ဈေးသက်သာသည့်လယ်ယာသုံးစက်ပစ္စည်းများသာ လူကြိုက်များ

ဈေးသက်သာသည့်လယ်ယာသုံးစက်ပစ္စည်းများသာ လူကြိုက်များ

အရည်အသွေးနှင့် နည်းပညာမြင့် လယ်ယာသုံး စက်ပစ္စည်းများနှင့် လယ်ထွန်စက်ကုမ္ပဏီများက
မြန်မာပြည်ဈေးကွက်အတွင်းသို့ စီးပွားရေးချဲ့ထွင်ရန် အထူးစိတ်ဝင်တစား ၀င်ရောက် လျက်ရှိ
သော်လည်း လက်ရှိဈေးကွက်အတွင်း လွှမ်းမိုးထားသော တရုတ်နိုင်ငံထုတ် တန်ဖိုး နည်း
လယ်ထွန်စက်များကသာ လုပ်ငန်းခွင် အတွက် အသင့်တော်ဆုံး ဖြစ်ကြောင်း လယ်သမားများက
ပြောသည်။

ယခုကဲ့သို့ ကျွဲ၊ နွားနှင့် လယ်ယာလုပ်သား ရှားပါးလာချိန်တွင် လယ်ထွန်စက်များ၏ အခန်း
ကဏ္ဍက ပိုမိုအရေးပါလာသော်လည်း လယ် သမားအများစုမှာ အရည်အသွေးကို ဦးစားပေး
ရွေးချယ်ဝယ်ယူနိုင်ခြင်းမရှိဘဲ တရုတ်နိုင်ငံမှတင်သွင်းသည့် ဈေးနှုန်းသက်သာ အသေးစား
လက်တွန်းလယ်ထွန်စက် အသေးများကိုသာ အလေး ထားဝယ်ယူကြကြောင်း ဧရာဝတီတိုင်း
ဒေသကြီး၊ ဇလွန်မြို့ရှိ ဧက ၅၀ လုပ်ကိုင်လျက်ရှိသော တောင်သူဦးသန်းထွန်းကပြောသည်။

"တရုတ်ပစ္စည်း အရည်အသွေးမကောင်းဘူး။ ခဏခဏ ပျက်တယ်ဆိုတာသိပါတယ်။ ဒါပေမဲ့
လည်း လယ်သမားတွေက ဒီတရုတ် လယ်ထွန် စက်ကိုတောင် မနည်းဝယ်နေရတာ။ တခြား
နိုင်ငံထုတ်စက်တွေ ဘယ်လောက်ကောင်း ကောင်း စိတ်မဝင်စားနိုင်ပါဘူး" ဟု ၎င်းက ပြော
သည်။

စက်မှုလယ်ယာဦးစီးဌာနက အရစ်ကျစနစ် ဖြင့်ရောင်းချလျက်ရှိသော ၁၅ သိန်းတန် လယ်ထွန်
စက်များကို တစ်နှစ်လျှင် ကျပ် ၅၀၀,၀၀၀ နှုန်းဖြင့် သုံးနှစ်ပေးသွင်းကာ မြို့နယ် အတွင်းရှိလယ်
သမားထက်ဝက်ခန့် ၀ယ်ယူပြီး ဖြစ်ကြောင်းနှင့် မြို့နယ်အနီးတစ်ဝိုက်တွင် အိန္ဒိယနိုင်ငံမှ တင်သွင်း
လာသော သိန်း ၂၁၀ တန်ဖိုးရှိ လယ်ထွန်းစက်အသုံးပြုသူ လူနည်းစု လည်းရှိကြောင်း
ဦးသန်းထွန်းကပြောသည်။

