တိုးတက်လာသည့် မြန်မာနိုင်ငံ၏ အိမ်ခြံမြေနှင့် ဆောက်လုပ်ရေး ကဏ္ဍကို ပြည်ပလုပ်ငန်းရှင်များ အလေးထားစောင့်ကြည့်လာ

တိုးတက်လာသည့် မြန်မာနိုင်ငံ၏ အိမ်ခြံမြေနှင့် ဆောက်လုပ်ရေး ကဏ္ဍကို ပြည်ပလုပ်ငန်းရှင်များ အလေးထားစောင့်ကြည့်လာ

မြန်မာနိုင်ငံ၏ ပြောင်းလဲလာသည့် နိုင်ငံရေးနှင့် စီးပွားရေးများကြောင့် နိုင်ငံတကာရင်းနှီးမြှုပ်နှံ
သူများက တစ်နေ့တခြား ပိုမိုစိတ်ဝင်စားလျက် ရှိကြသည်မှာ အမှန်ပင်ဖြစ်သည်။ ထိုသို့သောပြောင်းလဲမှုများထဲတွင် မြန်မာ နိုင်ငံ၏ ဆောက်လုပ်ရေးလုပ်ငန်းများနှင့် အိမ် ခြံမြေ
ကဏ္ဍသည်လည်း တစ်ခုအပါ၀င်ဖြစ်ရာ ယခုအခါတွင် ပြည်တွင်း ပြည်ပရင်းနှီးမြှုပ်နှံမှု အများဆုံး
ပြုလုပ်လာသည်ကို တွေ့ရသည်။

ထိုကဲ့သို့ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ဆောက်လုပ်ရေးလုပ်ငန်းများတွင် မြန်မာနိုင်ငံ၏
စီးပွားရေး အချက်အချာကျ သည့် ရန်ကုန်မြို့သည်လည်း ပြည်တွင်းပြည်ပ ဆောက်လုပ်ရေး
လုပ်ငန်းရှင်များ၏ မျက်စိကျရာ နေရာတစ်ခု ဖြစ်ခဲ့သည်။ ထို့ကြောင့် ရန်ကုန်မြို့၏ ဆောက်လုပ်
ရေးနှင့် အိမ်ခြံမြေလုပ်ငန်းသည် နိုင်ငံတော်၏ နိုင်ငံရေး နှင့် စီးပွားရေးပွင့်လင်းမှု ပိုရရှိပါက နိုင်ငံ
တကာ က စိတ်ဝင်တစားနှင့် ရင်းနှီးမြှုပ်နှံမှုမှာ ပိုမိုတိုးတက်လာနိုင်ကြောင်း နိုင်ငံတကာ လုပ်ငန်း
ရှင်များနှင့် ပညာရှင်များက ပြောသည်။

ထို့ပြင် ရန်ကုန်မြို့တွင် အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးဆိုင်ရာဆွေးနွေးပွဲများနှင့် နည်းပညာပြပွဲ
များ နိုင်ငံတကာကလာရောက် ဦးဆောင်၍ ကျင်းပမှုများလည်း အများအပြားရှိလာခဲ့ပြီး ယင်း
ကဲ့သို့ ပြုလုပ်ခြင်းဖြင့် မြန်မာနိုင်ငံတွင် အိမ်ခြံမြေနှင့် ဆောက်လုပ်ရေးဆိုင်ရာ ရင်းနှီး မြှုပ်နှံမှုများ
အတွက် အခွင့်အလမ်းများ ပိုမိုရလာနိုင်ကြောင်း မေလ ၂၆ ရက်နေ့နှင့် ၂၇ ရက် နေ့အတွင်း
ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ အိမ်ခြံမြေနှင့် မြို့ပြတည်ဆောက်မှုဆိုင်ရာ ဆွေးနွေးပွဲကို
စီစဉ်ကျင်းပသည့် စင်ကာပူ နိုင်ငံ Sphere ကုမ္ပဏီ ဥက္ကဋ္ဌ Mr. Chua Weeကပြောသည်။

