မိုးတွင်းကာလ နီးကပ်လာသည့်အတွက် အိမ်ဆောက်ပစ္စည်းဈေးကွက်တွင် ဈေးနှုန်းများ ကျဆင်း
လာပြီး လွန်ခဲ့သောလကဈေးများနှင့် နှိုင်းယှဉ်ပါက ကျဆင်းလာကြောင်း အိမ်ဆောက် ပစ္စည်း
ရောင်းဝယ်ရေးလုပ်ငန်းရှင်များက ပြောသည်။
သဲ
"မေလဆန်းလောက်ကစပြီး သဲဈေးတွေ နည်းနည်းကျသွားတယ်လို့ ပြောရမယ်။
လွန်ခဲ့ တဲ့နှစ်လလောက်က သဲတစ်ကျင်း ၁၉,၀၀၀ လောက်ရှိရာက အခု သဲတစ်ကျင်း ၁၇,၀၀၀
ပြန် ဖြစ်သွားတယ်။ ဒီနှစ် နှစ်ဆန်းပိုင်းလောက် ကစပြီး သဲဈေးက အရင်နှစ်တွေထက် ဈေး ကောင်း
ပြီး ၁၅,၀၀၀ကျော်နဲ့စပြီး အရောင်းအဝယ် ဖြစ်နေတာ"ဟု မဟေသီ သဲကျောက် ဘိလပ်မြေ
ရောင်းဝယ်ရေးမှ ကိုစိုင်းမျိုးက ပြောသည်။
သဲတစ်ကျင်း ၁၇,၀၀၀ ဖြစ်သော်လည်း အထိုင်ဈေးမှာ သဲတစ်ကျင်း ၁၀,၀၀၀ သာရှိကြောင်း
ကိုစိုင်းမျိုးက ပြောသည်။
"သဲကို လိုက်ပို့ရမယ်ဆိုရင် တစ်ကျင်း ၁၇,၀၀၀ လောက်ကျပေမယ့် အထိုင်ဈေးက တော့
တစ်ကျင်း ၁၀,၀၀၀ ပဲ။ ကားရှိတဲ့သူတွေက ကိုယ့်ကားနဲ့ကိုယ် လာဝယ် ကြတယ်။ သဲကို အိတ်နဲ့
ထည့်ပေးရမယ်ဆိုရင် အိတ်ထည့်ခ တစ်အိတ် ငါးရာတော့ပေးရမယ်"ဟု ၎င်းကပြောသည်။
အုတ်
အုတ်ဈေးမှာ ဧပြီလကဈေးအောက် တစ်လုံး လျှင် ကျပ် ၁၀ ခန့်ဈေးကျသွားပြီး လက်အုတ်
ဈေးမှာ တစ်လုံး ကျပ် ၁၀၀ နှင့် စက်အုတ် ဈေးမှာ တစ်လုံး ကျပ် ၁၁၀ ဖြစ်သည်။
"စက်အုတ်ဈေးက မတ်လမှာ တစ်လုံး ကျပ် ၁၀၀ ပဲ ရှိရာက ဧပြီလမှာ ၁၂၀ ဆိုပြီး ဈေးတက်
သွားတယ်။ အခုမှ တစ်လုံး ၁၁၀ ဆိုပြီး အုတ်တစ်လုံးကို ၁၀ လောက်ကျသွားတာ။ အုတ်ဈေး
နည်းနည်းကျသွားပေမယ့် ဈေးကျလို့ ပိုဝယ် ထားတာမျိုးကို မလုပ်ဘူး။ မိုးတွင်းဆိုရင် ဈေးနည်း
နည်း ထပ်ကျနိုင်သေးတယ်။ မကြာခင် အရင်ဈေး ၁၀၀ ပြန်ဖြစ်မယ်ထင်တယ်"ဟု မြတ်မင်း
ဆောက်လုပ်ရေးက ကိုအောင်ထွေးကပြောသည်။
ကျောက်စရစ်
ကျောက်စရစ်ဈေးမှာ လွန်ခဲ့သော လက်ရှိ ဈေးအောက် အနည်းငယ်ကျသွားပြီး
လက်ရှိ ဈေးမှာ ကျောက်စရစ်တစ်ကျင်းလျှင် ကျပ် ၁၁၀,၀၀၀ ရှိသည်။
"ကျောက်စရစ်ဈေးက အခု တစ်သိန်း တစ်သောင်းဝန်းကျင်ရှိပြီး ပြီးခဲ့တဲ့လကထက် မဆိုစလောက်
လေး ကျသွားတယ်။ လွန်ခဲ့တဲ့ ငါးလလောက်ကဆိုရင် ကျောက်တစ်ကျင်းကို ခြောက်သောင်း
လောက်ပဲရှိရာက ဈေးနှစ်ဆ နီးပါးတက်သွားပြီး အဲဒီဈေးကနေ ပြန်ကိုမကျတော့တာ။ ပြန်ကျရင်
လည်း မဆိုသလောက်လေးပဲ ကျတယ်" ဟု မဟေသီသဲကျောက်ဘိလပ်မြေရောင်းဝယ်ရေးမှ
ကိုစိုင်းမျိုးကပြောသည်။
ဘိလပ်မြေ
ဘိလပ်မြေဈေးမှာ လွန်ခဲ့သောခြောက်လ ကျော်ခန့်မှစ၍ ဆင်တံဆိပ်ဘိလပ်မြေ
တစ်အိတ် ကျပ် ၅,၅၀၀၊ ကြံ့တံဆိပ်ဘိလပ်မြေ တစ်အိတ် ကျပ် ၅,၀၀၀ နှင့် ဈေးငြိမ်လျက်
ရှိသည်။
ဆောက်လုပ်ရေးသုံး သံချောင်း ဆောက်လုပ်ရေးလုပ်ငန်းများတွင် အဓိက ကျသောသံချောင်း
များမှာလည်း ယခုလ အတွင်း ဈေးအနည်းငယ်ကျဆင်းလာကြောင်း လုပ်ငန်းရှင်များကပြောသည်။
"မြန်မာနိုင်ငံထုတ် သုံးမူးနဲ့ ငါးမူးအရွယ် သံချောင်းဇုန်အပြည့်တစ်တန်ကို ငါးသိန်း လောက်ရှိတယ်။
ခြောက်မူးဆိုရင်တော့ ငါးသိန်း နှစ်သောင်းကျတယ်။ နိုင်ငံခြားဖြစ်ဆိုရင်တော့ တစ်တန်ကို
ခြောက်သိန်းဝန်းကျင်လောက် ရှိတယ်။ သံဈေးတွေက အရင်ကထက် တစ်တန် ကို တစ်သောင်း
၀န်းကျင်လောက်တော့ ဈေးကျ သွားတယ်"ဟု မိဘမေတ္တာအိမ်ဆောက်သံထည် ပစ္စည်းနှင့်
အထွေထွေရောင်းဝယ်ရေးမှ ကိုကောင်းခန့်က ပြောသည်။
အိမ်မိုးသွပ်
သွပ်ပြားဈေးမှာ ကြယ်စိမ်းသွပ်ပြားအထူ တစ်ပေပတ်လည်လျှင် ကျပ် ၃၉၀ ဖြစ်ပြီး
အပါး တစ်ပေပတ်လည် ကျပ် ၂၉၀ ဖြစ်သည်။ ကာလာသွပ်ပြား တစ်ပေပတ်လည်လျှင် ပွိုင့်
အလိုက် ကျပ် ရ၃၀ မှ ၉၅၀ အထိ ပေါက်ဈေးရှိသည်။
"အရင်က ရိုးရိုးသွပ်ပြားတွေပဲ အဝယ်လိုက် ပေမယ့် အခုနောက်ပိုင်း ကာလာသွပ်ပြား တွေကို
ပိုဝယ်ကြတယ်။ ကာလာသွပ်ပြားက ရိုးရိုး စတီးသွပ်ပြားတွေထက် ဘေးအကျယ် ပိုကျယ် တော့
လူကြိုက်လည်း ပိုများတယ်"ဟု ကိုကောင်းခန့်ကပြောသည်။
















