နေထိုင်မှုပုံစံ ပြောင်းလာကြသလို အိမ်တွင်းပြင်ဆင်မှု ကဏ္ဍကလည်း ပိုပြီး အရေးပါလာနေပါတယ်

နေထိုင်မှုပုံစံ ပြောင်းလာကြသလို အိမ်တွင်းပြင်ဆင်မှု ကဏ္ဍကလည်း ပိုပြီး အရေးပါလာနေပါတယ်

လွန်ခဲ့တဲ့နှစ်ပိုင်းတွေကစလို့ ရန်ကုန်မြို့မှာ အသီးသီးပေါ်ထွက်လာတဲ့ အိမ်တွေ၊ ဆိုင်တွေ ဟာ
အတွင်းပိုင်းအလှပြင်ဆင်မှုအပေါ် ပိုပြီး အာရုံထားလာကြတာကို စာဖတ်သူများလည်း သတိပြု
မိမှာပါ။ တိုးတက်လာတဲ့ ရန်ကုန်မြို့ရဲ့ အိမ်ခြံမြေကဏ္ဍမှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုနဲ့ အိမ်ရာစီမံ
ကိန်းတွေလည်း ပေါ်ထွက်လာပြီး ဒီစီမံကိန်းတွေဟာ အခန်းတွင်းပြင်ဆင်မှုကို အတော်အလေး
ထားကြတာကိုလည်း တွေ့နိုင် ပါတယ်။

ပြောင်းလဲတိုးတက်လာတဲ့ အိမ်တွင်း အလှပြင်ဆင်မှုနဲ့ပတ်သက်ပြီး အဆောက်အအုံ အတွင်းပိုင်း
အလှဆင်သူ ဒီဇိုင်နာမမြမ ဉ္ဇူကို မြန်မာတိုင်း(မ်)က တွေ့ဆုံမေးမြန်းခဲ့ပါတယ်။ အမျိုးသမီးပန်းပု
ပညာရှင်လည်းဖြစ်ပြီး ပြပွဲ တွေပြုလုပ်ခဲ့ဖူးတဲ့ မမြမ ဉ္ဇူဟာ အမေရိကန် ပြည်ထောင်စု၊ California
Lutheran University ကနေ ပညာသင်ယူခဲ့ပြီး ၂၀၁၁ ခုနှစ် မှာ M Interiors အမည်နဲ့
အဆောက်အအုံအတွင်းပိုင်းအလှပြင်ဆင်ခြင်းလုပ်ငန်းတွေကို စတင်ဆောင်ရွက်ခဲ့ပါတယ်။

*     Interior Decoration Designer တစ်ယောက်ရဲ့
အနေအထားက အခုလက်ရှိ မြန်မာနိုင်
ငံရဲ့ အခြေအနေမှာ
ဘယ်လိုအနေ အထားမျိုး ရှိပါသလဲ။

ကျွန်မပြန်ရောက်စတုန်းကတော့ ပိုင်ရှင်က ၀င်ပါတဲ့ခေတ်ပြောရမှာပေါ့။ ဘယ်လောက်ပဲ
အကောင်းလုပ်ချင် လုပ်ချင် အဆင်မပြေခဲ့ဘူး။ ပိုင်ရှင်ဆိုတာ တစ်ခါတလေ တစ်ယောက်တည်း
တောင်မဟုတ်ဘူး။ ပါတနာတွေပါတယ်။ ဒီဇိုင်နာ လုပ်ရမယ့်အလုပ်ကို ၀င်စွက်ဖက်တဲ့အခါကျ
ရလဒ်ကောင်းမလာတတ်ဘူး။

အခုနောက်ပိုင်း ကျ အဲဒီလိုမဟုတ်ဘူး။ နားလည်လာတဲ့လူက ဒီဇိုင်နာကို အပြည့်အဝယုံကြည်
ပေးလိုက်တယ်။ အဲဒီတော့ ပိုလှတယ်။ အပြည့်အဝ ယုံကြည်ပေး ထားတာက အထောက်အကူ
ပြုတယ်။ အခုက အဆင့် အလွှာခေတ်ရောက်လာတယ်ပြောရမှာ ပေါ့။ အကုန်လုံးက သူ့အဆင့်
နဲ့သူ၊ သူ့တာဝန်နဲ့ သူဖြစ်သွားပြီ။

* အဲဒါဆို ဒီဘက်ခေတ်ပိုင်းမှာ ဒီဇိုင်နာတွေ လုပ်ပိုင်ခွင့်များလာတယ်။
ကိုယ့်ပညာကို အပြည့်အဝအသုံးချခွင့်ရလာတယ်လို့ ပြော လို့ရလား။

ဖြေ - ဒီဘက်ခေတ်လို့တော့ ပြောလို့မရဘူး။ နားလည်စေချင်တာက ကျွန်မတို့က ဒီအတိုင်း ပဲ။
ပိုင်ရှင်တွေက ပြောင်းလဲလာတာလို့ပြောလို့ ရတယ်။ အရင်တုန်းကဆို ၀င်ပါတယ်။ အခု အဲဒီ
လိုမဟုတ်ဘူး။ အပြည့်အဝယုံကြည်ပေးပြီး အပ်လိုက်တယ်။ အဲလိုမျိုးကျ ဆိုက်ကပိုလှတာ ပေါ့။
နဂိုကတည်းက ဒီပုံစံရှိတာကို လက်မခံပေးဘူး။ အခုနောက်ပိုင်း လက်ခံပေးလာတယ်။ ဒီပုံစံ
အတိုင်းသွားမှ သူတို့လိုချင်တဲ့အတိုင်း ရမယ်ဆိုတာကို နားလည်လက်ခံလာတယ်။ အရင်တုန်း
က ပိုင်ရှင်တွေက ပိုင်ရှင်စိတ် အပြည့် ရှိတယ်။ လုပ်ငန်းပိုင်းဆိုင်ရာမှာ နည်းနည်းတော့ တိတိကျ
ကျဖြစ်လာတယ်လို့ ပြောလို့ရတယ်။ ကျွန်မဆိုလိုတာကနေတဲ့ အိမ်တွေကျရင်တော့ တစ်မျိုးပေါ့
နော်။ အဲဒါတွေကျ နားလည်ပေး ရတယ်။ သူတို့က နေမယ့်သူတွေဖြစ်တဲ့အတွက် စိတ်ကြိုက်
လုပ်ချင်တာတွေရှိမယ်။ အဲဒါတွေ ကျ ဒီဇိုင်နာက နားလည်ပေးရတာပေါ့။


 

* အရင်ကထက်စာရင် အဆောက်အအုံ အတွင်းပိုင်း ပြင်ဆင်မှုကို
အရမ်းအလေးထား လာကြ
တယ်လို့ မြင်မိတယ်။ နေရာ တော်တော်များများ
မှာလည်း ဒါကိုတွေ့နိုင် တယ်။ ဘာကြောင့်လို့ ထင်မိပါသလဲ။

အခုသတိထားမိလာတာကတော့ လူတွေရဲ့ နေထိုင်မှုပုံစံက မြင့်လာပြီ။ ကျွန်မသိလာတာ
ကတော့ လူကြီးတွေတောင်မှ ပင်စင်ယူပြီး နောက်ပိုင်းမှာ တသီးတသန့် နေချင်လာကြ တယ်။
အိမ်အကူတစ်ယောက်လောက်ပဲ ခေါ်ပြီး တော့ နေတာမျိုးပေါ့။ အသက်ငယ်တဲ့လူတွေက လည်း
အလုပ်ပိုများလာကြတယ်။ အရင်ကလို မာလီရော၊ ထမင်းချက်ရော၊ ဒရဝမ်ရော စသဖြင့်နေချင်
တဲ့လူထက် လူနည်းနည်း တစ်သီးတသန့်နေချင်တာများလာတယ်ပေါ့နော်။ နိုင်ငံခြားသား များ
လာတာလည်းပါတယ်။ အခုဆို လူတွေကအိမ်ပြန်ရောက်ပြီဆိုတာနဲ့ ကိုယ့်အိမ်ဟာ ကိုယ့်
အတွက်ဖျော်ဖြေမှုတစ်ခုလိုဖြစ်နေတာမျိုးကို ပိုလိုချင်လာကြတယ်။ လူတွေက အပြင်မှာ
အလုပ်အရမ်းပင်ပန်းလာ ကြတဲ့အခါကျ အိမ်ပြန်ရောက်တာနဲ့ စိတ်ကို ဖျော်ဖြေတာမျိုးဖြစ်စေ
ချင်တယ်။ အဲဒါကြောင့် လည်း အိမ်အတွင်းပိုင်းဒီဇိုင်းက ပိုအရေးပါ လာတာ။

* အခန်းတွင်းအလှပြင်ဆင်မှုက အဆောက်အအုံတစ်ခု၊
ဒါမှမဟုတ် ပရောဂျက်တစ်ခု ကို ဘယ်လောက်အထိ ပံ့ပိုးပေးနိုင်လဲ။
အများကြီးပေါ့။ ဥပမာတစ်ခု ပြောရမယ်ဆို The G.E.M.S ပေါ့။ တကယ်ဆို ပရောဂျက် က အခုထိ
မြေကြီးပဲရှိသေးတာ။ စတောင် မစရသေးဘူး။ ဒါပေမဲ့ ကျွန်မပြင်ဆင်ထားတဲ့ နမူနာ show flat
ကို ပြပြီးချိန်မှာ လူတွေက အရမ်းစိတ်ဝင်စားကြတယ်။ ကျွန်မသိသလောက် ဆိုရင် ဖွင့်ပွဲလုပ်တဲ့
နေ့တောင် တော်တော် ရောင်းရတယ်။ နမူနာပြထားတဲ့ အခန်းပြင်ဆင် မှုကို ကြည့်ပြီး လူတွေ
ကသဘောကျပြီး ၀ယ်ကြတယ်။

* အခု ဈေးကွက်ကို ဘယ်လိုသုံးသပ်မိလဲ။
ဂျပန်ဆို လူဦးရေကလည်းများ၊ ကျွန်းပေါ် မှာလည်းနေရတာဆိုတော့ ဒီဇိုင်နာတင် မဟုတ်ဘူး။
တော်ရုံလူတောင် နေရာကျဉ်းကျဉ်း မှာ ဘယ်လိုလှအောင်လုပ်ရမလဲသိတယ်။ ကျွန်မတို့ဆီမှာ
ဖြစ်နေတဲ့ ပြဿနာကဆန့်ကျင် ဘက်။ နေရာတွေ အများကြီးရှိတယ်။ အဲဒါတောင်မှ ဘယ်လို
ကောင်းအောင်လုပ်ရမလဲဆိုတာ မသိတာ။ ငွေကိုတော့ ပုံအောပြီး သုံးပါတယ်။ ဒါပေမဲ့ လှ
မလာဘူး။ အဲဒါလည်း အဆင့်အလွှာကို မလိုက်နာတာ။ အရင်တုန်းကတော့ ခေတ်မရှိဘူးပေါ့
လေ။ အိမ်ရှင်ကလည်း အိမ်ဝယ်တယ်။ ကိုယ်လုပ်ချင်သလို လုပ်တယ်။ ဒီမှာ ကျွန်းတွေအရမ်း
အလှဆင်တယ်။ ကြောက် ဖို့တောင် ကောင်းတယ်။ ကျွန်းဆိုတာက အရောင်ဖော်ရမယ့်နေရာ၊
ကြမ်းခင်းတို့လို၊ အပြင်ဘက်တို့၊ ဒက်ကင်တို့တွေမှာ ကျွန်းမဖြစ်မနေသုံးရမှာတွေရှိတယ်။ ကျွန်း
ဆိုတာ အသားမာတယ်။ ဒါပေမဲ့ ဒီမှာဖြစ်နေတဲ့့ ပြဿနာ က ပိုက်ဆံသုံးဖို့တင် ပေါ့ဆကြတာ
မဟုတ်ဘူး။ မလိုအပ်ဘဲနဲ့ လျှောက်သုံးတာတွေများတယ်။ တကယ်ဆို သူ့နေရာနဲ့သူသုံးရင်
ပစ္စည်းတွေ လျှော့လို့ရတယ်။ ပိုက်ဆံလည်း ထွက်လာမယ်။ လျှော့လို့ရမယ်။ မကောင်းတာ
သုံးဖို့ မဟုတ်ဘူး။ မလိုအပ်ဘဲ အပိုမကုန်ဖို့ပေါ့။ ကျွန်မ ဟိုမှာ ကတည်းက ဒီဈေးကွက်ကိုမြင်
မိတယ်။

