အိန္ဒိယဆေးကုမ္ပဏီ Sun Pharma က Ranbaxy ကို ၀ယ်ယူ

အိန္ဒိယဆေးကုမ္ပဏီ Sun Pharma က Ranbaxy ကို ၀ယ်ယူ

အိန္ဒိယနိုင်ငံ၏ တတိယအကြီးဆုံးဆေးကုမ္ပဏီ ဖြစ်သည့် Sun Pharma သည် ဂျပန်ဆေး
ကုမ္ပဏီ Daiichi Sankyo ပိုင် ဈေးကွက်တွင်း ပြိုင်ဘက်ကုမ္ပဏီ ကြီး Ranbaxy ကို ဒေါ်လာ ၃
ဒသမ ၂ ဘီလျံဖြင့် ၀ယ်ယူမည်ဖြစ်ကြောင်း ဧပြီလ ရ ရက်နေ့ကကြေညာသည်။

Ranbaxy သည် အမေရိကားရှိ ထုတ်ကုန် ဘေးကင်းရေးနှင့်ပတ်သက်သည့် ပြဿနာကြီး
တစ်ရပ်ရှိနေသော်လည်း အမေရိကန်နိုင်ငံအပြင် အိန္ဒိယနိုင်ငံနှင့် အလားအလာကောင်း သည့်
အခြားဖွံ့ဖြိုးစဈေးကွက်များတွင် အခိုင်အမာရပ်တည်နေနိုင်ခြင်းကြောင့် အဆိုပါကုမ္ပဏီ ကို
၀ယ်ယူလိုက်ခြင်းသည် Sun Pharma အတွက် အခွင့်အလမ်းကောင်းများစွာရှိကြောင်း
သတင်းထုတ်ပြန်သည်။

"Sun Pharma နဲ့ Ranbaxy မှာ ကွဲပြား ခြားနားပြီး လိုက်ဖက်ညီတဲ့ သာမန်ထုတ်ကုန် တွေ
ရှိမှာပါ" ဟု ၁၉၈၃ ခုနှစ်တွင် Sun Pharma ကုမ္ပဏီကို တည်ထောင်ခဲ့သူ အုပ်ချုပ်မှု ဒါရိုက်တာ
Dilip Shanghvi ကပြောသည်။

သို့သော် အဆိုပါအရောင်းအဝယ်တွင် ချက်ချင်းလက်ငင်း အကျိုးအမြတ်ရသွားသူမှ
 Sun Pharma ကုမ္ပဏီနှင့် Ranbaxy ပိုင်ရှင်အဖြစ် ငွေကုန်ကြေးကျ များစွာရုန်းကန်နေရသည့်
အနေအထားမှ ရုန်းထွက်လာခဲ့သည့် Daiichi ကုမ္ပဏီဖြစ်ကြောင်း လေ့လာသူများက သုံးသပ်
သည်။

Daiichi Sankyo ကုမ္ပဏီ၏ ရှယ်ယာသည် ဧပြီ ရ ရက်နေ့တွင် ၁ယ၈၁၃ ယန်းအထိ ၃ ဒသမ
၃ ရာခိုင်နှုန်း မြင့်တက်သွားသည်။ ကုမ္ပဏီအမှတ်တံဆိပ်ပါ နာမည်ကြီးဆေးများအချိုးအစား
အတိုင်း ကုမ္ပဏီအမည်မခံဘဲ ထုတ်လုပ်ထားသော ဈေးချိုသည့်ဆေးများ ဈေးကွက်တွင်
Ranbaxy ကုမ္ပဏီ၏ လွှမ်းမိုး ချုပ်ကိုင်ထားနိုင်မှုသည် ဂျပန်ကုမ္ပဏီ၏ဝင်ငွေ ကို မြင့်တက်စေ
လိမ့်မည်ဟုယူဆပြီး Daiichi ကုမ္ပဏီသည် အရောင်းပမာဏအားဖြင့် အိန္ဒိယ နိုင်ငံတွင်
အကြီးဆုံးဖြစ်သည့် နယူးဒေလီအခြေစိုက် Ranbaxy ကုမ္ပဏီကို ၂၀၀၈ ခုနှစ်တွင် ၄ ဒသမ ၆
ဘီလျံဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်သည်။

