အချက်အချာကျတဲ့၊နေရာက ဒီတစ်ပတ် စိတ်ကြိုက်အိမ် ဒီတစ်ပတ်

အချက်အချာကျတဲ့၊နေရာက ဒီတစ်ပတ် စိတ်ကြိုက်အိမ် ဒီတစ်ပတ်

မြန်မာတိုင်း(မ်)ရဲ့စိတ်ကြိုက်အိမ် ကိုတော့ ဗဟန်းမြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်း ပေါ်မှာရှိတဲ့
ခြံဝင်းကျယ်ကျယ်တဲ့ နေချင့်စဖွယ် လုံးချင်းအိမ်လေးကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

ဒီအိမ်လေးက စတုရန်းပေ ၁၀,၀၀၀ အကျယ်ရှိတဲ့ ခြံဝင်းထဲမှာတည်ရှိပြီး ကိုယ်ပိုင် ခြံဝင်းကျယ်နဲ့
အေးအေးဆေးဆေးနေချင်တဲ့သူတွေအတွက် အဆင်ပြေမယ့် အိမ်လေး တစ်လုံးပဲ ဖြစ်ပါတယ်။

ခြံဝင်းထဲမှာ သစ်ပင်၊ ပန်းပင်တွေ၊ မြက်ခင်းစိမ်းတွေကို လှပစွာစိုက်ပျိုး ထားတဲ့အတွက် သစ်ပင်
မြတ်နိုးသူ၊ စိမ်းစိမ်းစိုစို ရှုခင်းကို နှစ်သက်သူတွေအတွက် လက်မလွှတ် သင့်တဲ့အိမ်လေးတစ်အိမ်
ပဲ ဖြစ်ပါတယ်။

ဒီအိမ်လေးက ၁,၃၅၇ စတုရန်းပေ ကျယ်ဝန်း တဲ့အတွက် မိသားစုများတဲ့ သူတွေအတွက် လည်း
အဆင်ပြေမယ့် အိမ်လေးတစ်အိမ်ပဲ ဖြစ်ပါတယ်။ အိမ်လေးက လုံးချင်းတစ်ထပ် တိုက်လေးဖြစ်ပြီး
အိမ်တွင်းအပြင်အဆင်တွေ ကတော့ ရေချိုးခန်းနဲ့ အိမ်သာတွဲထားတဲ့ အိပ်ခန်းကျယ်တစ်ခန်း၊
တစ်ယောက်အိပ်ခန်း နှစ်ခန်း၊ ရေချိုးခန်းတစ်ခန်းနဲ့ မီးဖိုချောင်ခန်း တစ်ခန်းတို့ ပါ၀င်ပါတယ်။

အိမ်လေးမှာ အိမ်တွင်းပရိဘောဂ ပစ္စည်း တွေ မပါ၀င်ပေမယ့် လေအေးပေးစက် ငါးလုံး၊ တယ်လီ
ဖုန်းတစ်လုံးနဲ့ ရေ၊ မီးအစုံအလင် ပါ၀င်ပါတယ်။ ကားတစ်စီးရပ်နားနိုင်မယ့် ကား ဂိုဒေါင်လည်း
ပါ၀င်ပါတယ်။ အိမ်ရဲ့သက်တမ်းကတော့ ၁၀ ခန့်ရှိပြီး အိမ်အတွင်းအပြင်အားလုံးကို သေချာပြန်
လည် မွမ်းမံထားပါတယ်။

အိမ်ရဲ့တည်ဆောက်မှုပုံစံ က ခ့ံထည်ပြီး အိမ်အတွင်းအပြင်ဒီဇိုင်းက သပ်ရပ်လှပပါတယ်။ အတွင်း
ပိုင်းမှာ ကျွန်း ပါကေးခင်းထားပြီး ရေချိုးခန်းနဲ့ မီးဖိုချောင်ကို တော့ကြွေပြားကပ်ထားပါတယ်။
အိမ်လေးရဲ့ တည်နေရာကလည်း ဗဟန်း မြို့နယ်၊ တက္ကသိုလ်ရိပ်သာလမ်းလို အချက်အချာ
ကျတဲ့နေရာမှာ ရှိတဲ့အတွက် သွားရေး လာရေး အဆင်ပြေစေမှာ ဖြစ်ပါတယ်။

အင်းလျားကန်နဲ့ မလှမ်းလှတဲ့နေရာမှာ တည်ရှိတာကြောင့်လည်း စိတ်အပန်းဖြေဖို့ လမ်းလျှောက်
တာပဲဖြစ်ဖြစ် ကျန်းမာရေးအတွက် ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာပဲဖြစ်ဖြစ် ကြိုက်တာလုပ်နိုင်
တဲ့ အနေအထားမှာလည်း ရှိပါတယ်။

လမ်းပန်းဆက်သွယ်ရေးလည်းကောင်းပြီး အချက်အချာကျတဲ့နေရာမှာ ခြံဝင်းကျယ်ကျယ် နဲ့ တွဲ
လျက်ရှိတဲ့အတွက် အိမ်နဲ့ ကုမ္ပဏီရုံးခန်း တွဲဖက်ဖွင့်လှစ်ဖို့လည်း အဆင်ပြေနိုင်ပါတယ်။ အိမ်လေးနဲ့အတူ ခြံဝင်းကျယ်ကြီးပါရှိတာကြောင့် ပေါင်းသင်းဆက်ဆံရေးအတွက် ဧည့်ခံပွဲတွေ၊
ပါတီပွဲတွေကို တစ်သီးတစ်သန့် လုပ်လိုသူတွေအတွက်လည်း အကြိုက်တွေ့မယ့် အိမ်လေး
လည်းဖြစ်ပါတယ်။

အိမ်တည်နေရာက လှည်းတန်းနဲ့ သိပ်မဝေးတဲ့အတွက် ဈေးဝယ်ဖို့ အဆင်ပြေနိုင်ပါတယ်။ ကား
ခဏလေးမောင်းလိုက်ရုံနဲ့ လိုချင်တာရနိုင် တဲ့ လှည်းတန်းလိုနေရာကို ရောက်နိုင်ပြီး အလွယ်
တကူ ဈေးဝယ်နိုင်ပါတယ်။ ဒီအိမ်လေးက အချက်အချာကျတဲ့နေရာမှာ တည်ရှိပြီး တိတ်ဆိတ်တဲ့
ပတ်ဝန်းကျင်ကို နှစ်သက်မယ့်သူတွေ လက်မလွှတ်သင့်တဲ့ အိမ်လေးတစ်လုံးပဲ ဖြစ်ပါတယ်။
အငှားဈေးက တစ်လကို ဒေါ်လာ ၆,၅၀၀ ဖြစ်ပါတယ်။

ငှားရမ်းမယ်ဆိုပါက အနည်းဆုံး တစ်နှစ်စာချုပ် ချုပ်ရမှာဖြစ်ပြီး ကာလကြာရှည် ငှားရမ်းချင်ရင်
လည်း နှစ်ဦးနှစ်ဖက် ညှိနှိုင်းငှားရမ်းနိုင်ပါတယ်။ ဒီလုံးချင်းတိုက်အိမ်လေးကို ငှားရမ်းဖို့ စိတ်ဝင်
စားသူတွေက Estate Myanmar အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းကို ဆက်သွယ် မေးမြန်းနိုင်
ပါတယ်။ ဖုန်းနံပါတ်ကတော့ ၀၉-၄၃၁၁၈၇၈၇ နဲ့ ၀၉-၇၃၁၁၄၈၆၀ တို့ ဖြစ်ပြီး အချိန်မရွေး
ဆက်သွယ်နိုင်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်