ဒီတစ်ပတ် မြန်မာတိုင်း(မ်) ရဲ့ စိတ်ကြိုက်အိမ်

ဒီတစ်ပတ် မြန်မာတိုင်း(မ်) ရဲ့ စိတ်ကြိုက်အိမ်

ဒီတစ်ပတ် မြန်မာတိုင်း(မ်)ရဲ့ စိတ်ကြိုက်အိမ်လေးကတော့ မရမ်းကုန်းမြို့နယ်၊ ခုနစ်မိုင်က သလ္လာ
၀တီလမ်းထဲမှာရှိတဲ့ စိတ်အေးချမ်းသာစွာနေထိုင်နိုင်မယ့် လုံးချင်းနှစ်ထပ်တိုက်အိမ်လေးပဲ ဖြစ်ပါ
တယ်။

စတုရန်းပေ ၃,၆၀၀ ကျယ်တဲ့ ခြံဝင်းထဲမှာ တည်ဆောက်ထားတဲ့ ဒီအိမ်လေးကတော့ စတုရန်းပေ
၁,၆၀၀ ကျယ်ဝန်းပြီး နှစ်ထပ်တိုက် လည်းဖြစ်တာကြောင့် မိသားစုဝင်များပြီး ကိုယ့်ခြံကိုယ့်ဝင်းနဲ့
တသီးတသန့် အေးအေး ဆေးဆေးနေထိုင်ချင်သူတွေအတွက် အဆင် ပြေမယ့် လုံးချင်းအိမ်လေး
ပဲ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ငါးနှစ်ကမှ ဆောက်ခဲ့တာကြောင့် လည်း သက်တမ်းအရ မပြောပလောက်သေးပါဘူး။
ဒါ့ပြင် ခေတ်နဲ့အညီဖြစ်အောင် ပြန်လည်ပြင်ဆင်ထားတဲ့အတွက် အိမ်တွင်းအပြင်အဆင်တွေက
သစ်လွင်တောက်ပနေပါတယ်။ အပြင်အဆင်ကောင်းမွန်တာကြောင့် အကျယ် စတုရန်းပေ ၁,၆၀၀
ပဲရှိတယ်လို့မထင်ရလောက် အောင်ကိုအမြင်မှာ အိမ်ကျယ်ကြီးတစ်ခုလို ထင်မှတ်စေပါတယ်။
ဒါကြောင့်လည်း လူဦးရေများတဲ့မိသားစု တွေအတွက် အဆင်ပြေမယ့်အိမ်လေးတစ်လုံး လည်း
ဖြစ်ပါတယ်။

သပ်ရပ်သန့်ရှင်းတဲ့ ဧည့်ခန်းကိုလည်း နေထိုင်မယ့်သူအကြိုက်တွေ့မှာပါ။

အိမ်တွင်း အပြင်အဆင်ပိုင်း မှာတော့ ရေချိုးခန်းနဲ့ ရေလောင်းအိမ်သာတွဲလျက်ပါတဲ့ အိပ်ခန်း
ကျယ် လေးခန်း၊ ဧည့်ခန်းနှစ်ခန်း၊ ဘုရားခန်းတစ်ခန်း၊ ရေချိုးခန်း တစ်ခန်းနဲ့ မီးဖိုချောင်တစ်ခုတို့
ပါ၀င်ပါတယ်။ အိမ်အပေါ်ထပ်မှာရှိတဲ့ ၀ရန်တာလေးကနေ သန့်ရှင်းတဲ့လေကို ရှူရှိုက်နိုင်တာကြောင့်
လုပ်ငန်းခွင်မှာ တစ်နေ့တာပင်ပန်းမှုတွေကို ပြေပျောက်သွားအောင် ဆောင်ကြဉ်းပေးနိုင် မှာပါ။

ဒါ့ပြင် ဒီဝရန်တာလေးက မိသားစုတွေ အားလုံး အတူတကွ အပန်းဖြေအနားယူနိုင် လောက်အောင်
ကျယ်ဝန်းပါတယ်။ ခမ်းနား ကျယ်ဝန်းတဲ့ ဘုရားခန်းကြောင့်လည်း ဘာသာတရားကိုကြည်ညှိ
ကိုင်းရှိုင်းတဲ့ အိမ်ရှင်မတွေအတွက် စိတ်အေးဆေးချမ်းသာစွာ ဘုရား ၀တ်ပြုနိုင်မှာလည်း ဖြစ်
ပါတယ်။