သို့သော် အမေရိကန် ပို့ကုန်ထိန်းချုပ်ရေး ဌာနက Ranbaxy ၏ ဆေးဝါးအရည်အသွေး နှင့်
ပတ်သက်ပြီး တင်ပို့ခွင့်ကိုပိတ်ပင်ခဲ့ရာ အိန္ဒိယကုမ္ပဏီသည် Daiichi ၏ ၀င်ငွေများကို ပြုန်းတီးစေ
ခဲ့သည်။

Ranbaxy ကို ၀ယ်ယူခဲ့ပြီး တစ်နှစ်အကြာတွင် Daiichi ကုမ္ပဏီသည် ဒေါ်လာ ၃ ဒသမ ၈၄
ဘီလျံ အရှုံးပေါ်ကြောင်း ကြေညာခဲ့သည်။

"အခုနောက်ဆုံးပြုလုပ်လိုက်တဲ့ အရောင်းအဝယ်မှာ အကျိုးအမြတ်အကြီးဆုံးရသွားသူကတော့
Daiichi ကုမ္ပဏီပဲဆိုတာ သံသယ ဖြစ် နေစရာ မရှိပါဘူး" ဟု မွမ်ဘိုင်းသုတေသန ကုမ္ပဏီ
Phillip Capital မှ ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီဆိုင်ရာ ကျွမ်းကျင်သူ Aditya Khemka က
အေအက်ဖ်ပီကိုပြောသည်။


 

ဂျပန်ကုမ္ပဏီသည် ကုမ္ပဏီအသစ်တွင် ရှယ်ယာကိုးရာခိုင်နှုန်း ပိုင်ဆိုင်မည်ဖြစ်ပြီး သဘောတူညီမှု
အရ Sun Pharma ဘုတ်အဖွဲ့ တွင် ဒါရိုက်တာ တစ်နေရာ ၀င်ရောက်အဆိုပြု ခွင့်ရှိသည်။
သဘောတူညီချက်တွင် Ranbaxy ၏ ရှယ်ယာများအတွက် ဒေါ်လာ ၃ ဒသမ ၂ ဘီလျံနှင့်
ယင်း၏ကြွေးမြီ ဒေါ်လာ သန်း ၈၀၀ အတွက် စုစုပေါင်း ဒေါ်လာ လေးဘီလျံဖြင့် Ranbaxy ကို
၀ယ်ယူခဲ့သည်ဟု Sun Pharma က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ သဘောတူညီချက်ကြောင့် Sun Pharma ကုမ္ပဏီကို အိန္ဒိယနိုင်ငံ၏ အကြီးဆုံး
ဆေးဝါးထုတ်လုပ်ရေးကုမ္ပဏီ ဖြစ်လာစေပြီး အရောင်းပမာဏအားဖြင့် လည်း ကမ္ဘာပေါ်တွင်
ပ ဉ္စမအကြီးဆုံးကုမ္ပဏီ ဖြစ်လာစေမည် ဖြစ်သည်။ Ranbaxy ၏ ရှယ်ယာရှင်များသည် လည်း
ပျမ်းမျှရက်ပေါင်း ၃၀ အတွင်း ရှယ်ယာတန်ဖိုးအတွက် ၂၀ ရာခိုင်နှုန်းနီးပါး ဈေးပိုရမည်ဖြစ်သည်။

Daiichi ဥက္ကဋ္ဌ ဂျိုဂျီနာကာယာမာက ၎င်း ကုမ္ပဏီသည် ငွေကြေးအရအရှုံးပေါ်ခဲ့သော် လည်း
'သင်ခန်းစာများ အမြောက်အမြားရရှိခဲ့ပြီး စိတ်ကူးကောင်းများလည်းအများအပြား ရရှိခဲ့ကြောင်း'
ပြောသည်။

