ရန်ကုန်မြို့၏ ဆောက်လုပ်ရေးလုပ်ငန်းခွင်များ တွင် "Safety First" ဆိုသည့်ဆိုင်းဘုတ်များ
တပ်ဆင်ကာ လုပ်ငန်းခွင်အတွင်းဘေးအန္တရာယ် ကင်းရှင်းရေးအတွက် အသိပညာပေးသည့်
ဆော်ဩချက်များ ကျယ်ပြန့်စွာလုပ်ဆောင်လာကြသည်မှာ တိုးတက်လာသော ဆောက်လုပ်
ရေးကဏ္ဍအတွက် မရှိမဖြစ်အရေးပါသည့်အချက်တစ်ခုပင်ဖြစ်သည်။
၂၀၁၂ ခုနှစ်ခန့်မှ စတင်ခါ မြန်မာ နိုင်ငံ၏ ပြောင်းလဲလာသော ပွင့်လင်းမြင်သာမှု များနှင့် လုပ်ငန်း
ခွင်များတွင်လည်း ဘေးန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးကို လိုက်နာ ဆောင်ရွက်ရန် သတိ
မူလာခဲ့ကြသော်လည်း လုပ်ငန်းခွင်အတွင်း အမှန်တကယ်လက်တွေ့ လိုက်နာဆောင်ရွက်နေခြင်း
မှာ အားနည်းနေ သေးကြောင်း ပညာရှင်များက သုံးသပ်ကြသည်။
မြန်မာနိုင်ငံတွင် လွတ်လပ်ရေး ရရှိပြီးသည့် နောက်ပိုင်း ၁၉၅၁ ခုနှစ် အလုပ်ရုံများ အက်ဥပဒေ
အရ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးဆိုင်ရာဥပဒေ ပါ၀င်သော်လည်း လက်တွေ့လုပ်ငန်း
ခွင်များထဲတွင် မတွင်ကျယ် ခဲ့ပေ။ သို့သော် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံ နှင့် အလုပ်သမား
ဥပဒေစစ်ဆေးရေးဦးစီးဌာန ကဦးဆောင်၍ လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာ
ရေး ဥပဒေကို ၂၀၁၂ ခုနှစ်တွင် ရေးဆွဲခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ထုတ်ပြန်ရန်စီစဉ်ခဲ့သော်လည်း
လက်ရှိတွင် မူကြမ်းရေးဆွဲခဲ့ပြီး ပြည်ထောင်စုဝန်ကြီးသို့ တင်ပြထား လျက်ရှိကြောင်း အလုပ်ရုံနှင့်
အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာန လက်ထောက် ညွှန်ကြားရေးမှူး ဦးဥက္ကာသိန်းက
ပြောသည်။
ထို့ပြင် လက်ရှိ ရန်ကုန်မြို့အပါအဝင် အခြား မြို့နယ်များ၏ ဆောက်လုပ်ရေးလုပ်ငန်းများ တွင်မူ
ဆောက်လုပ်ရေးလုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးကို လုပ်ဆောင်လာကြသော် လည်း ဆောက်
လုပ်ရေးလုပ်ငန်းရှင်များနှင့် အလုပ်သမားများမှာ အမှန်တကယ်အသိပညာမရရှိသေးကြောင်း
လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးဆိုင်ရာ ပညာရပ်များ သင်ကြားပို့ချ သည့် Global Enchanting
သင်တန်းကျောင်း အမှုဆောင်အရာရှိချုပ် ဒေါ်ခိုင်ဆွေဝင်းကိုက မြန်မာတိုင်း(မ်) ကိုပြောသည်။
"အခုချိန်မှာ ှေ်နအပ နဲ့ပတ်သက်လို့ အသိ ပညာပိုင်းဆိုင်ရာလိုက်နာမှုပိုင်းဆိုင်ရာ အရမ်း
အားနည်းနေသေးပါတယ်။ အသိပညာပိုင်း ဆိုင်ရာကိစ္စတွေ အပိုင်းမှာ ပြည်သူတွေ သတိပြု
မိလာအောင် အများကြီး လုပ်ယူရပါဦးမယ်။ အလုပ်ရှင်တွေတင်မကဘဲ တကယ်လုပ်ငန်းခွင်ထဲ
၀င်နေတဲ့ အလုပ်သမားတွေကိုယ်တိုင်ကလည်း လုပ်ငန်းခွင်ထဲမှာ အချိန်မရွေး မတော်တဆ
အန္တရာယ်ဖြစ်နိုင်တယ်ဆိုတဲ့အသိနဲ့ လိုက်နာဖို့ လိုပါတယ်။ နောက်ပြီး လုပ်ငန်းခွင်ဘေးန္တရာယ်
ကင်းရှင်းရေးဆိုတာ အလုပ်ရှင်၊ အလုပ်သမားတွေသာမက အများပြည်သူနဲ့လည်း သက်ဆိုင်
ပါတယ်" ဟု ၎င်းက မေလ ၃၁ ရက်နေ့တွင် ပြုလုပ်သော ဘေးအန္တရာယ်ကင်းရှင်းသော လုပ်ငန်း
ခွင်ဆီသို့ ဆွေးနွေးပွဲတွင် ပြောသည်။
သို့သော် မြန်မာနိုင်ငံတွင် စီးပွားဆိုင်ရာ ကိစ္စရပ်များတွင် ပွင့်လင်းမြင်သာမှုများ ယခင် ကထက်
ပိုမိုရှိလာပြီးနောက် နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာပြီးနောက်ပိုင်း မြန်မာနိုင်ငံ၏
ဆောက်လုပ်ရေးလုပ်ငန်းများ အထူးသဖြင့် ရန်ကုန်မြို့၏ ဆောက်လုပ်ရေး လုပ်ငန်းများတွင်
ဆောက်လုပ်ရေးဆိုင်ရာ ဘေးအန္တရာယ်ကင်းရှင်းရေး အသိပညာပေးမှုများ ယခင်ထက် ပိုမိုကျယ်ပြန့်လာကြောင်း ဆောက်လုပ်ရေးကုမ္ပဏီများတွင် ဆောက်လုပ် ရေးဆိုင်ရာ အကြံပေး
လုပ်ဆောင်သူ ဒေါက်တာ စိုးသိန်းကပြောသည်။
"မြန်မာနိုင်ငံရဲ့ ဆောက်လုပ်ရေးလုပ်ငန်းထဲကို ပြည်ပအဖွဲ့အစည်းတွေ၊ ပြည်ပဆောက် လုပ်ရေး
လုပ်ငန်းရှင်တွေ ၀င်ရောက်လာပြီး ပူးပေါင်းလုပ်ဆောင်မှုတွေ ရှိလာတဲ့နောက်ပိုင်း မှာ လုပ်ငန်းခွင်
ဘေးအန္တရာယ်ကင်းရှင်းရေးကို တော်တော်များလိုက်နာကြတာကို တွေ့ရတယ်။ မလိုက်နာလို့
လည်း မရဘူး။ ဘာဖြစ်လို့လည်း ဆိုတော့ နိုင်ငံတကာက လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေး
အတိအကျလိုက်နာတဲ့ကုမ္ပဏီ မျိုးနဲ့ပဲ ပူးပေါင်းလုပ်ဆောင်ပြီး ရင်းနှီးမြှုပ်နှံဖို့ ကိုပဲ အာရုံစိုက်ကြ
တယ်" ဟု ၎င်းက ပြောသည်။
သို့သော် အချို့သော ဆောက်လုပ်ရေး လုပ်ငန်းရှင်များသည် လုပ်ငန်းခွင်ဘေး အန္တရာယ်ကင်းရှင်းရေးအတွက် ငွေကြေးအသုံးမပြုလိုသူများလည်းရှိပြီး ဆောက်လုပ်ရေး အလုပ်
သမားများမှာလည်း လုပ်ငန်းခွင် ဘေး န္တရာယ်ကင်းရှင်းရေး အသုံးအဆောင်ပစ္စည်း များအသုံးပြု
ရန် အသိပညာနည်းပါးမှုများရှိ သေးကြောင်း ဗု ှေ်နအပ ွမသကစ ၏ ဆောက်လုပ်ရေးလုပ်ငန်း
ခွင်ဆိုင်ရာအရာရှိ ကိုအောင်ကိုက ပြောသည်။
"ကျွန်တော်ရဲ့ သုံးသပ်ချက်အရ တချို့ လုပ်ငန်းရှင်တွေက လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်း
