ပုံစံပြောင်းကာ ဈေးတက်လာသည့် တရုတ်တန်း အိမ်ခြံမြေဈေးကွက်

ပုံစံပြောင်းကာ ဈေးတက်လာသည့် တရုတ်တန်း အိမ်ခြံမြေဈေးကွက်

ညဉ့်နက်အချိန်အထိ ဖွင့်လှစ်ထားသည့် စားသောက်ဆိုင်များ၊ အဖျော်ယမကာဆိုင်များ နှင့်
နိုင်ငံခြားသားများ အထူးစိတ်ဝင်စားသည့် ပစ္စည်းများရောင်းချသည့် ဆိုင်များနှင့် စည်ကား လျက်
ရှိသော တရုတ်တန်းဟု လူသိများသည့် ရန်ကုန်မြို့ လသာမြို့နယ်အတွင်းရှိ အိမ်ခြံမြေ ဈေးနှုန်း
များမှာ ပြီးခဲ့သည့်လအနည်းငယ် အတွင်း သိသာစွာ မြင့်တက်လာကြောင်း အိမ်ခြံမြေအကျိုး
ဆောင်များက ပြောသည်။

ဆူးလေဘုရားအနောက်တောင်ဘက်တွင်တည်ရှိပြီး ၁၈ လမ်းမှ ၂၄ အထိ မဟာဗန္ဓုလလမ်း
တစ်လျှောက်တည်ရှိသည့် တရုတ်တန်းဈေးမှာ ရန်ကုန်မြို့နေလူထု အကြိုက်တွေ့သည့်နေရာ
တစ်ခုအဖြစ် တည်ရှိခဲ့ရာမှ နောက်ပိုင်းတွင် နိုင်ငံခြားသားဧည့်သည်များနှင့် ပြည်ပမှ လာရောက်
အလုပ်လုပ်ကိုင်သော လုပ်ငန်းရှင်များ ကျင်လည်ရာနေရာတစ်ခုဖြစ်လာပြီး စီးပွားရေးလုပ်ငန်းများ
အတွက်ပါ အချက်အချာကျခြင်းကြောင့် ရန်ကုန်မြို့၏ အထင်ကရနေရာတစ်ခု အဖြစ် ပိုမိုပေါ်လွင်
လာခဲ့သည်။

လွန်ခဲ့သောနှစ်ပေါင်းများစွာကပင် တရုတ်လူမျိုးစုများနေထိုင်ရာနေရာအဖြစ် တည်ရှိခဲ့ သည့်
အဆိုပါနေရာမှာ ၁၈၂၄ ခုနှစ်ကတည်းက တည်ရှိခဲ့ပြီး Gangdong Guanyin တရုတ် ဘုရား
ကျောင်းတည်ရှိရာ နေရာလည်းဖြစ်ခဲ့ပြီး နောက်ပိုင်းတွင် တရုတ်တန်းဟု အစွဲပြုခေါ်ဝေါ်ခဲ့ကြောင်း
လသာမြို့နယ်တွင်နေထိုင်သူတစ်ဦးက ပြောသည်။

"ဘုရားကျောင်းက မီးလောင်သွားပြီးတော့ ၁၈၇၂ ခုနှစ် ဗြိတိသျှကိုလိုနီလက်ထက်မှာ ပြန်လည်
ပြုပြင်ခဲ့တာ။ တရုတ်တန်းက အရင် အစောပိုင်းနှစ်တွေကပုံစံနဲ့တော့ အရမ်းကိုကွာခြားသွားပြီ။
ညဘက်ဆိုရင် ညလုံးပေါက်ဖွင့် တဲ့ အဖျော်ယမကာဆိုင်တွေက နိုင်ငံခြားသား တွေနဲ့ ပြည်တွင်း
ကလူတွေ အကြိုက်တွေ့နေတဲ့ နေရာတစ်နေရာဖြစ်လာတယ်" ဟု ၎င်းကပြော သည်။

"တရုတ်တန်းက နိုင်ငံခြားသားတွေ စိတ်ဝင် စားတဲ့နေရာတစ်ခုဖြစ်လာတယ်။ အခုနောက် ပိုင်းမှာ
ပိုပြီးစိတ်ဝင်စားလာကြတယ်" ဟု မြန်မာ နိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းမှ ဗဟို အမှုဆောင်
ဦးမောင်အေးကပြောသည်။ "ဒီနေရာမှာက တရုတ်လူမျိုးအများစုနေထိုင် တယ်။ ဒါပေမဲ့ အခု
တော့ နိုင်ငံခြားသား အများစု ငှားရမ်းနေထိုင်ကြတာကို တွေ့ရ တယ်။ဘာဖြစ်လို့လဲဆိုတော့
သူတို့က အိမ်ဝယ်ပြီးနေလို့မရသေးလို့ပဲ" ဟု ၎င်းကပြောသည်။

