ထိုင်း-မြန်မာ ကုန်သွယ်ရေး၌ ကွန်တိန်နာများကိုတိုက်ရိုက်ဖြတ်သန်းသယ်ယူ သည့်စနစ်ကို
ဧပြီလအကုန်ပိုင်း၌ စတင်စမ်းသပ်အကောင်အထည်ဖေါ်မည်ဟု မြန်မာနိုင်ငံနိုင်ငံတကာ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းရှင်းများအသင်းဥက္ကဌဦးခင်အောင်မြင့်က မြန်မာတိုင်း(မ်)ကို
ပြောသည်။
မြန်မာနှင့်ထိုင်းနှစ်နိုင်ငံတို့၏ အပြန်အလှန်ကုန်သွယ်ရေးတွင် ကုန်တင်ကွန်တိန်များနယ်စပ်
ဖြတ်ကျော်သည့်အခါ ဖွင့်ဖေါက်စစ်ဆေးပြီးအခြားကွန်တိန်နာတစ်လုံးသို့လဲလှယ်ထည့်သွင်း
နေရရာမှ တိုက်ရိုက်ဖြတ်သန်းသည့်စနစ်ကို အကောင်အထည်ဖေါ်ရန် မြန်မာနိုင်ငံဘက်မှ
ကုန်သည် စက်မှုအသင်း ချုပ်(UMFCCI)လက်အောက်ရှိ ကုန်စည်ပို့ဆောင်ရေးကော်မတီ၊
မြန်မာနိုင်ငံ နိုင်ငံတကာကုန်စည်ပို့ဆောင် ရေးလုပ်ငန်းရှင်းများအသင်း (MIFFA)၊ အကောက်
ခွန်ရှင်းလင်းရေးအကျိုးဆောင်အသင်းနျင့်အခြားကုန် စည်ပို့ဆောင်ရေးအသင်း စသဖြင့်
အသင်းငါးသင်းနှင့် ထိုင်းနိုင်ငံဘက်မှ ထိုင်းနိုင်ငံကုန်သည်အသင်းချုပ်နှင့် ထိုင်းနိုင်ငံနိုင်ငံတကာ
ကုန်စည်ပို့ဆောင်ရေးအသင်းတို့အပါအဝင် အခြားသော ပုဂ္ဂလိကအသင်းအဖွဲ့များသည် ညှိနှိုင်း
လျက်ရှိကြောင်း ၎င်းကဆိုသည်။
"ဧပြီလအကုန်ပိုင်းမှာ မြဝတီနယ်စပ်ကနေ ကွန်တိန်နာတစ်စီးကို ဒို့ဘက်ကနေစပြီးဖြတ်
မယ်ကြည့်မယ်။ ဘာအ ခက်အခဲတွေရှိမလဲဆိုတာသိရအောင်ပေါ့။ ထိုင်းဘက်ကအသင်းတွေ
ကလဲ ဒီကိစ္စ အောင်မြင်ဖို့တော်တော့်ကို စိတ်အားထက်သန်နေကြတယ်။ အစိုးရဌာနတွေကို
အကြောင်းမကြားထားပဲ နိုင်ငံပုဂ္ဂလိကချင်း(Public to Public Program) အနေနဲ့ ဆောင်ရွက်
ကြမှာပါ။ ကျွန်တော်တို့အခက်အခဲကို အရင်ရှာဦးမယ်။ ပြီးမှအစိုးရအဖွဲ့တွေနဲ့ ဆွေးနွေးမယ်"ဟု
ဦးခင်အောင်မြင့်က ပြောသည်။
လက်ရှိအချိန်တွင်နှစ်နိုင်ငံကုန်သွယ်မ ှု၌ ကွန်တိန်နာများအနေဖြင့်နယ်စပ်သို့ရောက်သောအခါ
ဖွင့်ဖောက်စစ် ဆေးခံရပြီး အခြားနိုင်ငံဘက်မှကွန်တာနာထံသို့ ကုန်စည်များကိုပြောင်းလဲ ထည့်
သွင်း ရသဖြင့် အချိန်နှောင့်နှေး ခြင်း၊ ဏရိတ်အကုန်အကျများခြင်းစသည့် အခက်အခဲများအား
ရင်ဆိုင် နေရသည်ဟု ၎င်းကပြောသည်။
အထက်ပါကဲ့သို့ မြန်မာနိုင်ငံ၏ဒုတိယအကြီးဆုံးကုန်သွယ်ဘက်နိုင်ငံဖြစ်သည့် ထိုင်းနိုင်ငံ နှင့်
ကုန်သွယ်ရာတွင် ကွန်တိန်နာများကို နယ်စပ်တွင်ဖွင့်ဖောက်ကာ အခြားတစ်လုံးထံပြောင်းလဲ
ထည့်သွင်းရသည့် စနစ်အားကျော် လွှားပြီး တိုက်ရိုက်ဖြတ်ကျော်နိုင်ပါက နှစ်နိုင်ငံကုန်သွယ်ရေး
သာမကပဲ အခြားသောနိုင်ငံများနျင့်ပါ Transit Trade (နယ်စပ်ဖြတ်ကျော်ကုန်သွယ်ရေး)
ဆောင်ရွက်ရန် လမ်းစပေါက်ထွက်လာနိုင်သည်ဟု မြန်မာနိုင်ငံငါးလုပ် ငန်းအဖွဲ့ချုပ်
ဒုတိယဥက္ကဌဦးနှင်းဦးက မြန်မာတိုင်း(မ်)ကိုပြောသည်။
နိုင်ငံခြားကုန်သွယ်ရေးနှင့်စပ်လျဉ်းကာ ပို့ကုန်သွင်းကုန်လိုင်စင်များအားခွင့်ပြုပြီးပါက သက်ဆိုင်
ရာကုန်သည် များအနေဖြင့် သင့်တင့်ရာနည်းလမ်းဖြင့်ကုန်စည်ပို့ဆောင်သယ်ယူခြင်းအား
တားဆီးကန့်သတ်ရန်မရှိကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပို့ကုန်ညွှန်ကြားမှုဦးစီးဌာနညွှန်ကြားရေးမှူးဦးသန်းအောင် ကျော်က မြန်မာတိုင်း(မ်)ကို
ပြောသည်။
