"ကျွန်တော်တို့ ဇလွန်တစ်ဝိုက်မှာတော့ အများဆုံးသုံးတာ တရုတ်ကလာတာတွေပဲ။ ဒါတွေနဲ့
ရှိတဲ့ကျွဲတွေနွားတွေကိုမျှပြီး ထွန်ယက် နေကြတာပဲ။ တချို့ကတော့ အိန္ဒိယကဝင်တဲ့ ထွန်စက်
အကြီးတွေဝယ်သုံးတာရှိတယ်။ ဒါက လည်း အနည်းစုပါ။ သူကတော့ မိုးမရွာခင်ထည်း
ကထယ်ထိုးလို့ရတယ်။ မြင်းကောင်ရေအား လည်းပိုများတော့ အလုပ်တွင်ကျယ်ပေမဲ့ ဈေး
ကြီးတော့ မသုံးနိုင်ကြဘူး"ဟု ၎င်းကပြောသည်။

တရုတ်နိုင်ငံကထုတ်သော လယ်ထွန်စက် အသေးများက အသုံးဝင်သော်လည်း မကြာခဏ
စက်ချို့ယွင်းမှုများရှိခြင်း၊ အလွယ်တကူ ပြင်ဆင်၍မရခြင်း၊ မိုးမတိုင်မီ မထွန်ယက်နိုင်ခြင်း
တို့ကြောင့် New Holland မှတင်သွင်းသော စက်များကို နှစ်ရှည် အရစ်ကျစနစ်ဖြင့် တင်သွင်း
နိုင်ရန် နိုင်ငံတော်မှ အကူအညီများပေးစေ လိုကြောင်းလွတ်လပ်သော တောင်သူ လယ် သမား
များသမဂ္ဂမှ ဥက္ကဋ္ဌ ဦးသိန်းအောင်က ပြောသည်။

"တရုတ်စက်အသေးတွေကတော့ အခု ဓနုဖြူ တစ်ဝိုက်မှာရှိတဲ့ လယ်သမား ၁၀၀ မှာ ၅၀
လောက်က ၀ယ်သုံးပြီးနေပြီ။ ခက်တာက ဒီလယ်ထွန်စက်အသေးက တမန်းညှိတာရယ်၊
ထယ်ထိုးတာရယ်၊ ထွန်တာရယ် သုံးမျိုးလုံး သုံးလို့ရပေမယ့် မိုးကျပြီးမှ စသုံးလို့ရတာ။
New Holland က စက်အကြီးတွေဆို မြင်းကောင်ရေအားကလည်း ၉၀ လောက်ရှိတဲ့အပြင်
နွေတည်းကနေစပြီး ထယ်ထိုးမြက်သတ်လို့ရပြီ" ဟု ၎င်းက ပြောသည်။

စက်ချို့ယွင်းမှုများ မကြာခဏဖြစ်သဖြင့် ပြင်ဆင်စရိတ်ကြီးမြင့်သည်အပြင် ၀ပ်ရှော့တွင် သာ
ပြင်ဆင်နိုင်သဖြင့် သယ်ယူပို့ဆောင်စရိတ် လည်း ပိုမိုကုန်ကျကြောင်း ဓနုဖြူမြို့နယ်ဇာတိ
ဦးသိန်းအောင်ကပြောသည်။

"လွန်ခဲ့တဲ့ခြောက်နှစ်လောက်က ဒီလယ် ထွန်စက်အသေးကို စဝယ်ခဲ့တာ အတိုးနဲ့ ၀န်ဆောင်မှု
စရိတ်ပါဆိုရင် ၂၂ သိန်းလောက်ကျ တယ်။ ွသသိ မြသအ့နမျ ကနေ ပထမဝယ်ဝယ်ချင်း ၅၀
ရာခိုင်နှုန်းသွင်းပြီး ကျန်တဲ့တစ်ဝက် ကို ခြောက်လတစ်ကြိမ်နှုန်းနဲ့ နှစ်ကြိမ်သွင်း ရတယ်။ အတိုး
ကတော့ တစ်ကျပ်လောက်ကျ တယ်။ ဒီထွန်စက်လောက် ဘယ်ဟာကမှမသက် သာဘူး။
ပျက်တာကလည်း ခဏခဏပဲ။ တစ်ခါ ပြင်ရင် ၃,၀၀၀ ကနေ ၁၀,၀၀၀ လောက်ကျတယ်။
၀ပ်ရှော့မှာ သွားပြင်ရတော့ ပြင်စရိတ်ထက် လမ်းစရိတ်က ပိုကုန်တယ်"ဟု ၎င်းက ပြော သည်။

