ဆောက်လုပ်ရေးဝန်ကြီးဌာန အောက်ရှိ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနက ရေးဆွဲကာ
ပြည်သူ့လွှတ်တော်တွင်တင်ပြ ထားသည့် ကွန်ဒိုမီနီယံဥပဒေအရ ရန်ကုန် မြို့တော်အတွင်းရှိ
ကွန်ဒိုအဆောက်အအုံအများစုမှာ အဆိုပါဥပဒေနှင့်ကိုက်ညီမှုနည်းပါးကြောင်း ရန်ကုန်မြို့တော်
စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ)မှ ဒုတိယညွှန်ကြားရေးမှူး
ဦးနေဝင်းက မြန်မာတိုင်း(မ်)ကို ပြောသည်။
"အခု ရန်ကုန်မြို့မှာရှိတဲ့ ကွန်ဒိုတော်တော် များများက ကွန်ဒိုမီနီယံလို့ ပြောလို့မရဘူး။ ဆောက်
လုပ်သူတွေကလည်း အိုးအိမ်ကရေးဆွဲ ထားတဲ့ ကွန်ဒိုမီနီယံ ဥပဒေထဲမှာပါတဲ့အချက် တွေနဲ့
ကိုက်ညီအောင်မဆောက်ကြဘူး။ အခုချိန် ထိ အဲဒီဥပဒေထဲကအတိုင်း တည်ဆောက်ထား တဲ့
အဆောက်အအုံတစ်ခုမှ မတွေ့သေးဘူး။ ဒါကြောင့် ကွန်ဒိုလို့သာပြောနေပေမယ့် ကွန်ဒိုလို့
သတ်မှတ်လို့ မရဘူး" ဟု ၎င်းကပြောသည်။
ရေးဆွဲထားသည့် ကွန်ဒိုမီနီယံဥပဒေတွင် ကွန်ဒိုမီနီယံတည်ဆောက်ရာတွင် အဓိကပါ၀င် ရမည့်
အချက်မှာ ယင်းအဆောက်အအုံ တည် ဆောက်ရာမြေသည် အစိုးရပိုင်မြေနှင့် ဌာနပိုင် မြေများ
မဟုတ်ဘဲ နှစ် ၆၀ ဂရန်ပေါက်မြေ သို့မဟုတ် ဘိုးဘွားပိုင်မြေဖြစ်ရမည်ဆိုသည့်အချက်ဖြစ်ပြီး
လက်ရှိရန်ကုန်မြို့ရှိ ကွန်ဒိုအဆောက်အအုံအများစုမှာ အငှားမြေများပေါ်တွင်သာ တည်ဆောက်
ထားသည့်မြေများဖြစ်ကြောင်း ၎င်းကပြောသည်။
"ကွန်ဒိုမီနီယံလို့ ပြောလိုက်တာနဲ့ အဲဒီကွန်ဒို မှာနေတဲ့သူတွေက ကွန်ဒိုဆောက်ထားတဲ့ မြေကြီးကိုပိုင်တယ်။ နေထိုင်တဲ့သူအားလုံး မြေကြီးကိုအချိုးကျပိုင်တယ်။ အခုကွန်ဒိုတွေက မြေကြီးကို ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေပဲ ပိုင်ကြတယ်။ ကွန်ဒိုမှာနေထိုင်
တဲ့သူတွေ အဲဒီ မြေကို အချိုးကျပိုင်ရမယ်ဆိုတဲ့အချက်က ဥပဒေ ထဲမှာ အဓိကအချက်ဆိုတော့
အခုအဲဒီလို ဆောက်ထားတဲ့ ကွန်ဒိုအားလုံးက ကွန်ဒိုတွေမဟုတ်ကြဘူး" ဟု ၎င်းကပြောသည်။
ရန်ကုန်မြို့ရှိ ကွန်ဒိုမီနီယံဟု သတ်မှတ်ထား သည့် အဆောက်အအုံ အများစုသည် အစိုးရ က
ငှားရမ်းထားသည့်မြေများနှင့် စည်ပင်သာယာ မြေများတွင်တည်ဆောက်ထားသည့် အဆောက်
အအုံများဖြစ်သည်။ ထိုကဲ့သို့ မြေငှားမြေပေါ် တွင်တည်ဆောက်ထားသည့် အဆောက်အအုံ တွင်
နေထိုင်သူများမှာ မြေပိုင်ဆိုင်မှုမရှိသည့် အတွက် အချိန်ကာလကြာမြင့်သည့်အခါတွင် အခက်
အခဲများရှိလာနိုင်ကြောင်း ဦးနေဝင်း က ပြောသည်။
"ကွန်ဒိုမှာ နေထိုင်တဲ့သူတွေက မြေမပိုင်ဆိုင် တဲ့အခါ၊ အချိန်တွေကြာလာလို့ အဆောက်အအုံ
ချို့ယွင်းလာပြီး ပြန်ပြင်ဆောက်ချင်တဲ့ အခါ အငြင်ပွားစရာတွေဖြစ်လာနိုင်တယ်။ မြေပိုင်ရှင်
ကတော့ သူပိုင်ဆိုင်တဲ့မြေကို သဘောအတိုင်းပြုလုပ်နိုင်ပေမယ့် ကွန်ဒိုမှာနေတဲ့သူတွေကတော့
မြေပိုင်ရှင်ခွင့်ပြုချက်ရမှဖြစ်မှာ။ နောက်ပြီး ကွန်ဒိုမှာနေထိုင်တဲ့သူတွေက ကွန်ဒိုဆောက်ထားတဲ့
အဆောက်အအုံရဲ့မြေအတွက်လည်း မြေငှားခကို လစဉ်ပေးရတာတွေလည်း ရှိတယ်။ ကွန်ဒိုမီနီ
ယံဥပဒေမှာဆို အဲဒါတွေမရှိဘူး" ဟု ၎င်းကပြောသည်။
ထို့ပြင် နိုင်ငံခြားသားဆောက်လုပ်ရေး လုပ်ငန်းရှင်များကလည်း အစိုးရထံမှ Build Operate and
Transfer- (BOT) စနစ်ဖြင့် နှစ် ၅၀ နှင့် ထပ်ဆောင်းကာလ ၁၀ နှစ် နှစ်ကြိမ် ကျဖြင့် မြေငှားရမ်း
ကာ ကွန်ဒိုတည်ဆောက်မှု များရှိလာခဲ့သည့်အတွက် ယင်းကဲ့သို့သော ကွန်ဒိုများကို ရောင်းချပါက
မြေပိုင်ဆိုင်မှုမရှိခြင်းကို ပွင့်လင်းစွာဖော်ပြကာ ရောင်းချသင့်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေဝန်
ဆောင်မူ အသင်းမှ အထွေထွေအတွင်းရေးမှူး ဒေါ်မို့မို့ အောင်က ပြောသည်။
"နိုင်ငံခြားသား ဆောက်လုပ်ရေးလုပ်ငန်း ရှင်တွေကလည်း သူတို့ဆောက်မယ့်ကွန်ဒိုတွေကို
ရောင်းရင် ဒီကွန်ဒိုကတော့ အစိုးရဆီက ြဥွှ စနစ်နဲ့မြေငှားပြီး တည်ဆောက်ထားတဲ့ အကြောင်း၊
နှစ် ရ၀ ပိုင်ဆိုင်မှုရှိတယ်ဆိုတဲ့ အကြောင်းတွေကို ပွင့်ပွင့်လင်းလင်း ပြောပြီး ရောင်းသင့်ပါတယ်။
ဒါမှသာ ကွန်ဒိုဝယ်မယ့်သူ တွေကလည်း ၀ယ်ယူသင့် မသင့်ကို ချင့်ချိန်နိုင် မှာပါ" ဟု ၎င်းကပြော
သည်။
ကွန်ဒိုမီနီယံဥပဒေတွင်လည်း ကွန်ဒိုအခန်း ပိုင်ဆိုင်သူများသည် မြေပိုင်ဆိုင်မှုခိုင်မာပါက
ယင်းကွန်ဒိုအခန်းကို ဘဏ်တွင်ပေါင်နှံခွင့် ရှိသော်လည်း မြေပိုင်ဆိုင်မှုမခိုင်လုံသည့် ကွန်ဒို
အခန်းပိုင်ရှင်များမှာလည်း ဘဏ်တွင်ရောင်း နှံခွင့် ရှိ မရှိကိုလည်း ကွဲပြားစွာသိရှိသင့်ကြောင်း
၎င်းကပြောသည်။
"မြေပါပိုင်တဲ့ ကွန်ဒိုနေထိုင်သူတွေက ဘဏ် မှာ သူတို့အခန်းကို ပေါင်နှံခွင့်ရှိသလို အစိုးရ ကနေ
မြေငှားထားပြီး ြဥွှ စနစ်နဲ့ ဆောက်တဲ့ကွန်ဒိုမှာ နေထိုင်သူတွေကလည်း ဘဏ်မှာပေါင်နှံခွင့်ရှိလား
ဆိုတာကို မေးခွန်းထုတ်စရာ ဖြစ်လာပါတယ်။ အဲဒါကို ကွဲကွဲပြားပြားသိဖို့လိုပါတယ်။ နေထိုင်သူ
တွေက ကိုယ်ပိုင်ဆိုင်တဲ့အခန်းကို ဘာမှမလုပ်နိုင်တဲ့ အခြေအနေတွေဖြစ်လာခဲ့ရင် အဆင်မပြေပါ
ဘူး" ဟု ၎င်းကပြောသည်။
ဆောက်လုပ်ရေးလုပ်ငန်းရှင်များမှာ ကွန်ဒို မီနီယံဥပဒေတွင် ကွန်ဒိုမီနီယံ၌ နေထိုင်မည့် သူများ၏ ရရှိနိုင်မည့်အခွင့်အရေးများနှင့် ဆောက်လုပ်ရေးလုပ်ငန်းရှင်များ၏ရပ်တည်ချက်များ ပံ့ပိုးပေးနိုင်
မည့်အချက်များကို ယင်းဥပဒေတွင် ထည့်သွင်းဖော်ပြနိုင်ရန် အကြံ ပေးထားကြောင်း မြန်မာနိုင်ငံ
ဆောက်လုပ်ရေး လုပ်ငန်းရှင်များအသင်း ဒုတိယဥက္ကဋ္ဌ ဦးသာ အေးက ပြောသည်။
"အဓိကကတော့ ကွန်ဒိုမီနီယံဥပဒေမှာ ကွန်ဒိုမှာနေထိုင်မယ့်သူတွေရဲ့ အဆင်ပြေပြေ နေထိုင်နိုင်ဖို့၊
သူတို့တွေရဲ့အခွင့်အရေးတွေရဖို့နဲ့ ကွန်ဒိုမီနီယံနဲ့ ပတ်သက်တဲ့စီမံခန့်ခွဲမှု တွေ စနစ်ကျဖို့အတွက်
ဒီဥပဒေကိုရေးဆွဲကြ တာပါ။ ဒီအရာတွေကို ဦးစားပေးစေချင်ပါ တယ်။ ကွန်ဒိုမီနီယံဥပဒေကလည်း
ကျယ်ပြန့်တဲ့ ဥပဒေတစ်ခုဖြစ်တဲ့အတွက် မြေပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး နိုင်ငံတော်ပိုင်မှာပဲဖြစ်ဖြစ်၊
ပုဂ္ဂလိကပိုင်မှာ တည်ဆောက်တာပဲဖြစ်ဖြစ်၊ အားလုံးကတော့ သူ့ရပ်တည်မှုနဲ့သူ အခွင့် အရေး
တွေရှိပါတယ်" ဟု ၎င်းကပြောသည်။
လွှတ်တော်သို့တင်ပြထားသည့် ယင်းဥပဒေတွင် နိုင်ငံခြားသားများမှာ မြန်မာနိုင်ငံ၌ ကွန်ဒို
လေးထပ်နှင့်အထက်အခန်းများကို ၄၀ ရာခိုင်နှုန်းအထိ ၀ယ်ယူနိုင်မည်ဖြစ်ကြောင်း ဦးနေဝင်းက
ပြောသည်။
















