင်ငံ
ရဲ့ လယ်ယာထွက်ကုန်ပစ္စည်းတွေအတွက် ဈေးကွက်စီမံကိန်းကို ရည်ရွယ်တာပါ" ဟု ဗစ်တိုးရီး
ယားပြည်နယ်အစိုးရအဖွဲ့ သဘာဝ ပတ်ဝန်းကျင်နှင့် အခြေခံစက်မှုလုပ်ငန်းများ ဌာန စားသောက်
ကုန်နှင့် လယ်ယာထွက်ကုန်ပစ္စည်းများ အာရှသို့တင်ပို့ရေးရာ အမှုဆောင် အရာရှိ မစ္စတာရွန်ဟာ
ရစ်ကပြောသည်။

မြန်မာနိုင်ငံ၏ ကုန်သွယ်မှုဆိုင်ရာဈေးကွက် သည် အသစ်ဖြစ်ခြင်းနှင့် ဈေးကွက်ထိုးဖောက် ရန်
အခွင့်လမ်းသစ်များရှိခြင်းကြောင့် မြန်မာ၏ ကုန်သွယ်မှုဈေးကွက်သို့ ယခုနှစ်အတွင်း ချိတ်ဆက်
ရန် စီမံထားခြင်းဖြစ်ပြီး ပိုမိုခိုင်မာ သော ဖွံ့ဖြိုးမှုနှင့် ရင့်ကျက်သောအခြေအနေ ကို တည်ငြိမ်
အောင် ထိန်းထားနိုင်ရန် မျှော်လင့် ခြင်းကြောင့် အနာဂတ်ကုန်သွယ်မှု စီမံကိန်းကို မြန်မာသို့
ဦးတည်ထားခြင်းဖြစ်ကြောင်း ဩစတြေးလျနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပါလီမန်ရေးရာ
အတွင်းရေးမှူး အထက် လွတ်တော်အမတ် မစ္စတာဘရက်မဆွန်က ပြောသည်။

သို့ရာတွင် မြန်မာနိုင်ငံ၌ ယှဉ်ပြိုင်မှုနှင့် စားသုံးသူကာကွယ်ပေးမှုအပါအဝင် ဉာဏ ပစ္စည်းပိုင်ဆိုင်
မှု ဥပဒေများမရှိသေးခြင်းကြောင့် ယင်းအတွက် ချိုးဖောက်မှုများကို တားဆီးနိုင်ရန် ဈေးကွက်
လက်ဝါးကြီးအုပ်မှုအပါအဝင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခြေခံမူဝါဒများကို မြန်မာနိုင်ငံအစိုးရက
ပြင်ဆင်ချမှတ်ထားသင့်ကြောင်း ဩစတြေးလျနိုင်ငံ ဈေးကွက်ယှဉ်ပြိုင်မှုနှင့် စားသုံးသူရေးရာ
ကော်မရှင်ဥက္ကဋ္ဌ မစ္စတာရုဒ်ဆမ်က ပြောသည်။

"ဥပဒေက လိုအပ်တာမှန်ပါတယ်။ ဒါပေမဲ့ ဥပဒေမပေါ်ပေါက်ခင်မှာ အစိုးရကလည်း ရင်းနှီး မြှုပ်နှံ
လိုသူနဲ့ စီးပွားရေးတိုးချဲ့လိုသူတွေအတွက် တီထွင်မှုဆိုင်ရာ အခွင့်အရေးတွေကို သင့်တင့် တဲ့
နည်းနာတွေနဲ့ ကာကွယ်ပေးသင့်တာ အမှန်ပဲ ဖြစ်ပါတယ်" ဟု ကော်မရှင်၏ အမှုဆောင်
အထွေထွေမန်နေဂျာ မစ္စတာမားကပ်ဘစ်ဇီက မြန်မာတိုင်း(မ်)ကို ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး