မေလ ၅ ရက်နေ့ကစပြီး မြို့တွင်းရှိ အိမ်အလွတ် ၁၅ လုံးကို ဒီးထရိုက်မြို့တော်ကောင်စီနှင့်
ဒီးထရိုက်မြေယာဘဏ်တို့က လေလံစနစ်ဖြင့် စတင်ရောင်းချတော့မည် ဖြစ်ကြောင်း ကြေညာ
သည်။
လေလံအဖွင့်ဈေးမှာ 'ကန်'ဒေါ်လာ ၁,၀၀၀ ခန့်ဖြစ်ပြီး အိမ်တစ်လုံးစီအား တစ်နေ့ချင်းစီ လေလံ
တင်မည်ဖြစ်သည်။ သို့သော် လေလံအောင်သူများမှာ ၀ယ်ယူပြီးနောက် ယင်းအိမ် ကို အမြန်ဆုံး
ပြန်လည်ပြင်ဆင်မှုပြုလုပ်၍ ယင်းအိမ်တွင် ခြောက်လအတွင်း လူနေထိုင်မှု ပြုလုပ်ရမည်ဟူသော
ကတိကဝတ်ကို လိုက်နာဆောင်ရွက်ရှိရမည်ဖြစ်သည်။ ယင်း သတ်မှတ်ချက်ကို လိုက်နာခြင်း
မရှိလျှင် အိမ်နှင့် ငွေကြေးကိုပါ ဆုံးရှုံးရမည်ဖြစ်သည်။
"ဒီအိမ်အလွတ်တွေကို ၀ယ်ယူပြီး မိသားစု တွေ ပြန်လည် နေထိုင်နိုင်ကြဖို့အတွက် ကျွန်တော်တို့
အားတက်သရော ဆောင်ရွက် နေပါတယ်။ တစ်ချိန်တည်းမှာပဲ တခြားလူတွေ ကလည်း တခြား
အိမ်အလွတ်တွေကို ၀ယ်ယူကြတော့မယ်၊ ပြန်လည်ပြင်ဆင်မှုတွေ လုပ်ကြတော့ မယ်ဆိုတာ
ကြားသိရတဲ့အတွက်ကြောင့် ဒါဟာ သူတို့လိုက်နာဆောင်ရွက်ရမယ့် ကတိကဝတ် အတွက်
လွယ်ကူသွားစေတာပေါ့"ဟု ဒီးထရိုက် မြို့တော်ဝန်မိုက်ဒက်ဂန်ကပြောသည်။
ဒီးထရိုက်မြို့၏ လူနေရပ်ကွက်တော်တော် များများမှာ ချေးငွေပြန်မဆပ်နိုင်မှုကြောင့် အိမ်အသိမ်း
ခံရမှုပြဿနာများကို ဆိုးဆိုးရွားရွား ကြုံတွေ့ခဲ့ရပြီး ၎င်းမြို့သည်လည်း ကြွေးမဆပ် နိုင်၍ ဒေဝါ
လီခံရသည့်အခြေအနေမှ ရုန်းထွက် နိုင်ရန် ကြိုးစားရုန်းကန်နေရသည့်အတွက် အဆိုပါ လူနေ
ရပ်ကွက်များမှာ ယခုအချိန်အထိ နာလန် ထူနိုင်ခြင်း မရှိသေးပေ။ အိမ်ပိုင်ရှင်များ က ၎င်းတို့၏
အိမ်ရာအခွန်များနှင့် အခြားမြူနီ စီပယ်အဖိုးအခများ မပေးနိုင်ခြင်းကြောင့် ဘဏ် များက အိမ်များ
သိမ်းယူမှုများ ပြုလုပ်ခဲ့သည့် အကျိုးဆက်အဖြစ် လက်ရှိအချိန်တွင် ဒီးထရိုက် မြို့၌ အိမ်အလွတ်
ပေါင်း ၁၆,၀၀၀ ရှိသည်။
"လူတွေက သူတို့ရပ်ကွက်ဟာ အနာဂတ်မရှိတော့ဘူးလို့ယူဆပြီး သူတို့နေထိုင်တဲ့အိမ်ကြီး
အိမ်ကောင်းတွေကို စွန့်ခွာသွားကြတယ်"ဟု မြို့တော်ကောင်စီဥက္ကဋ္ဌ ဘရန်ဒါဂျုံးစ်က ထုတ်ပြန်
ချက်တစ်ခုတွင် ပြောကြားခဲ့သည်။ ယင်းအိမ်များကို မီချီဂန်ဒေသခံများနှင့် ယခင် East English
Village ရှိပြီးသူမဟုတ်သော၊ သို့မဟုတ် သတ်မှတ်ထားသော စည်းကမ်းချက် များ ချိုးဖောက်ခြင်း