"လက်ရှိလူဦးရေ သန်း ၆၀ နီးပါးနဲ့အတူ စီးပွားရေးအရှိန်အဟုန်မြင့်မြင့်တိုးတက်နေတဲ့
မြန်မာနိုင်ငံက အခြေခံ အဆောက်အအုံနဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေမှာ တိုးတက်ဖို့
အခွင့်အလမ်းတွေ အများကြီးရှိပါတယ်။ လွန်ခဲ့ တဲ့ နှစ်နှစ်အတွင်းမှာ ရန်ကုန်နဲ့ မန္တလေး
အိမ် ဈေးနှုန်းတွေ ခုန်တက်ခဲ့တာကို ကြည့်ရင်သိသာ ပါတယ်။ နောက်ပြီး မြန်မာနိုင်ငံရဲ့
ဆောက်လုပ် ရေးကဏ္ဍကလည်း အဆောက်အအုံတွေ အရှိန် အဟုန်နဲ့ တည်ဆောက်နေ
ကြပါတယ်။ ဒီလိုမျိုး အရှိန်အဟုန်မြင့်တက်နေတဲ့အချိန်မှာ နိုင်ငံတကာက နည်းပညာတွေ
အတွေးအခေါ်တွေနဲ့ ပူးပေါင်းလုပ်ဆောင်မယ်ဆိုရင် ရင်းနှီးမြှုပ်နှံမှုပိုင်းက ပိုမိုအောင်မြင်နိုင်မှာ
ဖြစ်တဲ့အတွက် ပြပွဲ တွေ ဆွေးနွေးပွဲတွေက ဒီအခွင့်အလမ်းတွေ ဖန်တီးပေးမှာပါ" ဟု ၎င်းက
ပြောသည်။

ထို့ပြင် အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုသည်လည်း စီးပွားရေးကဏ္ဍတွင် အရေးပါလာသည့်အလျောက်
လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှု ပိုင်းမြင့်တက်လာခဲ့မှုနှင့်အတူ အိမ်ခြံမြေဈေးနှုန်း များလည်း
အဆမတန်ကြီးမြင့်မှုများ ဖြစ်ပေါ် ခဲ့သည်။ ရန်ကုန်မြို့တွင်းရှိ မြေဈေးနှုန်းများ သည် တစ်စတု
ရန်းမီတာလျှင် 'ကန်' ဒေါ်လာ ၁,၀၀၀ မှ ၃,၀၀၀ အတွင်းရှိသည်။

ယင်းကဲ့သို့ ရန်ကုန်မြို့တွင် အိမ်ခြံမြေဈေးကြီးမြင့်မှုများကြောင့် ဆောက်လုပ်ရေးနှင့် အိမ်ခြံမြေ
ရင်းနှီးမြှုပ်နှံမှုပိုင်းတွင် အခက်အခဲများဖြစ်လာသည့်အတွက် နိုင်ငံတော်အစိုးရက ယင်းကဲ့သို့မြင့်
မားနေမှုကို တည်ငြိမ်စေရန် ပူးပေါင်းပါ၀င်ဆောင်ရွက်ပါက ပိုမိုအဆင်ပြေနိုင်ကြောင်း ၎င်းကပြော
သည်။

"ရန်ကုန်မြို့က အိမ်ခြံမြေကဏ္ဍက စီးပွားရေးပိုင်းမှာ အဓိကကျတာကို တွေ့လာရပါတယ်။ အဓိ
ကကျလာမှုနဲ့အတူ အိမ်ခြံမြေဈေးနှုန်းမြင့်တက်မှုကလည်း ရင်းနှီးမြှုပ်နှံမှုပိုင်းမှာ အရေးပါလာပါ
တယ်။ ဒီလို အိမ်ခြံမြေဈေးနှုန်း မြင့်တက်မှုက လူတွေကို စိုးရမ်ပူပန်မှုဖြစ်စေပါတယ်။ ရင်းနှီးမြှုပ်နှံမှုပိုင်းမြင့်တက်လာမှုနဲ့အတူ ဈေးတွေပါ မြင့်တက်လာတာကတော့ မကောင်းဘူးလို့
ထင်ပါတယ်။ အဲ့ဒါကြောင့် အစိုးရကလည်း ဒီအတွက် တည်ငြိမ်တဲ့ ဈေးနှုန်း တွေ ဖြစ်လာအောင်
ပူးပေါင်းပါ၀င်ဆောင်ရွက် ပေးမယ်လို့ ယုံကြည်ပါတယ်" ဟု ၎င်းက ပြောသည်။