* အလှဆင်ဖို့ ပစ္စည်းတွေကို အမြဲပဲ ကိုယ်တိုင် လိုက်ရွေးပြီး
အသေးစိတ်လုပ်သလား။

လုပ်တယ်။ ရွေးရတယ်။ ပရောဂျက်ကြီး တွေဆိုရင် ကန်ထရိုက်တာရှိတယ်၊ ပရောဂျက်
မန်နေဂျာ ရှိတယ်၊ ဒီဇိုင်နာရှိတယ်။ ကျွန်မတို့က ဒီဇိုင်းပိုင်းနဲ့ပတ်သက်ပြီး တူးဒီတွေ အကုန်
လုံးကို ဒီအခန်းအတွက်ရော့ဆိုပြီး ပေးလိုက်တယ်ဆိုရင် ကန်ထရိုက်တာက ကြည့်တယ်။
အလုပ်စလုပ်တယ်။ ပရောဂျက်မန်နေဂျာက အလယ်ကနေ ကန်ထရိုက်တာကို ဒါတွေ လုပ်ပြီး
ရင် ကြွေပြားကအစ ကျွန်မကို အရောင်ရွေးပေးပေါ့နော်။ အဲဒီလို အဆင့်အလွှာနဲ့ သွား တယ်။
အကုန်လုံးက လိုက်ရွေးရတာ။ ဘယ်သူမှ လိုက်ရွေးခွင့်မရှိဘူး။ ပရောဂျက် အဆင့်အလွှာဆို
တာ ရှိတယ်။ အစတုန်းက ဒီဇိုင်နာဆိုရင် ဒီဇိုင်နာက အကုန်လိုက်လုပ်ပေးရတာရှိသလို
ဆိုက်မန်နေဂျာ၊ ဆိုက်အင်ဂျင်နီယာတွေက အကုန်ဝင်ပါတယ်။ အခုက အဲလိုမဟုတ်တော့
ဘူး၊ ကိုယ့်တာဝန်နဲ့ကိုယ် ဖြစ်သွားပြီ။

* အခုနောက်ပိုင်း အိမ်ခြံမြေဈေးကွက်ကိုရော ဘယ်လိုလေ့လာမိသလဲ။
အခုကတော့ ကွန်ဒိုခေတ်၊ စေမေအာနညအ ခေတ်ဖြစ်နေပြီလို့ထင်တယ်။ ကိုယ်ကိုယ်တိုင်
တိုက်ခန်းတစ်ခန်းဝယ်နေတော့မယ်ဆိုပြီး ပြင်ဆင်ချိန်မှာ တိုက်ခန်းခေတ်ကဝင်လာပြီ။ ဒါ
ခေတ်တစ်ခုလိုဖြစ်လာပြီ။ ငြင်းပယ်လို့ မရဘူး။ အရင်ကထက်စာရင် ကွန်ဒိုဈေးကွက်က
တစ်ခုသက်သက်ဖြစ်လာပြီ။ ကွန်ဒိုကိုမှ နေချင်လို့ လိုက်ဝယ်တာလည်း ရှိတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်