အာဆီယံနှင့်၊မိတ်ဖက်နိုင်ငံများ စီးပွားရေးမိတ်ဖက်ပြုခြင်း ပိုမို လုပ်ဆောင်နိုင်မည်ဟု ခန့်မှန်း

အာဆီယံနှင့်၊မိတ်ဖက်နိုင်ငံများ စီးပွားရေးမိတ်ဖက်ပြုခြင်း ပိုမို လုပ်ဆောင်နိုင်မည်ဟု ခန့်မှန်း

အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ၎င်းတို့၏မိတ်ဖက် နှင့် ဆွေးနွေးဖက်နိုင်ငံများအကြား ဒေသတွင်း
ကျယ်ပြန့်သည့် စီးပွားရေးမိတ်ဖက်ပြုခြင်း (Regional Comprehensive Economic
Partnership)ကို မြန်မာနိုင်ငံက အလှည့်ကျ အာဆီယံဥက္ကဋ္ဌ တာဝန်ထမ်းဆောင်စဉ်ကာလ
အတွင်း ပိုမိုညှိနှိုင်း ဆောင်ရွက်နိုင်မည်ဟု မျှော်လင့်ကြောင်း ဩစတြေးလျနိုင်ငံ ကုန်သွယ်မှုနှင့်
နိုင်ငံခြားရေးရာဌာန လွတ်လပ်စွာကုန်သွယ်မှုသဘောတူညီချက်ဆိုင်ရာ အထူး ညှိနှိုင်းရေးမှူး
မစ္စတာမစ်ချယ်မဂ်လစ်တန်က မြန်မာတိုင်း(မ်)ကို ပြောသည်။

ဒေသတွင်း ကျယ်ပြန့်သည့်စီးပွားရေး မိတ်ဖက်ပြုခြင်းလုပ်ငန်းစဉ်ကို အာဆီယံအဖွဲ့ဝင်
နိုင်ငံများနှင့် လွတ်လပ်စွာ ကုန်သွယ်ခွင့်သဘောတူညီချက်လက်မှတ် ရေးထိုးထားပြီး ဖြစ်သော
ဂျပန်၊ ကိုရီးယား၊ တရုတ်၊ အိန္ဒိယ၊ နယူး ဇီလန်နှင့် ဩစတြေးလျနိုင်ငံတို့အကြား ဆောင် ရွက်ခြင်း
ဖြစ်သည်။

နိုင်ငံချင်းအလိုက် နှစ်နိုင်ငံ သီးခြားသဘောတူညီချက်များ အပါအဝင် ဒေသတွင်း ဘုံသဘော
တူညီချက်များ ချမှတ် နိုင်ရန် ဆောင်ရွက်လျက်ရှိခြင်းဖြစ်သည်။

"ဒီကိစ္စနဲ့ပတ်သက်လို့ ဒေသတွင်းနိုင်ငံ အားလုံးနဲ့ ကျွန်တော်တို့ ငါးကြိမ်ဆွေးနွေးခဲ့ပြီးပါပြီ။
မြန်မာနိုင်ငံအစိုးရနဲ့ပိုပြီး ပူးပေါင်းလုပ် ဆောင်နိုင်မယ်လို့ မျှော်လင့်ပါတယ်။ စိန်ခေါ်မှုက ဩစတြေး
လျနဲ့ အာဆီယံကြား စီးပွားရေးချိန်ခွင်လျှာမျှခြေပဲ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် အာဆီယံစီးပွားရေး
အသိုက်အဝန်း ပေါ်ထွက်လာပြီးနောက်ပိုင်း ဒါကိုကျွန်တော်တို့ပိုမိုလုပ်ဆောင်နိုင်မယ်လို့ယုံကြည်
ပါတယ်" ဟု မစ္စတာ မစ်ချယ်မဂ်လစ်တန်ကပြောသည်။

၂၀၁၅ ခုနှစ်တွင် အာဆီယံဒေသတွင်း အကောင်အထည်ပေါ်လာမည့် အာဆီယံ လွတ်လပ်စွာ
ကုန်သွယ်ခွင့်၏ အစိတ်အပိုင်းဖြစ် သည့် အာဆီယံဒေသတွင်း ကျယ်ပြန့်သည့် စီးပွားရေး
မိတ်ဖက်ပြုခြင်း လုပ်ငန်းစဉ်ကို ဆောင်ရွက်နေခြင်းဖြစ်ပြီး ယခုထိ တိကျသည့် မူပိုင်းဆိုင်ရာ
သဘောတူညီမှုကို ချမှတ်နိုင်ခြင်း မရှိသေးကြောင်း အာဆီယံရေးရာအဆင့်မြင့် ကျွမ်းကျင်အရာရှိ
ဒေါ်သန်းသန်းလင်းက ပြော သည်။

အာဆီယံနှင့် မိတ်ဖက်နိုင်ငံများအကြား ကုန်သွယ်မှုတွင် တရုတ်နိုင်ငံသည် ပထမ
အများဆုံးနိုင်ငံဖြစ်ပြီး ဩစတြေးလျသည် ကုန်သွယ်မှု ဒုတိယ အများဆုံးနိုင်ငံဖြစ်ကာ
လွန်ခဲ့သည့် ၁၀ နှစ်ကျော်က ၁၄ ဒသမ ၈ ရာခိုင်နှုန်း ကုန်သွယ်နိုင်ခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး