ကားဈေးကွက်အတွင်း ဧပြီလ ၄ ရက်နေ့ကစတင်ခါ '၁က' အက္ခရာကားများ စတင်အပ်နှံ ရန်
ကြေညာလိုက်သော်လည်း လက်ရှိမြင့်တက်ဆဲဖြစ်သော စလစ်ဈေးနှုန်းများ ကျဆင်းနိုင် ဖွယ်
မရှိဘဲ ပိုမိုမြင့်တက်နိုင်ဖွယ်ရှိကြောင်း ကား အရောင်းအဝယ် လုပ်ကိုင်သူများကပြောသည်။
"အခုလို '၁က' တွေအပ်ဖို့ကြေညာလိုက်လို့ ဈေးကွက်ထဲက ကားလောကသားတွေတော့
မြုပ်နေတဲ့ငွေတွေ ပေါ်လာတယ်။ ပြီးခဲ့တဲ့နှစ်လ လောက်တုန်းက လူတွေ အဝယ်များတဲ့
ဒီကားတွေကို ဧပြီလ ၄ ရက်နေ့က စပြီးအအပ်ခံလိုက် တော့ ကားဝယ်ရောင်းတွေ လအတော်ကြာ စောင့်နေရပြီး အေးစက်နေတဲ့ဈေးကွက်ကို ပြန်ပြီးဆွပေးလိုက်သလို
ခံစားလိုက်ရတယ်" ဟု ကားအရောင်းအဝယ်လုပ်ကိုင်သူ ကိုဦးက ပြောသည်။
ဧပြီလ ၁ ရက်နေ့မှစတင်ခါ ကညန တန်ဖိုးများ လျှော့ချပေးလိုက်ခြင်းကြောင့် နှစ်လခန့်
အရောင်း အဝယ်ပါးနေသည့် ကားဈေးကွက်အတွင်း ကား ဈေးများလျော့ကျကာ အရောင်း
အဝယ် ပြန် လိုက်လာခဲ့သည်။ ၎င်းအပြင် '၁က' အက္ခရာ ကားများကိုလည်း ပြန်လည်
အပ်နှံခွင့်ပြုခြင်း ကြောင့် လအတန်ကြာငွေမြုပ်နေသည့် '၁က' အက္ခရာ ကားပိုင်ရှင်များ
ငွေပြန်ပေါ်ခဲ့ကြောင်း ကားဝယ်ရောင်းလုပ်ကိုင်သူများကပြောသည်။
" '၁က' တွေကိုတော့ အအပ်ခံလိုက်ပြီ။ ဒါပေမဲ့ '၂က' အက္ခရာတွေကိုလည်း အောက်တို
ဘာလ ၂၅ ရက်နေ့မှာ ဆက်ပြီးအအပ်ခံမယ်လို့ တစ်ချိန်တည်း ကြေညာလိုက်လို့ အံ့ဩရ
ပါ တယ်"ဟု ကားအရောင်းအဝယ်လုပ်ကိုင်သူ ကိုစိုးစိုးကျော်က ပြောသည်။
စလစ်ရှားပါးနိုင်ခြင်းကြောင့် စလစ်ဈေးနှုန်းမှာ လက်ရှိမြင့်တက်နေသည့်ဈေးနှုန်းအောက်
ကျဆင်းဖွယ်မရှိကြောင်း၊ နောက်ထပ်အပ်နှံရန်ကြေညာထားသည့် သတ်မှတ်သည့် ခြောက်လ
အတွင်း အများမျှော်လင့်နေသည့် ဇုန်ထုတ်ကား များ အပ်နှံရန်ကိုလည်း ကြေညာနိုင်ဖွယ်ရှိကြောင်း
လုပ်ငန်းရှင်များက ခန့်မှန်းသည်။
၎င်းပြင် ကျပ်သိန်း ၁၁၀ ပေါက်ဈေးရှိသည့် ၁၃၀၀ စီစီကားများမှာလည်း ကျပ်သိန်း ၉၀ ၀န်းကျင်
ဈေးသို့ ကျဆင်းခဲ့ပြီး စလစ်အမည် ပေါက်ဈေးမှာ ၉၅ သိန်းဝန်းကျင်ခန့်ဈေးရှိ သည်။
'၁က'အက္ခရာကားများမှာ ကျပ်သိန်း ၁၀၀ ခန့်နှင့် '၂က' အက္ခရာ ကျပ် ၈၅ သိန်းဝန်းကျင်ခန့်ရှိပြီး
သင်္ကြန်ပွဲတော်နီးလာခြင်းကြောင့် အရောင်းပါးလျက်ရှိကြောင်း ဈေးကွက်အတွင်း မှ ၀ယ်ရောင်း
များကပြောသည်။
" '၁က'အက္ခရာကားကို ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်း လောက်တုန်းက ၈၅ သိန်းနဲ့ဝယ်လိုက်တယ်။
အဲဒီအချိန်က 'လ'အက္ခရာအအပ်ခံပြီးခါစပဲ ရှိသေးတယ်။ နံပါတ်အနီ ဖြစ်တာကြောင့် ကိုယ်တိုင်
လည်း ကားဆွဲလိုက်သေးတယ်။ ကိုယ် နိုင်တဲ့ဈေးနဲ့ဝယ်လိုက်လို့ အအပ်ခံမယ်လို့ တောင်
မထင်ပါဘူး။ ကားသစ်တွေပေါလာလို့ ကားဟောင်းတစ်စီးကို ဈေးသက်သက်သာသာနဲ့ရလိုက်
တယ်လို့ထင်တယ်။ 'အ' အက္ခရာ လက် ခံတဲ့အချိန်မှာ ကိုယ့်ကားကို သိန်း ၁၀၀ လာပေး တာ
တောင် မရောင်းဖြစ်ဘူး။ သိန်း ၁၁၀ ဈေးပေါက်တဲ့အချိန်မှာတောင် ကားဟောင်း ကိုရောင်းပြီး
PRO BOX ၁၃၀၀ စီစီကို ၉၈ သိန်းနဲ့ဝယ်လိုက်တယ်။ ၀ယ်ပြီး တစ်လ မကြာဘူး '၁က'အက္ခရာ
ကားတွေကိုအအပ်ခံမယ်လို့ ကြေညာလိုက်လို့ ၀ယ်တုန်းကထက်စာရင် အမြတ်လည်းရ၊
ကားသစ်တစ်စီးလည်း ပိုင်လိုက်တယ်" ဟု မင်္ဂလာတောင်ညွန့်မြို့နယ် မှ ကိုဆွေမြင့်က
ပြောသည်။
















