ဧရာဝတီတိုင်း ငပုတောမြို့နယ် မဲခရဲကျေးရွာရှိ ဆားကြမ်းထုတ်လုပ်ရေး လုပ်ငန်းခွင်
ပြည်တွင်းဆား အရည်အသွေးကျဆင်းလာခြင်းကြောင့် စားသုံးသူများမှာ ပြည်ပကတင်ပို့သော
ဆားများကိုသာ အားထားနေရကြောင်း ဆားလုပ်ငန်းရှင်များကပြောသည်။
ပြည်တွင်းဆားထုတ်လုပ်မှု၏ ရ၀ ရာခိုင်နှုန်းကို ဧရာဝတီတိုင်းဒေသကြီးတွင် ထုတ်လုပ်ခြင်းဖြစ်ပြီး
ကျန်ရာခိုင်နှုန်းကို ရခိုင်နှင့် မွန်ပြည်နယ်တို့တွင် ထုတ်လုပ်လျက်ရှိသည်။ ပြည်တွင်းစားသုံးမှုမှာ
ပျမ်းမျှအားဖြင့် တစ်နှစ်ကို လူတစ်ဦးလျှင် ဆားနှစ်ပိဿာခန့် စားသုံးလေ့ရှိကြောင်း စစ်တမ်းများ
တွင် ဖော်ပြထားသည်။

















