ကန်ထရိုက်တိုက်ဆောက်လုပ်မှု များပြားလာသောကြောင့် အိမ်ဆောက်ပစ္စည်း ဈေးကွက်တွင်
ဈေးနှုန်းများ အတက်ဘက်သို့ တဖြည်းဖြည်းဦးတည်နေသော်လည်း အဝယ်လိုက်ကြကြောင်း
အိမ်ဆောက်ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းရှင်များက ပြောသည်။
"အုတ်ဈေးကသင်္ကြန်မတိုင်ခင်က တစ်လုံးကို ၂၀ကျပ်လောက် ဈေးတက်သွားတယ်။ အုတ်တစ်
လုံးနှစ်ဆယ်ဆိုတာ မသိသာပေမယ့် အလုံးရေများသွားတော့ ဈေးက သိသိသာသာ တက်
သွားတယ်။ ပေ ၂၀ x ၆၀ မှာ ငါးထပ်တိုက် တစ်ခန်းတွဲ တိုက်တစ်လုံးဆောက်မယ်ဆိုရင် အုတ်
အလုံးရေ လေးသောင်းခွဲလောက်ကုန်တယ်။ အုတ်အရေအတွက်များသွားတော့ ဈေးက သိသိ
သာသာ တက်သွားတာပေါ့။ တိုက်ခန်းတွေကလည်း ကြိုပွိုင့်တွေနဲ့ ရောင်းပြီးသားဆိုတော့
အိမ်ဆောက်ပစ္စည်းဈေးတွေတက်တော့ ကန်ထရိုက်တိုက်ဆောက်တဲ့သူတွေ အမြတ်
နည်းတာပေါ့"ဟု မြတ်မင်းဆောက်လုပ်ရေးမှ ကိုအောင်ထွေးက ပြောသည်။
အုတ်ဈေးနှုန်းမှာ သင်္ကြန်မတိုင်ခင်က စက်အုတ် တစ်လုံးလျှင် ၁၀၀ကျပ်ခန့်သာ ရှိရာမှ သင်္ကြန်ပြီး
နောက်တွင် တစ်လုံးလျှင် ၁၂၀ကျပ်ခန့်ထိ ဈေးတက်သွားပြီး လက်အုတ်မှာ တစ်လုံး ၁၁၀ကျပ်
ဖြစ်သည်။
"သဲဈေးက တစ်ကျင်းကို ၁၇၀၀၀ကျပ် လောက်ပဲ ရှိရာက လွန်ခဲ့တဲ့နှစ်လလောက်က စပြီး
တစ်ကျင်းကို ၁၉၀၀၀ကျပ် ဖြစ်သွားတယ်"ဟု မဟေသီသဲကျောက်၊ ဘိလပ်မြေရောင်းဝယ်ရေးမှ
ကိုစိုင်းမျိုးက ပြောသည်။
ကျောက်စရစ်ဈေးမှာ အတက်အကျများနှင့် ဈေးမငြိမ်မသက်ဖြစ်နေပြီး လွန်ခဲ့သည့် လေးလခန့်က
တစ်ကျင်းလျှင် ခြောက်သောင်းကျပ်ရှိရာမှ ဧပြီ ၂၈ရက်နေ့ဈေးမှာ တစ်ကျင်းလျှင် ၁၁၂၀၀၀ကျပ်
ဖြစ်သည်။
"ကန်ထရိုက်တိုက်တွေ အဆောက်များလာလို့ ဘိလပ်မြေရောင်းအားက အရင်ကထက် သိသိသာ
သာ တက်လာတယ်။ ဘိလပ်မြေဈေးက ဒီဈေးတွေနဲ့ပဲ ငြိမ်နေတာ ခြောက်လလောက် ရှိပါပြီ။
သင်္ကြန်မတိုင်ခင်ကတော့ တစ်အိတ်၅၈၀၀တန် ဆင်တံဆိပ်ဘိလပ်မြေက ၆၃၀၀ကျပ်၊ ကြံ့တံဆိပ်
က ၅၅၀၀ကျပ်ထိ တစ်အိတ်ကိုငါးရာလောက်ဈေးတက်သွားတယ်။ သင်္ကြန်ပြီး သုံး၊လေးရက်
လောက်နေတော့ ဈေးပြန်ကျသွားတယ်"ဟု ကိုစိုင်းမျိုးက ပြောသည်။















