ဘဏ်လုပ်ငန်းဝန်ဆောင်မှု ကောင်းမွန်ရန် လို

ဘဏ်လုပ်ငန်းဝန်ဆောင်မှု ကောင်းမွန်ရန် လို

မြန်မာနိုင်ငံ၏ ဘဏ်လုပ်ငန်းဝန်ဆောင်မှုစနစ် အားနည်းနေခြင်းသည် စီးပွားရေးဝင်ရောက်
လုပ်ကိုင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုများပြုလုပ်လိုသော လုပ်ငန်းရှင်များအတွက် ကြီးမားသော
အခက်အခဲဖြစ်နေကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ မှထိပ်တန်းစီးပွားရေးလုပ်ငန်းရှင်များက ဧပြီလဆန်း
ပိုင်းက ပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ထိပ်တန်းကုမ္ပဏီ ခုနစ်ခုမှ ကိုယ်စားလှယ်အဖွဲ့သည် မြန်မာနိုင်ငံ သို့
စီးပွားရေးလုပ်ငန်းများ ချဲ့ထွင်နိုင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နိုင်ရန်အတွက် ချမှတ် ထားသော
ဥပဒေများ၊ စည်းမျဉ်းစည်းကမ်းများ နှင့် လက်ရှိအခြေအနေတို့ကို ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်း
ရှင်များ၊ စီးပွားရေးအကြံပေး အဖွဲ့များနှင့် တွေ့ဆုံခဲ့သည်။

မြန်မာအစိုးရသည် ငွေကြေးဆိုင်ရာ လွှဲပြောင်းမှုများအတွက် ၀န်ဆောင်မှုများ ပိုမို လုပ်ဆောင်ရန်
အဓိကထားဆောင်ရွက်သင့် ကြောင်းနှင့် ရင်းနှီးမြှုပ်နှံလိုသူများသည် ငွေလွှဲ များ၊ ငွေကြေးလဲလှယ်
မှုများကို လွယ်ကူစွာဆောင်ရွက်နိုင်မှုမရှိသေးခြင်းက ကြီးမားသောအတားအဆီးတစ်ရပ် ဖြစ်နေ
ကြောင်းကို ဒါကာ အခြေစိုက် Orchard Suites ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းမှ ဒါရိုက်တာ
Ridwan Tarshid Haque ကပြောသည်။

"လက်ရှိမှာ မြန်မာနိုင်ငံရဲ့ ဈေးကွက်ဟာ အရှိန်အဟုန်နဲ့တိုးတက်နေလို့ ဒီမှာစီးပွားရေးဝင်ရောက်
လုပ်ကိုင်ဖို့ အရမ်းကိုစိတ်ဝင်စားပါတယ်။ ဘင်္ဂလားဒေ့ရှ်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် မြန်မာနိုင်ငံဟာ
ခရီးသွားလုပ်ငန်းနဲ့ ပတ်သက်လို့ အလားအလာအရမ်းကောင်းတဲ့နိုင်ငံဖြစ်နေတဲ့အတွက် ဒီမှာ
ရင်းနှီးမြုပ်နှံနိုင်ဖို့ ကြိုးစားနေတာပါ။ ဒါပေမဲ့ လက်ရှိ အကြီးမားဆုံးအခက်အခဲကတော့ အတော်
လေးအားနည်းနေဘဲ ငွေကြေးဆိုင်ရာဝန်ဆောင်မှု ဖြစ်ပါတယ်။ အစိုးရကလည်း ရင်းနှီးမြှုပ်နှံမယ့်
သူတွေ အဆင်ပြေချောမွေ့အောင် ဘဏ်ဝန်ဆောင်မှု ကို တိုးမြှင့်ဆောင်ရွက်ဖို့ အဓိကထား
ဆောင် ရွက်သင့်ပါတယ်" ဟု ၎င်းကပြောသည်။

