ဘေးပတ်ပတ်လည် မှန်တွေကာရံထားတဲ့ အဖြူရောင် နှစ်ထပ်ခွဲတိုက်

ဘေးပတ်ပတ်လည် မှန်တွေကာရံထားတဲ့ အဖြူရောင် နှစ်ထပ်ခွဲတိုက်

ဒီတစ်ပတ်မှာတော့ မြန်မာတိုင်း(မ်) ပရိသတ် တွေအတွက် လှိုင်သာယာမြို့နယ် ရွှေဘုံသာ
အိမ်ရာထဲမှာတည်ရှိပြီး ဘေးပတ်ပတ်လည် မှာ မှန်တွေနဲ့ကာရံထားကာ ရိုးရှင်းလှပတဲ့
အဖြူရောင်နှစ်ထပ်ခွဲ တိုက်အိမ်လေးတစ်လုံးကို ဖော်ပြပေးချင်ပါတယ်။

ခြံဝင်းအကျယ် စတုရန်းပေ ၆,၄၀၀ ရှိတဲ့ ဒီအိမ်က အကျယ် ၅,၁၅၆ စတုရန်းပေရှိပြီး လူဦးရေများတဲ့မိသားစုတွေအတွက် ခြံဝင်း လေးနဲ့အေးဆေးနေထိုင်ချင်သူတွေ အဆင်ပြေ မယ့်
လုံးချင်းအိမ်လေးပဲ ဖြစ်ပါတယ်။

အိမ်တွင်းအပြင်အဆင်တွေကတော့ အပေါ် ထပ်မှာ တစ်ယောက်အိမ်ခန်းနှစ်ခန်း၊ နှစ်ယောက်
အိပ်ခန်းတစ်ခန်း၊ ဧည့်ခန်းတစ်ခန်းတို့ ပါ၀င် ပါတယ်။ နှစ်ယောက် အိပ်ခန်းအပြင် တစ်ယောက်
အိမ်ခန်းတွေမှာပါ ရေချိုးခန်းတွဲလျက် ပါရှိ ပါတယ်။ တစ်အိမ်လုံးရဲ့ ရေသုံးစွဲမှုမှာတော့ ရေပူ၊
ရေအေး နှစ်မျိုးထဲက ကြိုက်ရာကို ရွေးချယ်သုံးစွဲနိုင်ပါတယ်။ အောက်ထပ်မှာ ဧည့်ခန်း၊ မီးဖို
ချောင်၊ ကားဂိုဒေါင်နဲ့ ဘားတစ်ခု ပါ၀င်ပါတယ်။ ဘားကနေကြည့်လိုက်ရင် စိမ်းလန်းတဲ့မြက်ခင်း
ပြင်ကို မြင်တွေ့ရမှာပါ။

အိမ်ရဲ့ ဘေးဘက်မှာ သာယာရေးမြေနဲ့ ရေကန်ရှိတာကြောင့် အေးချမ်းတဲ့ပတ်ဝန်းကျင်နဲ့
သာယာတဲ့ရှုခင်းကို အချိန်ပြည့်ရရှိခံစားနိုင်မှာ ဖြစ်ပါတယ်။ ဒီလုံးချင်း နှစ်ထပ်ခွဲတိုက်လေးက
အခုမှဆောက်လုပ်ပြီးစီးတာဖြစ်လို့ အိမ်တွင်းပရိဘောဂတွေကို ခုချိန်ထိမထည့်သွင်းရသေးပေ
မယ့် ငှားမယ့်သူနဲ့ ညှိနှိုင်းပြီး စိတ်တိုင်းကျထည့်သွင်းပေးမှာ ဖြစ်ပါတယ်။

ဒီအိမ်လေးက လျင်လျင်မြန်မြန် အိမ်ငှားချင်သူတွေအတွက် အဆင်ပြေမယ့်အိမ်လေးတစ်လုံးပဲ
ဖြစ်ပါတယ်။ လာရောက်ငှားရမ်းနေထိုင်သူတွေ လုံခြံုမှု ရှိစေဖို့လည်း စီစီတီဗွီကင်မရာရှစ်လုံး
တပ်ဆင်ပေးထားပါတယ်။ အိမ်တစ်ခုလုံးကို ၂၄ နာရီ လုံခြံုရေးကင်မရာတွေ တပ်ဆင်ပေးထား
တာဖြစ်လို့ နေထိုင်သူတွေ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ပါတယ်။

