ရန်ကုန်မြို့စွန် မြို့နယ်များတွင် ဂရန်မရှိသေး သော ပါမစ်မြေများ၊ စလစ်မြေများကို ၀ယ်ယူ မည်
ဆိုပါက စလစ်ဟောင်းများ၊ မိတ္တူကူးထား သော စလစ်များနှင့် စလစ် အမည်ပေါက်သူ မဟုတ်ဘဲ
တစ်ဆင့်ခံရောင်းချခြင်းများ ရှိနေသောကြောင့် နစ်နာမှုမရှိစေရန် ပိုင်ဆိုင်မှုအထောက်အထား၊
စာရွက်စာတန်းများကို သေချာစိစစ်ဝယ်ယူသင့်ကြောင်း အိမ်ခြံမြေအကျိုးဆောင်များက ပြော
သည်။
"မြို့စွန်မှာ စလစ်မြေဝယ်မယ်ဆိုရင် မြေ ရောင်းမယ့်သူနဲ့ သက်ဆိုင်ရာမြေစာရင်းရုံးမှာရှိတဲ့ ပါမစ်
စာရွက်ထဲမှာပါတဲ့ နာမည်ပေါက် ဓာတ်ပုံနဲ့ ကိုက်ညီမှု ရှိ၊ မရှိ သေချာစိစစ်သင့် တယ်။ ပါမစ်စာ
ရွက်ထဲမှာ ပါတဲ့သူနဲ့ ရောင်းတဲ့ သူ မတူရင် ဒီလိုမြေကွက်မျိုးကို မဝယ်သင့်ဘူး"ဟု ရွှေကံမြေ
အိမ်ခြံမြေဝန်ဆောင်မှုလုပ်ငန်းမှ ဦးခင်မောင်အေးက ပြောသည်။
စိုင်းခွန်နောင် အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းမှ အထွေထွေမန်နေဂျာ ဦးရန်အောင်က "စလစ်မြေ
တွေကို ၀ယ်မယ်ဆိုရင် မြို့ရွာနဲ့အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနမှာ သေချာအောင် အရင်စုံစမ်းသင့်တယ်။
စလစ်တစ်ခုတည်းကို ကော်ပီပွားပြီးရောင်းနေတဲ့ စလစ်အတုတွေရှိ သလို ပါမစ်လျှောက်ပြီးသား
တွေကို ပြန်ရောင်း စားတဲ့ စလစ်တွေလည်း ရှိတယ်။ ပြန်သိမ်းတဲ့ မြေနဲ့မတိုးအောင်လည်း ဂရုစိုက်
ရမယ်"ဟု ပြောသည်။
ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်နှင့် မြို့စွန် နေရာများတွင် ယခင်ကကျူးကျော်နေခဲ့သူများ ကို
စလစ်များထုတ်ပေးလျက်ရှိပြီး ထိုစလစ်မြေ များကို၀ယ်ယူရန် စိတ်ဝင်စားသူများသော ကြောင့်
စလစ်မြေဈေးကွက် ကောင်းမွန်လျက် ရှိကြောင်း အိမ်ခြံမြေလုပ်ငန်းရှင်များက ပြောသည်။
"ရန်ကုန်မှာ တိုက်ခန်းတွေထက် မြေကွက် ဈေးကွက်က ပိုအမြတ်ရနိုင်ခြေများလို့ မြေကွက် ဆိုရင် ၀ယ်ချင်တဲ့သူများတယ်။ နေရာစည်ကားလာပြီဆိုရင် မြေဈေးတွေက ခန့်မှန်းထားလို့ မရနိုင်အောင်
ကို ဈေးတက်သွားတာ။ ရန်ကုန် မှာ ၀ယ်စရာမြေကွက်တွေက ရှားပါးလာပြီး မြေဈေးတွေက အရမ်း
ဈေးကြီးနေတော့ ဂရန် မြေကွက်ကို မဝယ်နိုင်သူတွေက ဂရန်မြေတွေလို ဈေးမမြင့်သေးတဲ့ ပါမစ်
မြေတွေ၊ စလစ်မြေတွေကို၀ယ်ဖို့ စိတ်ဝင်စားလာကြတယ်"ဟု ဒဂုံ မြို့သစ်(အရှေ့ပိုင်း) မြို့နယ်မှ
အိမ်ခြံမြေ အကျိုးဆောင် ဦးအောင်ထွန်းကပြောသည်။
မြို့စွန်တွင် ဈေးကစားရန်မြေကွက်ဝယ်ယူသူ များသည် ဂရန်ရှိသော မြေကွက်များထက် စလစ် ရှိ
သောမြေကွက်များကို၀ယ်ယူရန် ပိုမိုစိတ်ဝင်စား ကြကြောင်း ဦးခင်မောင်အေးကပြောသည်။
"ဂရန်မြေနဲ့ စလစ်မြေက ဈေးအရမ်းကွာ တယ်။ မြေကွက်ဝယ်ထားမယ့်သူတွေက ဂရန် ရှိတဲ့
မြေကွက်ဝယ်ဖို့ထက် စလစ်ရှိတဲ့မြေကွက် ကိုဝယ်ပြီး ပါမစ်ရအောင်စောင့်တယ်။ ဆက် စောင့်နိုင်
သေးတဲ့သူက ဂရန်ထိရအောင်စောင့် ပြီး ဂရန်ရတာနဲ့ ပြန်ရောင်းကြတယ်"ဟု ၎င်းက ပြောသည်။
ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်အစွန်းပိုင်းတွင် လွန်ခဲ့သော အနှစ် ၂၀ ခန့်က မြေကွက်များ တွင်