"အခုဆိုရင် အိမ်ဆယ်လုံးလောက်မှာ နိုင်ငံ ခြားသားတွေနေတာက သုံးအိမ်လောက်ရှိတယ်။ ပတ်ဝန်းကျင်ကလည်း ပြောင်းလဲလာပြီးတော့ နိုင်ငံခြားသားတွေလည်း ဒီနေရာကိုပိုကြိုက်လာ
တယ်" ဟု ဦးမောင်အေးကပြောသည်။

တရုတ်တန်းရှိ တိုက်ခန်းအငှားဈေးကွက် မှာ ဈေးနှုန်းများ တဖြည်းဖြည်းတက်လာပြီး လမ်းမတန်း
ရှိတိုက်ခန်းတစ်ခန်းလျှင် ကျပ် သိန်း ၃၀ နီးပါးအထိရှိလာပြီး ထိုသို့ အမြင့်ဘက်သို့ သာ ဦးတည်
နေသည့်အတွက် အရောင်းဈေး ကွက်မှာ အေးနေကြောင်း ၎င်းကပြောသည်။

"ဒီနေရာမှာ စီးပွားရေးက အရမ်းကောင်းလာ တယ်။ စားသောက်ဆိုင်တွေ၊ အရောင်းဆိုင်တွေ နဲ့
ဟိုတယ်တွေလည်း အရမ်းကို အလုပ်ဖြစ် တယ်" ဟု ဏ့သနညငထ အိမ်ခြံမြေအကျိုးဆောင်မှ
ကိုထွန်းထွန်းကပြောသည်။

တရုတ်တန်းနေရာသည် စားသောက်ဆိုင် များ၊ ရွှေဆိုင်များ၊ တရုတ်အစားအသောက်များ စုံလင်
စွာရှိခြင်းက ၎င်းနေရာကို လူကြိုက်များ ကာ အများအားဖြင့် လူစည်ကားရာနေရာတစ်ခု အဖြစ်
တည်ရှိလျက်ရှိသည်။ "နိုင်ငံခြားသားတွေ ရောက်လာတာကိုတော့ ကြိုဆိုပါတယ်။ ဒီနေရာက
မြို့လယ်ကောင်နဲ့နီး တော့ လူကြိုက်များတာပေါ့။ နိုင်ငံခြားသားတွေဝင်လာတာနဲ့ပတ်သက်ပြီး
တော့ ဘာမှပြောစရာမရှိဘူး။ ဘန်ကောက်မှာလည်း ဒီလိုပါပဲ" ဟု လသာမြို့နယ်နေ
ကိုလင်းဘိုဘိုကပြောသည်။

"နိုင်ငံတိုးတက်လာတာနဲ့အမျှ နိုင်ငံခြားသား တွေကတော့ ပိုပြီးဝင်လာမှာပဲလို့" ၎င်းက
ပြောသည်။

တရုတ်တန်းသည် စီးပွားရေးကောင်းသည့်နေရာတစ်ခုဖြစ်သည့်အတွက် ဒေသခံများ၏ စီးပွားရေး
ဖြစ်သည့် စားသောက်ဆိုင်၊ ဈေးဆိုင် များ စသည့်စီးပွားရေးလုပ်ငန်းများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံ
မှုများ ၀င်ရောက်လာမည် ကို စိုးရိမ်မိကြောင်း ၎င်းကပြောသည်။

"နိုင်ငံခြားသားတွေက အဲဒီနေရာက စီးပွားရေးလုပ်ငန်းတွေကို ၀င်ရောက်လုပ်ကိုင် လာမှာကို
တော့မလိုလားဘူး။ အဲဒါဆိုရင် ဒေသခံတွေ နစ်နာမှာ"ဟု ကိုလင်းဘိုဘိုက ပြောသည်။

တရုတ်တန်းကို ယခုကဲ့သို့ လူစည်ကားပြီး နာမည်ကြီးသည့်နေရာတစ်ခုအဖြစ် တည်ရှိစေချင်ပြီး
မြို့ပြအမွေအနှစ်ဆိုင်ရာ ထိန်းသိမ်း သည့်နေရာတစ်ခုအဖြစ်လည်း တည်ရှိစေချင် သည်ဟု ၎င်း
ကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်