ထို့ပြင် ဆောက်လုပ်ရေးလုပ်ငန်းပိုင်းတွင် လည်း နိုင်ငံတကာက လုပ်ငန်းရှင်များသည်
မြန်မာနိုင်ငံတွင် ယခုထက်ပိုမိုကာ ရင်းနှီးမြှုပ်နှံ နိုင်ရန် မြန်မာနိုင်ငံတွင်ပြုလုပ်သည့် ပြပွဲ၊
ဆွေးနွေးပွဲများမှတစ်ဆင့် ဈေးကွက်အတွင်းလေ့လာကာ နိုင်ငံတော်အစိုးရ၏ စီးပွားရေး အခွင့်
အလမ်းပွင့်လင်းမှုကိုလည်း ဆက်လက် စောင့်ကြည့်နေကြောင်း ပြည်ပဆောက်လုပ်ရေး လုပ်ငန်း
ရှင်များက ပြောသည်။

"ကျွန်မတို့ရဲ့လုပ်ငန်းကို မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်မှာ စပြီး ရုံးခွဲဖွင့်လှစ်ခဲ့ပါတယ်။ မြန်မာနိုင်ငံက
ဆောက်လုပ်ရေးပိုင်းမှာရော အိမ်ခြံမြေပိုင်းမှာပါ ပြောင်းလဲ မှုတွေအများကြီး ဖြစ်ပေါ်နေတဲ့
အတွက် ကိုယ့်ရဲ့လုပ်ငန်းကို လည်း ဒီမှာလာပြီးတိုးချဲ့နေတာပါ။ ပြပွဲလာရောက် ပြသတာလည်း
နှစ်ကြိမ်ရှိပါပြီ။ ဒီက လုပ်ငန်းရဲ့ အခြေအနေကတော့ တဖြည်းဖြည်းပဲ သွားနေပါတယ်။ ကျွန်မတို့
က လုပ်ငန်းဆက်ပြီး တိုးချဲ့ဖို့ကို ဒီနိုင်ငံရဲ့နိုင်ငံရေး စီးပွားရေး ပွင့်လင်းမှုကိုပဲ စောင့်ကြည့်နေတာ
ပါ။ မြေဈေး တွေအရမ်းမြင့်တာကိုလည်း စောင့်ကြည့်နေ ပါတယ်။ လာမယ့် နိုင်ငံရေးအပြောင်း
အလဲမှာ မြန်မာအစိုးရက ဘယ်လိုဆောင်ရွက်သွားမလဲဆိုတာကို စောင့်ကြည့်နေမှာပါ" ဟု
မေလ ၂၂ ရက် နှင့် ၂၃ ရက်နေ့တို့တွင် ကျင်းပခဲ့သော Build Tech Yangon 2014 ပြပွဲတွင်
လာရောက်ပြသ သည့် စင်ကာပူနိုင်ငံက ဆောက်လုပ်ရေး ကရိန်း ပစ္စည်းများရောင်းချသည့်
လုပ်ငန်းရှင်တစ်ဦးက မြန်မာတိုင်း(မ်)ကို ပြောသည်။

ထို့ပြင် ရန်ကုန်မြို့၏ မြေဈေးနှုန်း ကြီးမြင့် ခြင်းသည် အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှု၏ အကျိုး မြတ်
ကောင်းရရှိမှုတို့ကြောင့် ဈေးနှုန်းကစား သူများကြောင့်လည်း မြေဈေးနှုန်းများ မြင့်တက် နေရခြင်း
ဖြစ်ကြောင်း အိုးအိမ်ဦးစီးဌာန မြို့ပြ နှင့် ဒေသစီမံကိန်းဌာနမှ ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်အေးက
ပြောသည်။

"မြေဈေးတွေ ကြီးမြင့်လာတာ ဈေးကစား သူတွေကြောင့်လည်း ပါပါတယ်။ ဒီအပေါ်မှာ မြှုပ်နှံတဲ့
အခါ အချိန်တိုအတွင်းမှာ အကျိုး အမြတ်များများလည်းရတယ်။ တခြားရင်းနှီး မြှုပ်နှံစရာနေရာ
တွေကလည်း သိပ်မရှိတော့ ဒီအပေါ်မှာ မြှုပ်နှံကြတယ်။ ဈေးကစားကြတယ်။ နောက်ပိုင်းမှာ
တခြားဈေးကွက်ဖွံ့ဖြိုးလာရင် တော့ အိမ်ခြံမြေဈေးလည်း တည်ငြိမ်သွားနိုင်ပါတယ်" ဟု ၎င်းက
ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်