၊ သို့မဟုတ် အခွန်ဆောင်ရန် ပျက်ကွက်ခြင်းမရှိသော ကုမ္ပဏီများကိုသာ ရောင်းချပေးမည်
ဖြစ်သည်။
သို့ရာတွင် လေလံအောင်သူများမှာ သတ်မှတ် ထားသော စည်းကမ်းချက်များကို လျင်မြန်စွာ
လိုက်နာဆောင်ရွက်ရန် လိုအပ်သည်။ ၀ယ်ယူ ပြီး ရ၂ နာရီအတွင်း စရန်ငွေ ၁၀ ရာခိုင်နှုန်း
ပေးသွင်းနိုင်ရမည်ဖြစ်ပြီး အကယ်၍ ၀ယ်ယူသည့်ဈေးနှုန်းမှာ ဒေါ်လာ ၂၀,၀၀၀ အောက်ဖြစ်ပါက
ရက် ၆၀ အတွင်း၊ သို့မဟုတ် ၀ယ်ယူသည့် ဈေးနှုန်းမှာ ဒေါ်လာ ၂၀,၀၀၀ ကျော် ဖြစ်ပါက ရက်
၉၀ အတွင်း ငွေအကျေ ပေးသွင်းရမည်ဖြစ်သည်။
ထို့နောက် ပြန်လည်ပြင်ဆင်မှုများကို အိမ်ရရှိပြီး ရက် ၃၀ အတွင်း စတင်ပြုလုပ်ရမည်ဖြစ်ပြီး
၀ယ်သူများသည် အဆိုပါစီမံကိန်း ကို ကြီးကြပ်ဆောင်ရွက်သည့် ဒီးထရိုက် မြေယာဘဏ်
အာဏာပိုင်အဖွဲ့နှင့်အတူ ပြန်လည်မွမ်းမံမှုအစီအစဉ်များကို တင်ပြ ရမည်။
ထို့ပြင် ခြောက်လအတွင်း ၀ယ်ယူထားသည့်အိမ်၌ လူနေထိုင်မှု ရှိရမည် ဖြစ်သည်။ လိုက်နာရန်
ပျက်ကွက်သူများမှာ ၀ယ်ယူထားသည့်အိမ်များဆုံးရှုံးမည် ဖြစ်သည်။
"ဒီစီမံကိန်းဟာ ဈေးကစားသူတွေအတွက် မဟုတ်ပါဘူး။ ၀ယ်ယူထားတဲ့ အိမ်ကို ဂရုတစိုက်
ပြင်ဆင်မွမ်းမံမှုမျိုး မပြုလုပ်ဘူးဆိုရင် အိမ်ရော ငွေပါ ဆုံးရှုံးရမှာ ဖြစ်ပါတယ်"ဟု မြေယာဘဏ်
ဥက္ကဋ္ဌ အာရစ်ကာဝါဒ်ဂါဆင်က ပြောသည်။ အဆိုပါ ရောင်းချမည့် အိမ်အလွတ်များ ပြသပွဲကို
ဧပြီ ၂၇ ရက်နေ့တွင် စတင်ခဲ့ပြီး လေလံဆွဲသူများမှာ ၎င်းအိမ် ၁၅ လုံး၏ အတွင်း ပိုင်းကို
သွားရောက် ကြည့်ရှုခဲ့ကြသည်။
လေလံတင်ရောင်းချမည့် အိမ် ၁၂ လုံးမှာ East English Village ရပ်ကွက်တွင် တည်ရှိ သည်။
၎င်းအကွက်ရှိ ပထမဆုံးရောင်းချမည့်အိမ်မှာ ၁၉၄၁ ခုနှစ်က ဆောက်လုပ်ခဲ့သည့် အိပ်ခန်းသုံး
ခန်းနှင့်အိမ်သာ၊ ရေချိုးကန် အပြည့် အစုံပါသော ရေချိုးခန်းတစ်ခန်းနှင့် ရေချိုးကန် မပါသော
ရေချိုးခန်းတစ်ခန်းပါ၀င်ပြီး စတုရန်း ပေ ၁,၄၀၀ အကျယ်ရှိသည့် ကိုလိုနီခေတ်ဒီဇိုင်း ပုံစံဖြစ်
သည်။၀ယ်သူမှာ အပူပေးစက်နှင့် ရေအပူစက်တို့ တပ်ဆင်ရမည်ဖြစ်သည်။
"ကျွန်တော်တို့ ရပ်ကွက်တွေအကုန်လုံးကို ချက်ချင်း ပြန်လည်မွမ်းမံမှုတွေ လုပ်သွားမှာပါ။
အရေးကြီးတာက တကယ်ဝယ်ယူကြတော့မယ့် သူတိုင်းဟာ အိမ်တွေကို ပြန်လည်မွမ်းမံဖို့နဲ့
လူနေထိုင်မှုတွေလုပ်ကြဖို့တော့ လိုအပ်ပါ တယ်"ဟု ဒက်ဂန်က ပြောသည်။
