အခန်းတိုင်းမှာ လေအေးပေးစက်တွေ တပ်ဆင်ပေးထားလို့ နေထိုင်မယ့်သူတွေ အဆင် ပြေပြေ
နေထိုင်နိုင်ပါတယ်။ ရေ၊ မီး အစုံ အလင်လည်းပါ၀င်ပြီး အိမ်တွင်းမှာသုံးမယ့် ရေတွေကိုလည်း
ရေသန့်ပြုလုပ်ပေးတဲ့စနစ် တပ်ဆင်ပေးထားပါတယ်။ ဒီအိမ်လေးရဲ့ ဗိသုကာပုံစံကလည်း
နိုင်ငံခြား ပုံစံဆန်ဆန် ဆောက်လုပ်ထားပါတယ်။ ထူးခြား ချက်ကတော့ ဘေးပတ်ပတ်လည်
ကို မှန်တွေနဲ့ ကာရံထားလို့ စိမ်းစိုတဲ့ ရှုခင်းအလှကို တဝကြီး ခံစားနိုင်ပြီး သဘာဝအလင်းရောင်
ကို လုံလုံလောက်လောက်ရရှိစေမှာ ဖြစ်ပါတယ်။

ဒီအိမ်လေးက နေ့ဘက်အချိန်တွေမှာ မီးထွန်းစရာမလိုဘဲ တစ်အိမ်လုံး နေအလင်းရောင်ကို
ရရှိစေမှာဖြစ်တဲ့အပြင် ဒီအိမ်ကို နေရောင် လုံးဝ မကျနိုင်အောင်လည်း နေရာအနေ အထားကို
သေချာတွက်ချက် တည်ဆောက်ထားတဲ့အတွက် အိမ်ထဲကို နေရောင်လုံးဝမဝင်နိုင်ဘဲ အေးမြ
မှုကို ၂၄ နာရီခံစားနိုင်မှာ ဖြစ်ပါတယ်။ အိမ်အပေါ်ဆုံးထပ်မှာ စတုရန်းပေ ၅၀၀ ခန့် ရှိတဲ့ဝရန်တာ
တစ်ခု ပါ၀င်ပါသေးတယ်။

၀ရန် တာလေးကနေ သန့်ရှင်းတဲ့လေကို ရှူရှိုက်နိုင်တဲ့ အတွက် တစ်နေ့တာ ပင်ပန်းမှုတွေကို
ပြေပျောက် သွားစေနိုင်ပါတယ်။ အိမ်အောက်ထပ်မှာ ကားဂိုဒေါင်တစ်ခု ပါ၀င်ပြီး ကားဂိုဒေါင်
တံခါးကို အဝေးထိန်း ခလုတ်နဲ့ အဖွင့်အပိတ်လုပ်နိုင်ပါတယ်။ ကား ဂိုဒေါင်တံခါးဖွင့်ဖို့ အလုပ်
မရှုပ်တော့ဘဲ အဝေး ထိန်းခလုတ်နဲ့ တံခါးအဖွင့်အပိတ်လုပ်နိုင်လို့ နေထိုင်မယ့်သူတွေ ပိုပြီး
အဆင်ပြေပြေ သုံးစွဲ နိုင်ပါတယ်။

ဒီအိမ်ရဲ့တည်နေရာက လှိုင်သာယာမြို့နယ် မှာတည်ရှိလို့ မြို့ထဲနဲ့အလှမ်းဝေးပေမယ့် ကိုယ်ပိုင်
ကားရှိတဲ့သူတွေအတွက်ကတော့ အဆင်ပြေစေနိုင်ပြီး တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင် ကိုနှစ်သက်
မယ့်သူတွေ အဆင်ပြေမယ့်နေရာလေးတစ်ခုလည်း ဖြစ်ပါတယ်။ လှိုင်သာယာစက်မှုဇုန်နားမှာ
တည်ရှိလို့ အိမ်နဲ့ရုံးခန်းတွဲဖက်ဖွင့်လှစ်ချင်သူတွေအတွက် အဆင်ပြေမယ့် အိမ်တစ်လုံးပဲ ဖြစ်ပါ
တယ်။

ဒီအိမ်လေးက FMI အိမ်ရာ၊ ပန်းလှိုင် ဂေါက်ကွင်း နဲ့ နီးလို့လည်း အပန်းဖြေလိုသူတွေ အဆင်ပြေ
မှာပါ။ ဒီအိမ်လေးကို ငှားရမ်းမယ်ဆိုရင်တော့ တစ်လ သိန်း ရ၀ ပေးရမှာ ဖြစ်ပါတယ်။ အရန်
သင့်နေလိုသူတွေအတွက်ကတော့ နှစ်ခါပြန် မစဉ်းစားသင့်တဲ့ အိမ်လေးတစ်လုံးပါ။ ငှားရမ်းဖို့
စိတ်ဝင်စားသူတွေက အိမ်ပိုင်ရှင် ကို တိုက်ရိုက်ဆက်သွယ်နိုင်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်