စားသောက်ကုန်၊ ဘိလပ်မြေနှင့် ဆိုးဆေးများ ထုတ်လုပ်သည့် Meghna Group of Industries
မှ SGM and Cement Unit အမှုဆောင် ဒါရိုက်တာ K.A Rahman Rifat က "အကြီးဆုံး အခက်
အခဲကတော့ ငွေကြေးလှဲလှယ်မှုနဲ့ ဘဏ်ခွဲတွေအလုံအလောက်မရှိတာပါ။ ဒီမှာ ဘဏ်နဲ့ပတ်သက်
တဲ့ ၀န်ဆောင်မှုတွေ အများကြီး တိုးတက်ဖို့ လိုနေပါသေးတယ်" ဟု ၎င်းက ပြောသည်။

တစ်နှစ်လျှင် ဘိလပ်မြေတန်ချိန်ပေါင်း ၃၃ သန်းခန့် ထုတ်လုပ်နေသော ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင်
ပြည်တွင်းသုံးစွဲမှု ၁၆ သန်းခန့်သာ ရှိသဖြင့် လက်ရှိတင်ပို့လျက်ရှိသော အိန္ဒိယနှင့် နီပေါနိုင်ငံတို့
အပြင် မြန်မာနိုင်ငံကိုပါတင်ပို့ နိုင်ရန် အထူးစိတ်ဝင်စားကြောင်းနှင့် လက်ရှိမြန်မာ့ဈေးကွက်ကို
လွှမ်းမိုးထားသော တရုတ်နှင့် ထိုင်းနိုင်ငံထုတ် ဘိလပ်မြေများနှင့် ယှဉ်ပြိုင်ကာတင်သွင်းရမည်
ဖြစ်ကြောင်း Mr. Rifat ကပြောသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဈေးကွက်၏ ၄၅ ရာခိုင် နှုန်းကို ပိုင်ဆိုင်ထားကာ နိုင်ငံ၏ အကြီးဆုံး မိုဘိုင်းဖုန်း
အမှတ်တံဆိပ်ဖြစ်သည့် Symphony ကိုထုတ်လုပ်သည့် Edison Group မှ ဒါရိုက်တာ
Rezwanul Haque က ရန်ကုန်မြို့ သို့ ဈေးကွက်ချဲ့ထွင်ရန် ဒေသခံကိုယ်စားလှယ်ရရှိရန်
လာရောက် ညှိနှိုင်းခြင်းဖြစ်ကာ လက်ရှိတွင် စမတ်ဖုန်းအသုံးပြုမှု၊ ၀န်ဆောင်မှုတို့နှင့်ပတ်သက်၍
သုံးစွဲသူအများစုက နည်းပညာနှင့် ရင်းနှီးကျွမ်းဝင်မှုမရှိခြင်း၊ ဖြန့်ချိရေးနှင့် သယ် ယူပို့ဆောင်ရေး
ဆိုင်ရာ လိုအပ်ချက်များရှိနေ ခြင်း စသည့်အခက်အခဲများရှိနေကြောင်း ပြောသည်။

"ကျွန်တော် လေ့လာရသလောက်တော့ မြန်မာနိုင်ငံမှာ လက်ရှိမိုဘိုင်းဖုန်းသုံးစွဲနိုင်တာ က
၁၀ ရာခိုင်နှုန်းပဲရှိပါသေးတယ်။ ကျွန်တော်တို့ရဲ့ Symphony တံဆိပ်ဟာ တစ်လမှာ အလုံး
ပေါင်းတစ်သန်း ရောင်းရပါ တယ်။ ဒီကလူတွေကို ရောင်းချဖို့ဆိုရင်တော့ နည်းပညာမြင့်
ဟန်းဆက်တွေအသုံးပြုနိုင်ဖို့ နဲ့ ပြုပြင်တပ်ဆင်မှုနဲ့ပတ်သက်တဲ့လေ့ကျင်မှု တွေ ပြုလုပ်ပေးဖို့
စတင်ပြင်ဆင်ရမှာဖြစ်ပါ တယ်" ဟု ၎င်းကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး