ရန်ကုန်တိုင်းဒေသကြီး လူထုဗဟိုပြုစီမံကိန်းအကျိုးခံစားရာမြို့နယ် အပြီးသတ်ရွေးမည်

ရန်ကုန်တိုင်းဒေသကြီး လူထုဗဟိုပြုစီမံကိန်းအကျိုးခံစားရာမြို့နယ် အပြီးသတ်ရွေးမည်

ကမ္ဘာ့ဘဏ်၏ထောက်ပံ့မှုနှင့် ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဦးစီးဌာနက တာဝန်ယူဆောင်ရွက်
လျက်ရှိသော အခြေခံအဆောက်အအုံများ ဆောက်လုပ်မှုကို ကူညီပေးသည့် လူထုဗဟိုပြု
စီမံကိန်းအတွက် ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်၊ ကော့မှူးမြို့နယ်နှင့် ကွမ်းခြံ ကုန်း
မြို့နယ်တို့မှ မြို့နယ်တစ်မြို့နယ်ကို ကူညီထောက်ပံ့ရန် လာမည့်တစ်လအတွင်း အပြီးသတ်
ရွေးချယ်သွားမည်ဖြစ်ကြောင်း ထို စီမံကိန်း၏ သတင်းပြန်ကြားရေးအကြံပေး ဒေါ်လဲ့ရင်ဝင်းက
ပြောသည်။

"လူထုဗဟိုပြုစီမံကိန်း ရန်ကုန်တိုင်းဒေသ ကြီးအတွက် ထန်းတပင်မြို့နယ်ကို ပထမဦးစား ပေး၊
ကော့မှူးမြို့နယ်ကို ဒုတိယဦးစားပေးနဲ့ ကွမ်းခြံကုန်းမြို့နယ်ကို တတိယဦးစားပေးဆိုပြီး ရွေးထား
တယ်။ သက်ဆိုင်ရာမြို့နယ်တွေမှာ ရှိတဲ့ ကျန်းမာရေး၊ ပညာရေး၊ ဆင်းရဲနွမ်းပါးတာ၊ တည်ငြိမ်
အေးချမ်းတာ၊ တခြားအကူအညီမရှိတာနဲ့ သင့်တင့်တဲ့လမ်းပန်းဆက်သွယ်ရေးရှိတာတွေကို
ကြည့်ပြီး ရွေးချယ်ခဲ့တာပါ"ဟု ဒေါ်လဲ့ရင်ဝင်းကပြောသည်။

ရွေးချယ်ထားသော မြို့နယ်သုံးခုကို တိုင်း ဒေသကြီးဝန်ကြီးချုပ်၏ သဘောထားမှတ်ချက်
ရယူကာ နိုင်ငံခြား အကူအညီစီမံခန့်ခွဲရေး ဗဟိုကော်မတီသို့ တင်ပြပြီး မြို့နယ်တစ်မြို့နယ်
ရွေးချယ်ပြီးနောက် ကမ္ဘာ့ဘဏ်သို့ပေးပို့ကာ ကန့်ကွက်ရန်မရှိကြောင်းသဘောထား မှတ် ချက်
ရယူပြီး စတင်အကောင်အထည်ဖော်ဆောင် ရွက်မည်ဟု ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာန
ဒုညွှန်ကြားရေးမှူး ဦးလှခိုင်ကပြောသည်။

"လူထုဗဟိုပြုစီမံကိန်းက ဆင်းရဲနွမ်းပါးတဲ့ ကျေးလက်ပြည်သူတွေ အခြေခံလူမှုစီးပွား အဆောက်
အအုံတွေကို လူထုလူတန်းစားမျိုးစုံ ပါ၀င်ပြီး ကိုယ်တိုင်အကောင်အထည်ဖော် လုပ် ဆောင်
တတ်စေဖို့ ရည်ရွယ်တယ်။ စီမံကိန်းမှာ ရွေးချယ်ခံရတဲ့မြို့နယ်တွေအတွက် ဘဏ္ဍာငွေ ကို
လူထုဆီ တိုက်ရိုက်ထောက်ပ့ံပေးမှာဖြစ်ပြီး ကိုယ်တိုင် အကောင်အထည်ဖော်ဆောင်ရွက်
ရမှာ ဖြစ်တယ်"ဟု ဦးလှခိုင်က ပြောသည်။

လူထုဗဟိုပြုစီမံကိန်းကို ကမ္ဘာ့ဘဏ်က ဒေါ်လာ သန်း ၈၀ နှင့် နည်းပညာပံ့ပိုး အကူ အညီပေးပြီး မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန် ယူကာ
အစိုးရအဖွဲ့ရုံးစိုက်သည့် နေပြည်တော် ကောင်စီနယ်မြေမှ မြို့နယ်တစ်မြို့နယ်နှင့် တိုင်းဒေသ
ကြီးနှင့် ပြည်နယ် ၁၄ ခုတို့မှ မြို့နယ်တစ်မြို့နယ်စီတို့တွင် အခြေခံအဆောက်အအုံ များ
ဆောက်လုပ်မည်ဖြစ်သည်။

စီမံကိန်းပထမ နှစ်တွင် သုံးမြို့နယ်၊ ဒုတိယနှစ်နှင့် တတိယနှစ်တို့တွင် ခြောက်မြို့နယ်နှင့်
တစ်မြို့နယ်ကို သုံးနှစ်စီကြာမြင့်မည်ဖြစ်ပြီး စီမံကိန်းကာလမှာ ခြောက်နှစ်နှင့် လေးလခန့်
ဖြစ်သည်။

"ဒုတိယနှစ်စီမံကိန်းအတွက် ပြည်နယ်နဲ့ တိုင်းလေးခုက အကျိုးခံစားရာ မြို့နယ်တစ်မြို့
နယ်စီရွေးချယ်ပြီးပြီ။ ရန်ကုန်မြို့နယ်ကို ဦးစား ပေးသုံးမြို့နယ်ရွေးချယ်ပြီးပြီ။ နေပြည်တော်
မြို့နယ်အတွက် ရှေ့လမှာ ဦးစားပေး သုံး မြို့နယ် ရွေးချယ်မှာပါ။ မြို့နယ်တွေအားလုံး
ရွေးချယ်ပြီးရင် စီမံကိန်းအတွက် စတင်အကောင် အထည်ဖော် သွားပါမယ်။ ဒုတိယနှစ်
အတွက် စီမံကိန်းအကျိုးခံစားရာမြို့နယ်ရွေးချယ်ပြီးတဲ့မြို့နယ်တွေမှာ စီမံကိန်းမိတ်ဆက်
အစည်းအဝေးတွေ စလုပ်နေပါတယ်"ဟု ဒေါ်လဲ့ရင်ဝင်း က ပြောသည်။

စီမံကိန်းပထမနှစ်ဖြစ်သည့် ၂၀၁၃ ခုနှစ်တွင် ချင်းပြည်နယ် ကန်ပက်လက်မြို့၊ ရှမ်းပြည်နယ်
နမ့်ဆန်မြို့နှင့် တနင်္သာရီတိုင်းဒေသကြီးမှ ကျွန်းစုမြို့နယ်များကို ရွေးချယ်ခဲ့ပြီး ဒုတိယနှစ်
ဖြစ်သည့် ၂၀၁၄ ခုနှစ်တွင် စစ်ကိုင်းတိုင်းဒေသကြီးမှ ပင်လယ်ဘူးမြို့၊ မကွေးတိုင်းမှ စေတုတ္တ
ရာမြို့၊ ဧရာဝတီတိုင်းမှ လေးမျက်နှာ မြို့၊ ရခိုင်ပြည်နယ်မှ အန်းမြို့နယ်တို့နှင့် ရန်ကုန်တိုင်း
ဒေသကြီးနှင့် နေပြည်တော်မြို့နယ်တို့မှ တစ်မြို့နယ်စီတို့ကို စီမံကိန်းအကျိုးခံစားရာ မြို့နယ်
အဖြစ် ရွေးချယ်မည် ဖြစ်သည်။

"စီမံကိန်းအတွက်ရွေးချယ်ခံရတဲ့မြို့နယ်တွေမှာ အခြေခံအဆောက်အအုံတစ်မျိုးတည်း ကိုသာ
ဆောက်နိုင်အောင် ကူညီမှာဖြစ်ပါ တယ်။ စီမံကိန်းပထမနှစ်မှာ အဆောက်အအုံတွေကို တည်
ဆောက်ခွင့်မပြုသေးဘဲ ဆောက်ပြီးသားလမ်း၊ တံတား၊ ကျောင်းအဆောက်အအုံတွေကို ပြင်
ဆင်ခွင့်ပဲပြုမယ်။ ဒုတိယနှစ်နဲ့ တတိယနှစ်မှာ အဆောက်အအုံအသစ်တွေ ဆောက်ခွင့်ပြုမယ်"
ဟု ဦးလှခိုင်ကပြောသည်။

ထိုစီမံကိန်းအတွက် အခြေခံအဆောက်အအုံများဆောက်လုပ်ရန် မြို့နယ်တစ်မြို့နယ်အလိုက်
သတ်မှတ်ခြင်းမဟုတ်ဘဲ လူဦးရေအပေါ်မူတည်ကာ လူဦးရေ ၃,၀၀၀ ရှိသောကျေးရွာကို
ကျပ်သိန်း ၁၈၀၊ လူဦးရေ ၃,၀၀၀ မှ ၅,၀၀၀ ကြားကို ကျပ်၂၄၃ သိန်းနှင့်လူဦးရေ ၅,၀၀၀
ကျော်လျှင် ကျပ် ၃၀၆ သိန်းဟု သတ်မှတ် ထားကြောင်း ၎င်းကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်