ပြီးခဲ့သည့်လ အတွင်းက အီတလီ ကုန်သွယ် ရေး အေဂျင်စီက ကုန်သည်စက်မှုအသင်းချုပ် နှင့်
ပူးပေါင်းကာ အီတလီနိုင်ငံထုတ်လယ်ယာ သုံးစက်ပစ္စည်းများနှင့် နည်းပညာများကို လာရောက်
မိတ်ဆက်ပြီး ၎င်းတို့၏လယ်ထွန်စက်များကို ဒေသတွင်းတွင် ပထမဆုံးအဖြစ် မြန်မာနိုင်ငံသို့
တင်သွင်းနိုင်ရန် ဆွေးနွေးပွဲ တစ်ရပ် ကျင်းပခဲ့သည်။

"မေမှာ မြန်မာ၊ ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံကစီးပွားရေးကိုယ်စားလှယ်တွေကို အီတလီနိုင်ငံကို
ဖိတ်ခေါ်သွားမှာဖြစ်ပြီး ဇူလိုင်လမှာလည်း အီတလီက ပလတ်စတစ်နဲ့ ရာဘာထုတ်စက် ပစ္စည်း
တွေကို ထိုင်းနိုင်ငံမှာလာရောက်ပြသ ဖို့နဲ့ မြန်မာနိုင်ငံကလုပ်ငန်းရှင်တွေ ပါ၀င်နိုင်ဖို့ ဆောင်ရွက်
နေပါတယ်။ အစိုးရက အကူအညီပေးနိုင်ဖို့လည်း မျှော်လင့်ပါတယ်" ဟု အီတလီကုန်သွယ်ရေး
ကော်မရှင်အဖွဲ့ဝင် Mr. Fabio De Cillis ကပြောသည်။

Mr. Fabioက အီတလီထုတ် လယ်ယာသုံး စက်ပစ္စည်းများက တရုတ်နိုင်ငံထုတ်လယ်ထွန်စက်
အသေးများကို ယှဉ်ပြိုင်နိုင်သည့် အရည်အသွေးရှိကြောင်းနှင့် ထိုအရည်အသွေး နှင့် နည်းပညာအားသာချက်တို့ဖြင့် ဈေးကွက်ရရှိအောင် ဆောင်ရွက်သွားနိုင်ကြောင်း ပြောသည်။

"ဘယ်သုူမဆို အရည်အသွေးကောင်းတဲ့ ပစ္စည်းကို သုံးချင်ကြတာပဲ။ ကြာရှည်အသုံးခံ တဲ့
အမျိုးအစားဟာ ရေရှည်အသုံးပြုသူတွေအတွက် အမှန်တကယ် လိုအပ်ပါတယ်" ဟု ၎င်းက
ပြောသည်။

သို့သော် အဆိုပါဆွေးနွေးပွဲသို့ တက်ရောက် လာခဲ့သော လယ်သမားများက စက်ပစ္စည်း
နည်း ပညာအသစ်အဆန်းများကို စိတ်ဝင်စားကြသော်လည်း ဈေးနှုန်း အနေအထား၊ ငွေပေးချေမှု
စနစ်နှင့် ၎င်းတို့လိုချင်သည့် ဧကငယ် လုပ်ကွက်များအတွက် လယ်ထွန်စက်အသေး များ
ရရှိနိုင်ခြင်း ရှိ မရှိကို မသိရှိခဲ့ရပေ။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး