မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးမှုမဟာဗျူဟာစီမံကိန်း တွင် တစ်ခုအပါအဝင်ဖြစ်သည့် မြန်မာ့မီးရထား
ပိုင်မြေပေါ်၌ ရန်ကုန်ဘူတာကြီးအပါအဝင် အဆင့်မြှင့်တင်ခြင်းလုပ်ငန်များ ပြုလုပ်ရန် ပြည်တွင်း
ပြည်ပ ဆောက်လုပ်ရေးလုပ်ငန်းရှင် များထံ စီမံကိန်းဆိုင်ရာ စိတ်ပါ၀င်စားမှု ရှိ Expression of
Interest (EOI) ခေါ်ယူခဲ့ပြီး စိတ်ပါ၀င်စားသူများမှာ မေလ ၂၆ ရက်နေ့ နောက်ဆုံးထားကာ
မြန်မာ့မီးရထားရုံးသို့ လာရောက် လျှောက်ထားရမည်ဖြစ်ကြောင်း မြန်မာ့မီးရထား (အောက်မြန်မာ
ပြည်) မှ အထွေထွေမန်နေဂျာဖြစ်သူ ဦးထွန်းအောင်သင်းက ပြောသည်။
အဆိုပါအဆင့်မြှင့်တင်မှုစီမံချက်အရ မြန်မာ့ မီးရထားသည် ပြည်တွင်းပြည်ပဆောက်လုပ်ရေး
လုပ်ငန်းရှင်များ၏ အဆောက်အအုံပိုင်းဆိုင်ရာ လုပ်ငန်းအစီအစဉ်များနှင့် အဆောက်အအုံဒီဇိုင်း
ပိုင်းဆိုင်ရာတင်ပြမှုများကို စိစစ်ရွေးချယ်သွားမည် ဖြစ်သည်။
"လောလောဆယ်မှာ ဒီစီမံကိန်းကြီးအတွက် လုပ်ငန်းရှင်တွေဆီက (EQI) ခေါ်ထားပြီး သူတို့ တွေ
တင်ပြလာတဲ့ ဆောက်လုပ်ရေးလုပ်ငန်း တွေနဲ့ ဒီဇိုင်းပိုင်းတွေကို ကြည့်ပြီး ရွေးချယ် သွားမှာပါ။
အကောင်းဆုံးရွေးချယ်ထားတဲ့အထဲက တင်ဒါပြန်ခေါ်သွားမှာပါ။ တင်ဒါခေါ်တဲ့အချိန်ကျရင်တော့
စီမံကိန်းနဲ့ပတ်သက် ပြီး အချက် အလက်တွေ အတိအကျထွက်လာမှာပါ" ဟု ၎င်းက
မြန်မာတိုင်း(မ်)ကိုပြောသည်။
ယင်းစီမံကိန်းအရ မြန်မာ့မီးရထားပိုင် မြေဖြစ်သည့် စုစုပေါင်း နေရာအကျယ်အဝန်း ၆၂ ဧကရှိ
သောနေရာ၌ ရန်ကုန်ဘူတာကြီး အား မူလပုံစံအတိုင်း ပြန်လည် ပြင်ဆင်မွမ်းမံ သွားမည်ဖြစ်
သည်။ ၎င်းပြင် ကျန်ရှိသည့်မြေနေရာများတွင် အကြမ်းဖျင်းအားဖြင့် အထပ်မြင့်အဆောက်
အအုံများ၊ အဆင့်မြင့်ဟိုတယ်များ အသေးစား နှင့် အလတ်စားဈေးဆိုင်များ အချက်အချာကျ
သည့်နေရာဖြစ်သောကြောင့် အဆင့်မြင့်ဈေး ၀ယ်စင်တာများနှင့် ပြည်တွင်း ပြည်ပရင်းနှီး မြှုပ်နှံ
သူများအတွက် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နိုင်ရန်အတွက် စီးပွားရေးစင်တာများ ဆောက်
လုပ်သွားမည် ဖြစ်သည်။
"ဒီစီမံကိန်းကြီးကို စီစဉ်ခဲ့တာတော့ ကြာ ပါပြီ။ အခုမှပဲ စတင်အကောင်အထည်ဖော်နိုင် ခဲ့တာပါ။
ရန်ကုန်ဘူတာကြီး အဆင့်မြှင့်တင်မယ့်စီမံကိန်းအတွက် အမေရိကန်ဒေါ်လာ နှစ်ဘီလျံကျော်
အကုန်ကျခံသုံးစွဲသွားမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ မြန်မာ့မီးရထား တစ်ခု တည်းနဲ့ အကောင်
အထည်ဖော်ဖို့ မတတ်နိုင် တဲ့အတွက် ပြည်တွင်းပြည်ပလုပ်ငန်းရှင်တွေ ကိုပါ၀င်ဖို့ ဖိတ်ခေါ်ခဲ့
တာပါ" ဟု ဦးထွန်း အောင်သင်းက ပြောသည်။
မြန်မာ့မီးရထားမြေနေရာပေါ်၌ အဆင့်မြှင့် တင်မှုလုပ်ငန်းများနှင့်ပတ်သတ်၍ လုပ်ငန်းရှင် များနှင့်
ဖိတ်ခေါ်တွေ့ဆုံဆွေးနွေးပွဲအား ဧပြီ လကုန်ပိုင်းတွင် ပြုလုပ်ခဲ့ပြီး အဆိုပါပွဲသို့ စိတ်ပါ၀င်စားသည့်
လုပ်ငန်းရှင်ပေါင်း ၁၀၀ ခန့် တက်ရောက်ခဲ့ကြောင်း ၎င်းကပြောသည်။
အဆိုပါမြေနေရာ၌ အထပ်မြင့် အဆောက်အအုံ တည်ဆောက်မှုများကို မြန်မာ့မီးရထားလုပ်ငန်း
က လုပ်ငန်းရှင်များတင်ပြလာသည့် လုပ်ငန်းပိုင်းဆိုင်ရာ အဆောက် အအုံဒီဇိုင်းပိုင်း ဆိုင်ရာများ
ပေါ်မူတည်ကာ မြို့တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများနှင့် ပညာရှင်များ ညှိနှိုင်း
တိုင်ပင်သွားမည်ဖြစ် ကြောင်း မြန်မာ့မီးရထားမှတာဝန်ရှိသူ ဦးစိန် လှမြင့်ကပြောသည်။
ထို့ပြင် ရန်ကုန်ဘူတာကြီးမြေနေရာသည် ရွှေတိဂုံဘုရားကန့်သတ်နယ်မြေနှင့် မြို့လယ်ကောင်
အထပ်မြင့်အဆောက်အအုံကန့်သတ်နယ်မြေများထဲတွင် မပါ၀င်သည့်အတွက် အထပ်မြင့်
အဆောက်အအုံများတည်ဆောက် ပါက တည်ဆောက်နိုင်မည်ဖြစ်သော်လည်း အဆိုပါစီမံကိန်း
သည် အများပြည်သူဦးစားပေးပြုလုပ်ပါက ပိုမို ကောင်းမွန်နိုင်ကြောင်း ရန်ကုန် မြို့ပြအမွေအနှစ်
ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့မှ ဒါရိုက်တာ ဒေါ်မိုးမိုးလွင်က ပြောသည်။
"ဒီစီမံကိန်းက မြေနေရာကျယ်တဲ့မီးရထားမြေပေါ်မှာ ပြုလုပ်ရမှာဆိုတော့ အခွင့်အရေးကောင်းတဲ့
စီမံကိန်းတစ်ခုပါ။ ဒီအခွင့်အရေးပေါ်မှာ လုပ်ငန်းရှင်တွေကလည်း အကျိုးအမြတ် သက်သက်ကိုပဲ
ကြည့်မနေဘဲ အများပြည်သူ တွေအတွက် အမှန်တကယ်လိုအပ်မယ့်အရာ တွေကို ဦးစားပေးပြီး
တည်ဆောက်အကောင် အထည်ဖော်သွားနိုင်ရင်တော့ စီမံကိန်းလည်း ပိုပြီးအောင်မြင်နိုင်မယ်လို့
ထင်ပါတယ်" ဟု ၎င်းကပြောသည်။
