မိမိဆန္ဒအလျောက်ဝင်ရောက်နေထိုင်သူများကို စလစ်များထုတ်ပေးခဲ့ပြီး ပေ ၂၀ ပေ ၆၀ အကျယ်
ရှိသော ထိုမြေကွက်များကို ပြန်လည်ဝယ်ယူရန် စိတ်ဝင်စားသူများလျက်ရှိကြောင်း ဦးအောင်ထွန်း
ကပြောသည်။
"မြေတစ်ကွက်ကို သိန်း ၄၀ ကျော်လောက် ပေါက်ဈေးရှိတယ်" ဟု ၎င်းကပြောသည်။ စိုင်းခွန်နောင်
အိမ်ခြံမြေမှ အထွေထွေ မန်နေဂျာ ဦးရန်အောင်က "စလစ်မြေတွေက ပါမစ်မြေမဟုတ်သေးလို့
ခိုင်မာမှုတော့ မရှိ သေးဘူး။ ဒါပေမဲ့ စလစ်မြေကို အိုးအိမ်ဌာနမှာ စုံစမ်းပြီး မှန်ကန်တယ်ဆိုရင်
ဒီမြေကွက်ဈေး တွေက သိန်း ၄၀ ဖြစ်ဖြစ် သိန်း ၆၀ ဖြစ်ဖြစ် ၀ယ်ကြမှာပဲ။ ဒီစလစ်မြေတွေအတွက်
အိုးအိမ်ဌာနမှာ ငွေသွင်းပြီး ပါမစ်ပြန်ထုတ်ပေးရင် ခိုင်မာသွားပြီပေါ့"ဟု ပြောသည်။
ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒဂုံဆိပ်ကမ်း မြို့နယ်နှင့် ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်များ တွင်
ပါမစ်မြေအဖြစ်ချပေးသော မြေအနည်းစုသာရှိပြီး အများစုမှာ စလစ်မြေအဖြစ် စတင် ချပေးပြီး
နောက်ပိုင်းတွင်ပါမစ်ထုတ်ပေးခြင်း ဖြစ်ကြောင်း ၎င်းကပြောသည်။ "ရန်ကုန်မြို့နယ်မှာ မြေနေရာ
လိုအပ်ချက်တွေများလို့ မြို့ကိုချဲ့တဲ့သဘောနဲ့ ဒဂုံမြို့သစ်လေးမြို့နယ်မှာရှိတဲ့ မြေနေရာလွတ်တွေ
ကို စလစ်မြေကတစ်ဆင့် ပါမစ်မြေ၊ ဂရန်မြေဆိုပြီး တရားဝင်မြေဖြစ်အောင် အဆင့်ဆင့်ချပေးနေ
တာဖြစ်တယ်။ နောက်ပိုင်းမှာ စလစ်မြေတွေ ရှားသွားမှာပါ"ဟု ဦးရန်အောင်ကပြောသည်။
စလစ်မြေနှင့် ပါမစ်မြေများမှာ ပိုင်ဆိုင်မှု အထောက်အထားခိုင်မာပြီး နောက်ပိုင်း စည်ကားလာပါက
မြေဈေးမှာ မခန့်မှန်းနိုင်အောင် အဆများစွာမြင့်တက်သွားနိုင်ကြောင်း အိမ်ခြံ မြေအကျိုးဆောင်များ
က ပြောသည်။
"အခုမှ နေရာချပေးတဲ့ စလစ်တွေတောင် စတုရန်းပေ ၁,၂၀၀ ကို သိန်း ၄၀ လောက်ဈေး ပေါက်
တယ်။ ဒါတောင် လမ်းမဘက်လား၊ အတွင်းဘက်လား မဲမနှိုက်ရ သေးဘူး။ ကျွန်တော့ စလစ်ကို
သိန်း ၄၀ လာပေးတာ ကျွန်တော်မရောင်းသေးဘူး။ မဲနှိုက်ပြီး လမ်းမဘက်ဆိုရင် ပိုတောင်ဈေးရဦး
မှာ။ အချိန်နည်းနည်း ကြာလာလို့ ပိုစည်ကားလာရင် မြေဈေးတွေက ထပ်တက်ဦးမှာပဲ"ဟု ဒဂုံမြို့
သစ် (အရှေ့ပိုင်း) မြို့နယ် မြို့စွန်တွင်နေထိုင်သူ ဦးထွန်းခင်က ပြောသည်။ စလစ်မြေများဝယ်ယူ
လျှင် သေချာမှုရှိစေရန် မြေကွက်အကြောင်းကို မြို့ရွာနှင့် အိုုးအိမ်ဖွံ့ဖြိုး ရေးဦးစီးဌာနတွင် စိစစ်နိုင်
ပြီး သေချာပါက ယုံကြည်စိတ်ချစွာ ၀ယ်ယူနိုင်ကြောင်း ရွှေကံမြေအိမ်ခြံမြေအကျိုးဆောင်မှ
ဦးခင်မောင်အေးက ပြောသည်။
ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်၏ လမ်းမတန်း ရှိမြေကွက်များမှာ ပြီးခဲ့သောနှစ်နှင့်နှိုင်းယှဉ် ပါက
၃၀ မှ ၄၀ ရာခိုင်နှုန်းခန့်အထိ ဈေးတက်သွား ပြီး ရပ်ကွက်တွင်း၌ ထူးထူးခြားခြား ဈေးတက် ခြင်း
မျိုးမဟုတ်ဘဲ ရန်ကုန်တစ်မြို့နယ်လုံးတွင် အိမ်ခြံမြေဈေးမြင့်တက်သည့်အတွက် အနည်း ငယ်မျှ
ဈေးမြင့်တက်သွားခြင်းဖြစ်သည်။