ရေးပိုင်းကို ငွေကြေးသုံးဖို့ ၀န်လေးကြ ပါတယ်။ တချို့လုပ်ငန်းရှင်တွေကတော့ ဘေး အန္တရာယ်
ကင်းရှင်းရေးဆိုင်ရာ အသုံးအဆောင် ပစ္စည်းတွေတော့ရှိပြီး တကယ်လုပ်ငန်းခွင်မှာ မသုံးကြဘူး။
အလုပ်သမားတွေကလည်း ကိုယ့် အန္တရာယ်ကင်းဖို့ထက် ဒီပစ္စည်းဝတ်ပြီး အလုပ် လုပ်ရမှာကို
အသားမကျတော့ မသုံးကြဘူး။ တကယ်တော့ ဒီအလေ့အထတွေက လုပ်ငန်းထဲ မှာ အန္တရာယ်
အများကြီး ရှိပါတယ်။ ကိုယ့် အသက်ကိုတန်ဖိုးထားဖို့ အရေးကြီးပါတယ်" ဟု ၎င်းကပြောသည်။
ယခုကဲ့သို့ လုပ်ငန်းခွင် ဘေးအန္တရာယ်ကင်းရှင်းရေးဆိုင်ရာ အသိပညာရရှိရန်မှာ နိုင်ငံတော်အစိုးရ၊
အလုပ်ရှင်နှင့် အလုပ်သမား များအားလုံး ပူးပေါင်းလုပ်ကိုင်မှသာ အောင်မြင် သည့် လုပ်ငန်းခွင်
ဘေးအန္တရာယ်ကင်းရှင်း ရေးကို ရရှိမည်ဖြစ်ကြောင်း ဒေါက်တာစိုးသိန်း ကပြောသည်။
"စင်ကာပူနိုင်ငံမှာဆိုရင် အစိုးရက Ministry of Man Power ကိုဖွဲ့စည်းထားပြီး သူတို့ဆီ
က အရာရှိတွေကိုယ်တိုင် ဆောက်လုပ်ရေးလုပ်ငန်း ခွင်ရော စက်ရုံအလုပ်ရုံလုပ်ငန်းခွင်တွေကိုပါ
လိုက်စစ်ပြီး မလိုက်နာရင် ဒဏ်ငွေကောက်တာ တို့ အလုပ်ရပ်ဆိုင်းတာတို့ လုပ်တယ်။ ကျွန်တော်
တို့ဆီမှာလည်း အဲဒီလိုမျိုး အစိုးရကလည်း ဥပဒေထုတ်ပြန်ပြီး တင်းတင်းကျပ်ကျပ် လုပ် ဆောင်
မယ်၊ အလုပ်ရှင်အလုပ်သမားတွေကလည်း လိုက်နာမယ်ဆိုရင် နောက်ပိုင်းမှာ လူတိုင်းဆီမှာ
ဒီအသိတွေ အလိုလိုရရှိသွားမှာ ပါ" ဟု ၎င်းက ပြောသည်။
နိုင်ငံတကာတွင် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေး (Work place Health
and Safety) ဥပဒေရှိပြီး အဆိုပါလုပ်ငန်းခွင်အတွင်း ဘေးအန္တရာယ်ကင်းရှင်း ရေးသည်
လူတစ်ဦးချင်းစီ၏ ထိခိုက်ဒဏ်ရာ ရရှိမှုမှ အသက်သေဆုံးသည်အထိ မတော်တဆ ဖြစ်ပွားနိုင်မှု
များကို သက်သာဖြေလျှော့နိုင်ရန် အတွက် လူတစ်ဦးချင်းစီတွင် လိုက်နာရန် လိုအပ်သည့်အရာ
ဖြစ်ကြောင်း အလုပ်သမား များအနေဖြင့် သတိပြုသင့်ကြောင်း ပညာရှင် များကပြောသည်။
နိုင်ငံတကာရှိ ဆောက်လုပ်ရေးလုပ်ငန်း ခွင်များအတွင်း မတော်တဆ ထိခိုက်မှုများ ကြောင့်
တစ်နှစ်လျှင် လူနှစ်သန်းကျော် သေဆုံး နေရပြီး ယင်းသို့ လုပ်ငန်းခွင်အတွင်း အလုပ် သမားများ
ထိခိုက်သေဆုံးမှုများကြောင့် ကမ္ဘာ့ဂျီဒီပီ၏ လေးရာခိုင်နှုန်းခန့် ဆုံးရှုံး နိုင်ကြောင်း နိုင်ငံတကာ
အလုပ်သမားရေးရာ အဖွဲ့ချုပ်က သတင်းထုတ်ပြန်ထားသည်။
















