မြန်မာနိုင်ငံတွင် ငွေရေးကြေးရေးနှင့် ဘဏ်လုပ်ငန်းဆိုင်ရာ ပထမဆုံး မဂ္ဂဇင်းဖြစ်သော
Myanmar Banking and Finance မဂ္ဂဇင်းကို ဧပြီလဆန်းတွင် စတင်ထုတ်ဝေမည်ဟု
ထိုမဂ္ဂဇင်းအယ်ဒီတာ ဦးဇင်ဝင်းထွန်းကပြောသည်။
"မြန်မာနိုင်ငံမှာ banking နဲ့ finance အကြောင်းကိုပဲ အထူးပြုဖော်ပြထားတဲ့ မဂ္ဂဇင်းမရှိသေးဘူး။
အဲဒါကြောင့် ကျွန်တော်က ဘဏ္ဍာရေးအကြောင်းကို အထူးပြုဖော်ပြတဲ့ မဂ္ဂဇင်းကို စတင်ထုတ်ဝေ
မှာ ဖြစ်တယ်။ finance နဲ့ banking ကဆက်စပ်နေလို့ ဒီလိုအမည်ပေးခဲ့တာဖြစ်တယ်"ဟု
ဦးဇင်ဝင်းထွန်းက ပြောသည်။
စာအုပ်အနေနှင့် မထုတ်ဝေမီ အွန်လိုင်းတွင် www.ztkfinancial.com အမည်ဖြင့် ဖေဖော်ဝါရီလ
ဆန်းပိုင်းမှ စတင်ထုတ်ဝေခဲ့ပြီး ကြည့်ရှုသူပရိတ်သတ်နှစ်သောင်းကျော် ရှိခဲ့ကြောင်း ၎င်းကပြော
သည်။
"finance နဲ့ banking အကြောင်းကို လူတွေပိုနားလည်မှ ဒီကဏ္ဍက ပိုမြန်မြန်ဖွံ့ဖြိုးတိုးတက်မှာ
ဖြစ်တယ်။ မဂ္ဂဇင်းစာအုပ်ကို မြန်မာဘာသာနဲ့ စတင်ထုတ်ဝေမှာဖြစ်ပြီး နောက်ပိုင်းမှာ နိုင်ငံခြား
သားတွေ မြန်မာနိုင်ငံရဲ့ banking အကြောင်းပိုမိုသိရှိစေဖို့ အင်္ဂလိပ်ဘာသာနဲ့ပါ ထုတ်ဝေသွား
မှာဖြစ်တယ်"ဟု ဖအု ကုမ္ပဏီ၏ ဥက္ကဌလည်းဖြစ်သူ ဦးဇင်ဝင်းထွန်းက ပြောသည်။
မဂ္ဂဇင်းတွင် ဘဏ္ဍာရေးဈေးကွက်၊ ရင်းနှီးမြှပ်နှံမှုဈေးကွက်၊ နိုင်ငံခြားငွေလဲလှယ်နှုန်းများ၊ အထွေ
ထွေစားသောက်ကုန်ဈေးကွက်၊ ကမ္ဘာ့ငွေကြေးဈေးကွက်စသော စီးပွားဆိုင်ရာသတင်းများကို
ဖော်ပြပေးသွားမည်ဖြစ်ပြီး ပညာရပ်ဆိုင်ရာ ပညာရှင်များ၊ကျောင်းသားများသာမက ယေဘုယျ
စာဖတ်ပရိသတ်များအတွက်ပါ ရည်ရွယ်သည်။
ဘဏ္ဍာရေးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်စေဖို့ ပညာရပ်ဆိုင်ရာ ကျောင်းသားများနှင့် ယေဘုယျပရိတ်
သတ်များကို ဆွေးနွေးပွဲများကိုလည်းပြုလုပ်ပေးသွားမည် ဖြစ်ကြောင်း ၎င်းက ပြောသည်။
မဂ္ဂဇင်းကို ရန်ကုန်မြို့နှင့် မန္တလေးမြို့နယ်များတွင် အဓိက ဖြန့်ဝေမည်ဖြစ်ပြီး စာအုပ်တန်ဖိုးမှာ
၂၇၅၀ကျပ် ဖြစ်သည်။
