"ကနေ့တော့ ကျွန်တော်တို့ဟာ ကုမ္ပဏီ အမည်မပါတဲ့ ဆေးဝါးတွေထုတ်လုပ်ရာ ကမ္ဘာ့ ဦးဆောင်
ကုမ္ပဏီတစ်ခုနဲ့ စီးပွားဖက်ဖြစ်နေပါပြီ။ ပြီးတော့ ကျွန်တော်တို့ အရင်က ရင်းနှီး မြှုပ်နှံမှုကို
ပြန်လည်ထေမိစေမယ့် အမြတ်အစွန်းကောင်းတွေရရှိဖို့လည်း မျှော်မှန်းထားပါတယ်" ဟု ၎င်းက
တိုကျိုတွင် သတင်းထောက် များကို ပြောသည်။

ပို့ကုန်ဘေးကင်းရေးဆိုင်ရာ အမေရိကန် နိုင်ငံ၏ စိုးရိမ်ပူပန်မှု ကုမ္ပဏီအမှတ်တံဆိပ်မပါ သည့်
ဆေးဝါးများဈေးကွက်ကြီးကြောင့် 'ကမ္ဘာ့ ဆေးစပ်ခန်း'ဟု ခေါ်ကြသည့် အိန္ဒိယနိုင်ငံ သည်
နိုင်ငံပေါင်း ၂၀၀ ကျော်သို့ ဆေးဝါးများ တင်ပို့ရောင်းချနေပြီး ကနေဒါနိုင်ငံပြီးလျှင် အမေရိကန်သို့
ဆေးဝါးတင်ပို့မှု ဒုတိယ အများဆုံးနိုင်ငံ ဖြစ်သည်။ သဘောတူညီချက်အရ Sun Pharma
ကုမ္ပဏီသည် Ranbaxy ဆေးဝါးဖြန့်ဖြူးရာ နိုင်ငံများနှင့် အိန္ဒိယနိုင်ငံရှိ ကျေးလက်ဒေသများ
အနှံ့သို့ ဆေးဝါးဖြန့်ဖြူး ခွင့်ရမည်ဟု ကုမ္ပဏီက ပြောခဲ့သည့်အတွက် Ranbaxy ၏ ရှယ်ယာများ
သည် အရောင်းအဝယ်ပြု လုပ်ပြီးသည့် ညနေတွင် ၄၃၇ ဒသမ ၆၅ ရူပီး အထိ ငါးရာခိုင် နှုန်းနီးပါး
ကျဆင်းသွားပြီး Sun Pharma ၏ ရှယ်ယာဈေးသည် ၄၇၉ ဒသမ ၆ ရူပီးအထိ ၁ ဒသမ ၃၆
ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။

မွမ်ဘိုင်းအခြေစိုက် Sun Pharma ကုမ္ပဏီ သည် အရောင်းအဝယ်သဘောတူညီမှုကို ပို့ကုန်
တင်ပို့မှုခွင့်ပြုချက်မရမီ ၂၀၁၄ အကုန်ပိုင်းတွင် အပြီးသတ်ရန် မျှော်မှန်းထားကြောင်း ပြော သည်။
အမေရိကန် အစားအစာနှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန (အက်ဖ်ဒီအေ) က Ranbaxy ၏ အိန္ဒိယရှိ
စတုတ္ထမြောက်စက်ရုံသည် ကုန်ထုတ် လုပ်မှုပိုင်းတွင် သင့်တော်သည့်နည်းလမ်းများ ကို ကျင့်သုံး
ရန် ပျက်ကွက်သည်ဟုဆိုကာ ယင်း၏ အခြားစက်ရုံသုံးရုံမှ ဆေးဝါးများ တင်ပို့မှုကို ပိတ်ပင်ပြီး
သည့်နောက်တွင် အဆို ပါ စက်ရုံမှ ဆေးဝါးများတင်ပို့မှုကိုလည်း ရပ်ဆိုင်း လိုက်ရသည်။

ထိုကဲ့သို့ ပိတ်ပင်ခံရပြီး မကြာမီ လများတွင် Sun Pharma က ၀ယ်ယူခဲ့ခြင်း ဖြစ်သည်။ ပို့ကုန်
ဘေးကင်းရေးနှင့် ပတ်သက်ပြီး အက်ဖ် ဒီအေ၏ တားမြစ်ပိတ်ပင်ခြင်းခံထားရသဖြင့်
Sun Pharma ကုမ္ပဏီသည် Ranbaxy ၏ ဆေးဝါးများကို ဘေးကင်းကြောင်းထောက်ခံချက်
ပြန်လည်ရရှိရန် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ပြောသည်။