လုံးချင်းနှစ်ထပ်တိုက်အိမ်လေးထဲမှာ ရေခဲသေတ္တာနဲ့ ဗီဒိုတွေအပြင် အိမ်တွင်းပရိဘောဂ အစုံ
အလင်ပါ၀င်တဲ့အတွက် လျင်လျင်မြန်မြန် အိမ်ငှားချင်သူတွေအတွက်အဆင်ပြေပါတယ်။ တိုက်
ခန်းမှာ လာရောက်ငှားရမ်းနေထိုင်သူတွေ ဆက်သွယ်ရေးအဆင်ပြေစေဖို့လည်း ဖုန်းလိုင်း တွေ
တပ်ဆင်ပေးထားပါတယ်။ အိမ်တွင်းမှာ လေအေးပေးစက် ခုနစ်လုံးတပ်ဆင်ထားလို့ ငှားရမ်းနေ
ထိုင်လိုသူတွေအတွက် အခုလိုပူပြင်းတဲ့ရာသီမှာ စိတ်အေးချမ်းသာစွာနဲ့ အေးအေးလူလူနေထိုင်
နိုင်တဲ့ နေရာလေးလည်းဖြစ်ပါတယ်။ ရေ၊ မီး အစုံအလင်ပါ၀င်နေ လို့လည်း အစစအရာရာစိတ်ချ
ရပါတယ်။

ဒီအိမ်လေးနဲ့အတူ ခြံဝင်းကျယ်လည်းပါရှိတဲ့အတွက် ခြံထဲမှာ အပန်းဖြေအနားယူနိုင်သလို စီးပွား
ရေးလုပ်ငန်း လုပ်ကိုင်ချင်ပါကလည်း လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။ အိမ်ရဲ့တည်နေရာကလည်း
ရန်ကုန်မြို့ရဲ့ အချက်အချာကျတဲ့နေရာတွေထဲက တစ်ခုအပါအဝင်ဖြစ်တဲ့ မရမ်းကုန်းမြို့နယ်ရဲ့
ခုနစ်မိုင် မှာတည်ရှိတဲ့အတွက် သွားရေးလာရေး အဆင် ပြေစေမှာ ဖြစ်ပါတယ်။ ဈေးဝယ်ဖို့အတွက်
လည်း ပူစရာမလိုလောက်အောင်ကို ရှစ်မိုင်နဲ့ ကိုးမိုင်မှာရှိတဲ့ Junction 8 နဲ့ Ocean ဈေးဝယ်စင်
တာတွေနဲ့လည်း နီးတာကြောင့် ရွေးချယ်နေထိုင်သူတွေအတွက် အဆင်ပြေမှာပါ။

ဒီတိုက်လေးကို ငှားမယ်ဆိုရင် တစ်လ ကျပ် သိန်း ၄၀ ပေးရမှာ ဖြစ်ပါတယ်။ တိုးတက်လာတဲ့
ရန်ကုန်မြို့ရဲ့ အိမ်ဈေးနှုန်းနဲ့ နှိုင်းယှဉ်ကြည့် မယ်ဆိုရင် ငှားရမ်းခ များတယ်လို့ မဆိုသာတဲ့နှုန်း
ထားပါ။ မရမ်းကုန်းမြို့နယ်မှာ တည်ရှိပြီး ပရိဘောဂပစ္စည်းတွေလည်း အပြည့်အစုံပါ၀င် တာဖြစ်
လို့ အရန်သင့်ငှားနေချင်သူတွေအတွက် နှစ်ခါပြန် မစဉ်းစားသင့်တဲ့ နေရာတစ်ခုပါ။ ငှားမယ်ဆိုရင်
အနည်းဆုံး တစ်နှစ်စာချုပ် ချုပ်ရမှာပါ။ ကာလရှည်ငှားမယ်ဆိုရင်တော့ ညှိနှိုင်းပြီး ငှားရမ်းနိုင်ပါ
တယ်။

ဆက်သွယ်ရန်လိပ်စာ - Estate Myanmar အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းကို ဆက်သွယ်
မေးမြန်းနိုင်ပါတယ်။

ဖုန်းနံပါတ် - ၀၉၄၃၁၁၈၇၈၇၊ ၀၉၇၃၁၁၄၈၆၀



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်