အိမ်ပိုင်ရှင်အများစု အိမ်ငှားရမ်းခွန်ဆောင်မှု လွန်စွာနည်းပါးနေသေး

အိမ်ပိုင်ရှင်အများစု အိမ်ငှားရမ်းခွန်ဆောင်မှု လွန်စွာနည်းပါးနေသေး

ပြည်ထောင်စုလွှတ်တော်မှ မတ်လအတွင်း အတည်ပြုပြောင်းလဲလိုက်သည့် ၀င်ငွေခွန်ဥပဒေ
အရ ရန်ကုန်မြို့တွင်း အိမ်ပိုင်ရှင်များမှာ အိမ်ငှားရမ်းသည့်အခါ ၎င်းတို့၏ တစ်နှစ်စာငှားရမ်းခ
၀င်ငွေသည် ကျပ်သိန်း ၂၀ ထက် ကျော်လွန်ပါက အခွန်ပေးဆောင်ရမည်ဖြစ်ပြီး ယင်းကဲ့သို့
အိမ်နှင့်မြေ ငှားရမ်းသည့် ပိုင်ရှင်များ မှ အခွန်ဦးစီးဌာနတွင် ယခင်ပေးဆောင်ရသည့် အခွန်နှုန်း
ထားများတွင် အခွန်ထမ်းဆောင်သူဦးရေမှာ မရှိသလောက်နည်းပါးကြောင်း ပြည်တွင်းအခွန်
များဦးစီးဌာနမှ တာဝန်ရှိသူများက မြန်မာတိုင်း(မ်)ကို ပြောသည်။

"အိမ်ပိုင်ရှင်တွေက သူတို့ရဲ့ဝင်ငွေရဲ့ တစ်နှစ် စာရရှိတဲ့ဝင်ငွေပေါ်မှာ အခွန်ပေးဆောင်ရပါ တယ်။
အဲဒီလို အိမ်ရှင်တွေကနေအခွန်ပေးဆောင် သူက အရင်ကတည်းက မရှိသလောက် နည်း တယ်။
လူဦးရေတစ်ရာမှာ ဆယ်ယောက်လောက် ပဲ အလိုက်တသိနဲ့ဆောင်ကြတယ်။ ကျန်တာက
တော့ သူတို့တွေ ငွေချေးချင်တဲ့အခါမှာ ၀င်ငွေ ရှိပါ တယ်ဆိုတာမျိုး ဖော်ပြချင်တဲ့အခါကျရင်
တော့ အခွန်လာဆောင်တာတွေတော့ ရှိပါ တယ်" ဟု ပြည်တွင်းအခွန်များဦးစီးဌာန၏ တန်ဖိုး
ဖြတ်ဌာနမှ ဦးလှဌေးဦးက ပြောသည်။

ပြီးခဲ့သည့်နှစ်တွင် အိမ်မြေငှားရမ်းသည့် ပိုင်ရှင်များ၏ အခွန်ပေးဆောင်ရနှုန်းသည် ငှားရမ်းခ၏
အမြတ်စွန်းငွေ ကျပ် ၁၂ သိန်းကျော်လျင် အခွန်စတင်ပေးဆောင်ရသည်။ သို့သော် ကုန်သွယ်
လုပ်ငန်းခွန်ဥပဒေတွင် အိမ်ငှားရမ်းခြင်းဝန်ဆောင်မူလုပ်ငန်းသည် အခွန်မကျသင့်သည့်ဝန်ဆောင်
မူလုပ်ငန်း ၂၆ မျိုးထဲတွင် ပါ၀င်ခဲ့သည်။

သို့သော် ၀င်ငွေခွန်ဥပဒေအရ အိမ်နှင့် မြေ ပိုင်ရှင်များမှာ ၎င်းတို့၏ တစ်နှစ်ဝင်ငွေ ကျပ် သိန်း ၂၀
ကျော်လွန်ပါက အခွန်ပေးဆောင်ရ မည် ဖြစ်သော်လည်း အဆိုပါအခွန်မပေးဆောင် မီ အိမ်ငှား
ရာတွင် အသုံးပြုသည့်ပြင်ဆင်စရိတ် နုတ်နိုင်ပြီး အခြေခံသက်သာခွင့် ၂၀ ရာခိုင်နှုန်း နှင့် အိမ်
ထောင်နှင့်မိသားစုရှိပါက ဇနီးနှင့် သားသမီးသက်သာခွင့်များ ရရှိမည်ဖြစ်ကာ ဇနီးသက်သာခွင့်မှာ
ကျပ်ငါးသိန်းနှင့် သားသမီး သက်သာခွင့်မှာ တစ်ဦးလျှင် ကျပ်သုံးသိန်းရရှိသည်။

အဆိုပါ ပြင်ဆင်စရိတ်နှင့် သက်သာခွင့်များ ထုတ်နုတ်ပြီးမှသာလျင် ကျန်ရှိသည့် ၀င်ငွေသည်
ကျပ် သိန်း ၂၀ ကျော်လွန်ပြီး ကျပ် သိန်း ၅၀ အတွင်းဖြစ်ပါက ၀င်ငွေ၏ ငါးရာခိုင်နှုန်း ပေးဆောင်
ရမည် ဖြစ်သည်။

ထို့ပြင် ကျပ်သိန်း ၅၀ နှင့် သိန်း ၁၀၀ အတွင်း ဖြစ်ပါက ၀င်ငွေ၏ ၁၀ ရာခိုင်နှုန်း၊ ကျပ်သိန်း ၁၀၀
နှင့် ၂၀၀ ကြားဖြစ်ပါက ၁၅ ရာခိုင်နှုန်း ပေးဆောင်ရမည်။ ကျပ်သိန်း ၂၀၀ နှင့် ၃၀၀ ကြား ရှိပါက
၀င်ငွေ၏ ၂၀ ရာခိုင်နှုန်းနှင့် ကျပ်သိန်း ၃၀၀ အထက်ဖြစ်ပါက ၂၅ ရာခိုင်နှုန်း ပေးဆောင် ရမည်
ဖြစ်သည်။

ယခင်က နိုင်ငံခြားဝင်ငွေဖြင့်ငှားရမ်းသည့် ပိုင်ရှင်များမှာမူ ၀င်ငွေ၏ ၁၀ ရာခိုင်နှုန်း အခွန်ပေး
ဆောင်ရသော်လည်း ပြီးခဲ့သည့် ၂၀၁၃ ခုနှစ် မှ စတင်၍ အဆိုပါအခွန်အား မကောက်ခံတော့
ကြောင်း တာဝန်ရှိသူများက ပြောသည်။ ယခုကဲ့သို့ အိမ်ခြံမြေငှားရမ်းခြင်းအား အခွန်ကောက်
ခံခြင်းသည် ယခင်ကတည်းကပင် ကောက်ခံခဲ့သော်လည်း အခွန်ဆောင်သူ နည်းပါး သကဲ့သို့
အခွန်ဆောင်ရန်ကို သိရှိသူမှာလည်း နည်းပါးကြောင်း Phoenix အိမ်ခြံမြေ အကျိုးဆောင်မှ
ပိုင်ရှင်ဖြစ်သူ ကိုထွန်းထွန်းက ပြောသည်။

"အခွန်ကောက်တာကတော့ အရင်ကတည်းကရှိခဲ့တယ်။ ဒါပေမဲ့ မသိကြတဲ့သူက တော်တော်
များကြတယ်။ တချို့ကလည်း ဆောင်ကြတယ် တချို့ကလည်း ပိုင်ရှင်မရှိတာတို့ ပိုင်ရှင်က
နိုင်ငံခြားရောက်နေတယ်လို့ပြောပြီး မဆောင်ကြဘူး။ အခုဒီလို ပြန်ပြီးတရားဝင်ထုတ်ပြန်
တော့လည်း အားလုံးသိကြတာပေါ့" ဟု ၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်