သီလဝါစက်မှုဇုန် မြေဈေးများတက်လာသော် လည်း အရောင်းအဝယ်နှင့် အငှားဈေးကွက်မှာ
အေးနေကြောင်း အိမ်ခြံမြေလုပ်ငန်းရှင်များက ပြောသည်။ သီလဝါစက်မှုဇုန်များသည် လွန်ခဲ့သည့်
တစ်နှစ်ဝန်းကျင်မှစ၍ ဈေးများတက်သွားပြီး ယခင်တစ်ဧကလျှင် ကျပ်သိန်း ၃,၀၀၀ ရှိသော
မြေကွက်များသည် ယခုအခါ သိန်း ၅,၀၀၀ ၀န်းကျင်အထိ ဈေးတက်သွားသော်လည်း ဈေးကွက်မှာ
လှုပ်ရှားမှုမရှိပဲ အေးနေကြောင်း ရွှေကံမြေအိမ်ခြံမြေမှ ဦးခင်မောင်အေးက ပြောသည်။
"သီလဝါစက်မှုဇုန်က အငှားတွေက အစိုးရ က သတ်မှတ်တဲ့ဈေးနှုန်းနဲ့ငှားရတာဆိုတော့ ပုဂ္ဂလိက
လုပ်တဲ့သူတွေက နည်းနည်းတော့ အခက်တွေ့တာပေါ့။ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမယ့်သူတွေက
လည်း စောင့်ကြည့်နေကြတဲ့ အချိန်ဖြစ်တယ်။ အငှားဈေးကွက်ထက် အရောင်း ကိုပိုပြီးအားထား
ကြတယ်။ အငှားဈေးကွက်ကို အစိုးရက ၀င်ပြီးကြီးကြပ်တဲ့သဘောရှိတာဆိုတော့ အရောင်းကိုပဲ
အားထားကြတယ်" ဟု စိုင်းခွန်နောင် အိမ်ခြံမြေမှ အထွေထွေမန်နေဂျာ ဦးရန်အောင်က
ပြောသည်။
သီလဝါစီမံကိန်းစတင်နေပြီဖြစ်သော်လည်း ဈေးကွက်မှာစောင့်ကြည့်နေသည့်အဆင့်သာရှိပြီး အိမ်ခြံမြေဈေးကွက်မှာ မျှော်လင့်ထားသည့်အတိုင်းဖြစ်မလာပဲ အေးနေပြီး နိုင်ငံခြား မှ ရင်းနှီးမြှုပ်နှံ
မှုများမှာလည်း ၀င်ရောက်မှုနည်းနေကြောင်း ၎င်းကပြောသည်။
"စီမံကိန်းကတော့ နောက်ပိုင်းအရောင်းအဝယ်ကောင်းလာမှာပါ။ အခုစောင့်ကြည့်တဲ့အချိန်ဖြစ်
နေလို့ပါ။ သီလဝါက လက်ဦးမှုယူထားတဲ့သဘောပါ။ ပထမဦးဆုံး စီမံကိန်းဆို တော့ အစိုးရရဲ့
ကြည့်ကြပ်မှုရှိတာပေါ့" ဟု ဦးရန်အောင်က ပြောသည်။
သီလဝါစက်မှုဇုန်ဝန်းကျင်ရှိ အိမ်ခြံမြေ ဈေးကွက်၏ အရောင်းအဝယ်နှင့် အငှား ဈေးကွက်သည်
အလွန်အေးပြီးငြိမ်သက်သည့် အတွက် အိမ်ခြံမြေပွဲစားများမှာ သာကေတ၊ သန်လျင်စသည့်
အိမ်ခြံမြေဈေးကွက်ဘက်သို့ ပို၍ဦးတည်လုပ်ကိုင်နေရကြောင်း သာကေတ မှ အိမ်ခြံမြေ
အကျိုးဆောင်တစ်ဦးက ပြောသည်။