"ပထမဦးစားပေးလုပ်မှာကတော့ အက်ဖ်ဒီအေက တောင်းဆိုထားတဲ့အရည်အသွေးတွေရှိအောင်
လုပ်မှာပဲဖြစ်တယ်" ဟု အုပ်ချုပ်မှု ဒါရိုက်တာ ှ့ညေါ့လင က ပြောသည်။

အမေရိကန်အက်ဖ်ဒီအေ၏ စွပ်စွဲချက် ဖြစ်သည့် ဆေးဝါးများကို မသမာသောနည်း ဖြင့်ရောစပ်
သည်ဟုဆိုသည့်အမှုတွင် 'မမှန် မကန် ပြုလုပ်ထားသည့်အထောက်အထားများ နှင့် အန္တရာယ်
မကင်းသည့်ကုန်ထုတ်လုပ်မှုနည်းလမ်းများကို ကျင့်သုံးနေသည်' ဟု သတင်းပေး ၀န်ထမ်းတစ်ဦး
က အဆိုပါရှုပ်ထွေးသည့်အမှု တွင် ထုတ်ဖော်ပြောကြားခဲ့ပြီးသည့်နောက် ပြစ်မှုထင်ရှားသဖြင့်
Ranbaxy သည် ပြီးခဲ့သည့် နှစ်တွင် အသနားခံခဲ့ပြီး အမှုကျေအေးရန် ဒေါ်လာ သန်း ၅၀၀ ပေးရန်
သဘောတူခဲ့သည်။

မွမ်ဘိုင်းရှိ Ambit Capital မှ ဆေးဝါးဆိုင်ရာ ကျွမ်းကျင်သူ ဗိငအပေ ု့နာုေ က Ranbaxy တွင်
ပို့ကုန်တင်ပို့မှုနှင့်ပတ်သက်ပြီး ပြဿနာ များ ရှိသော်လည်း အဆိုပါအရောင်းအဝယ်သဘော
တူညီမှုသည် စိတ်ဝင်စားစရာဖွယ်ကောင်းကြောင်း ပြောသည်။

"အခု ကျွန်တော်တို့ကြည့်ရမှာက Ranbaxy ကနေ Sun Pharma က ဘာတွေပြန်ရနိုင်မလဲ
ဆိုတာပါပဲ" ဟု ၎င်းကပြောသည်။ Ranbaxy ကို ၀ယ်ယူခြင်းကြောင့် တစ်နှစ်အတွင်းရရှိမည့်
၀င်ငွေ တိုးပွားစေမည်ဟုထင်ကြောင်း ှကည ဏ့မောေ က သတင်းထုတ်ပြန်ထားသည်။

အဓိကဈေးကွက်များတွင် ရောင်းအားကောင်းလာခြင်းနှင့် ငွေဈေးတက်လာခြင်းတို့ ကြောင့်
Ranbaxy ၏ စုစုပေါင်းအရှုံးသည် အစောပိုင်းနှစ်တွင် ရူပီး ၄ ဒသမ ၉၂ ဘီလျံရှိရာမှ ၂၀၁၃
ခုနှစ် စတုတ္ထသုံးလပတ်တွင် ရူပီး ၁ ဒသမ ၅၉ ဘီလျံ (ဒေါ်လာ ၂၅ ဒသမ ၆ သန်း)သို့
ကျဆင်းသွားသည်။ ပေါင်းစည်းလိုက်သည့် ဆေးဝါးကုမ္ပဏီကြီး သည် နိုင်ငံပေါင်း ၆၅ နိုင်ငံတွင်
လုပ်ငန်း လည်ပတ်မည်ဖြစ်ပြီး တိုက်ကြီးငါးတိုက်ရှိ စက်ရုံ ၄၇ ရုံတွင် ဆေးဝါးများ ထုတ်လုပ်မည်
ဖြစ်သည့်အပြင် နှစ်စဉ်ဝင်ငွေမှာလည်း ဒေါ်လာ ၄ ဒသမ ၂ ဘီလျံ ဖြစ်လာနိုင်သည်ကြောင်း
ပြောသည်။

(အေအက်ဖ်ပီ)



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး