တောင်ဥက္ကလာ စီမံကိန်းမြေနေရာတွင် ဆောက်လုပ်ရေးလုပ်ငန်းများ ၀င်ရောက်လာ

တောင်ဥက္ကလာ စီမံကိန်းမြေနေရာတွင် ဆောက်လုပ်ရေးလုပ်ငန်းများ ၀င်ရောက်လာ

တောင်ဥက္ကလာပမြို့နယ် စီမံကိန်းရပ်ကွက်တွင် မြေဈေးများတစ်နှစ်အတွင်း ထက်ဝက်နီးပါး
တက်သွားသော်လည်း မြို့နယ်အတွင်းအခြား နေရာများနှင့်ယှဉ်လျှင် မြေဈေးသက်သာသည့်
အတွက် ဆောက်လုပ်ရေးလုပ်ငန်းရှင်များပိုမိုဝင်ရောက်လာကြောင်း အိမ်ခြံမြေအကျိုးဆောင်
များက ပြောသည်။

"ပထမကတော့ ဒီမှာဆောက်လုပ်ရေး လုပ်ငန်းတွေ လုံးဝမရှိဘူး။ အရင်တုန်းက စစ်သားမိသား
စုတွေနေဖို့ ပေးထားတဲ့ နေရာလေ။ အခြေအနေအကြောင်းအမျိုးမျိုးကြောင့် တစ်ဆင့် ပြီးတစ်
ဆင့်ရောင်းသွားကြတာ။ အဲဒီတော့ မြေပိုင်ဆိုင်မှု ပြဿနာတွေကလည်းရှိတော့ ဆောက်လုပ်
ရေးတွေက မဝင်တာများတယ်" ဟု အဆိုပါရပ်ကွက်နေ ကိုဇာနည်ကပြောသည်။

တောင်ဥက္ကလာပမြို့နယ် ပတ်ဝန်းကျင်ရှိ မြေနေရာများ ဈေးတက်လာသော်လည်း ၁၄ ရပ်ကွက် (စီမံကိန်း) မြေနေရာသည် ဈေးများမြင့်တက်ခြင်းမရှိပဲရှိခဲ့သော်လည်း ယခုတစ်နှစ်အတွင်းတွင်
မြေဈေးများထက်ဝက်နီးပါးမြင့်တက်သွားသည်ဟု အိမ်ခြံမြေအကျိုးဆောင် ဒေါ်လှကပြောသည်။

"ဒီမှာက ကျူးကျော်မြေတွေလည်းရှိနေတာဆိုတော့ မြေပိုင်ဆိုင်မှုကိုတော့ သေချာစစ်ဆေး
ရတယ်။ကျွန်တော်တို့က ဂရန်ပါတဲ့မြေနေရာ မှာပဲဆောက်တာ။ စီမံကိန်း မြေနေရာက ဈေးတက်
သွားတယ်ဆိုပေမယ့် တောင်ဥက္ကလာပ မြို့နယ်ထဲက တစ်ခြားမြေဈေးထက်သက်သာနေတော့
ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေဝင်လာတာပါ" ဟု Golden Boat ဆောက်လုပ်ရေး မှ ကိုဝေယံ
ကပြောသည်။

စီမံကိန်းမြေနေရာများသည် တစ်နှစ်အတွင်း မြေဈေးထက်ဝက်နီးပါးတက်သွားပြီး ပေ ၂၀ မြေ
ကွက်ဆိုလျှင် ကျပ်သိန်း ၆၀ ၀န်းကျင်ရှိပြီး ပေ ၄၀ မြေကွက်မှာ ကျပ် သိန်း ၁၀၀ ၀န်းကျင် ရှိပြီး
ယခင်က ကျပ်သိန်း ၃၀ မှ ၅၀ ၀န်းကျင်သာရှိကြောင်း ဒေါ်လှကပြောသည်။

"တောင်ဥက္ကလာပက မြေဈေးကတော့ တက် နေမှာပဲ။ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ လည်း
အဲဒီနေရာတွေကို အရမ်းသဘောကျ တယ်။ ဘာလို့လဲဆိုတော့ အထပ်မြင့် ဆောက် လို့ရလို့
စိတ်ဝင်စားကြတာပါ။ အဲဒါကြောင့် မြေဈေးကအတက်ဘက်ကိုပဲ ဦးတည်နေတာပါ" ဟု ရွှေကံ
မြေအိမ်ခြံမြေအကျိုးဆောင်မှ ဦးခင်မောင်အေးက ပြောသည်။

အဆိုပါမြေနေရာတွင် ဆောက်လုပ်ရေး လုပ်ငန်းများသည် တစ်ခြမ်းပေးတစ်ခြမ်းယူ စနစ်ဖြင့်သာ
တည်ဆောက်ကြပြီး တိုက်ခန်းဝယ် ယူမှုများ၊ အငှားများနှင့် ကြိုပွိုင့် ၀ယ်ယူသည့်ဈေးကွက်မှာ
လည်းကောင်းမွန်ပြီး အရောင်းအဝယ်ဈေးကွက်လည်း ကောင်းမွန်ကြောင်း ကိုဝေယံက
ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်