ဆောက်လုပ်ရေး ပစ္စည်းဈေး အနည်းငယ်တက်ပြီး အရောင်းအေး

ဆောက်လုပ်ရေး ပစ္စည်းဈေး အနည်းငယ်တက်ပြီး အရောင်းအေး

မိုးဦးကာလရောက်ရှိလာ၍ ဆောက်လုပ်ရေးလုပ်ငန်းများ လျော့နည်းလာသည့်အတွက် ယခင်လ
များနှင့်နှိုင်းယှဉ်ပါက ဆောက်လုပ်ရေး ပစ္စည်းဈေးကွက်တွင် ၀ယ်လိုအားအနည်းငယ် ကျဆင်း
လာသော်လည်း ဈေးနှုန်းများမှာ ပြီးခဲ့ သည့်လဈေးထက် အနည်းငယ်တက်လာကြောင်း အိမ်
ဆောက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းရှင်များက ပြောသည်။

"အိမ်ဆောက်ပစ္စည်းဈေးတွေက ဒီနှစ်ခန့်မှန်း ရခက်နေတယ်။ ဒီပထမနှစ်ဝက်လောက်ထဲမှာ ပဲ
အတက်အကျမမှန်ဘူး။ ဧပြီလဆန်းလောက် က ဈေးတက်သွားပေမယ့် မေလဆန်းကျတော့
ဈေးပြန်ကျသွားတယ်။ အခု ဈေးပြန်တက်တယ်။ ပစ္စည်းဈေးတွေက အခုတက်လိုက်၊ အခုကျ
လိုက် ဖြစ်နေတယ်။ ပစ္စည်းဈေးတွေ မမှန်ပေမယ့် ဒီနှစ်ရောင်းအားက အရင်နှစ်တွေထက်စာရင်
အများကြီးကောင်းတယ်"ဟု မဟေသီ သဲ၊ ကျောက်၊ ဘိလပ်မြေရောင်းဝယ်ရေးမှ ကိုစိုင်း မျိုးက
ပြောသည်။

သဲ
"သဲဈေးက တစ်ကျင်းကို ကျပ် ၁၉,၀၀၀ ရှိတယ်။ အထိုင်ဈေးကတော့ တစ်ကျင်းကို ၁၂,၀၀၀
လောက်ရှိတယ်။ မေလက တစ်ကျင်း ကို နှစ်ထောင်လောက်ဈေးကျ သွားခဲ့ပေမယ့် အခု အရင်
ဈေးပြန်ဖြစ်သွားတယ်။ ဒီနှစ်ဆန်း ပိုင်းလောက်ကတည်းက သဲဈေးတွေက အရင် ထက်ဈေးကောင်း
နေတယ်" ဟု ကိုစိုင်းမျိုးက ပြောသည်။

ကျောက်စရစ်
ကျောက်စရစ်ဈေးမှာ တစ်ကျင်းလျှင် ယခု နှစ်ဆန်းကဈေးဖြစ်သော ကျပ် ၁၁၀,၀၀၀တွင် ဈေးငြိမ်
လျက်ရှိသည်။

"ကျောက်စရစ်ဈေးက တစ်ကျင်း တစ်သိန်းတစ်သောင်းနဲ့ ဒီနှစ်ဆန်းပိုင်းလောက်ကစပြီး ဈေးငြိမ်
နေတယ်။ ၂၀၁၃ နှစ်ကုန်ပိုင်းလောက် ထိ ကျောင်စရစ်ဈေးက တစ်ကျင်းကို ခြောက်သောင်း
ကျော်လောက်ပဲ ရှိရာကနေ ၂၀၁၄ နှစ်ဆန်းပိုင်းမှာ နှစ်ဆနီးပါးဈေးတက်သွားပြီး အခုထိ အဲဒီ
တက်ဈေးအတိုင်း ရှိနေတယ်"ဟု ကိုစိုင်းမျိုးက ပြောသည်။

အုတ်
အုတ်ဈေးမှာ မေလထက် တစ်လုံးတစ်ဆယ် ခန့် ဈေးတက်သွားပြီး လက်အုတ်တစ်လုံးဈေး
မှာ ကျပ် ၁၁၀ ဖြစ်ပြီး စက်အုတ်တစ်လုံးဈေးမှာ ကျပ် ၁၂၀ ဖြစ်သည်။

"အုတ်ဈေးက အရင်ဆိုမိုးတွင်းနီးရင် ဈေးကျ နေကျဖြစ်ပေမယ့် အခုလမှာ မေလထက် တစ်လုံး
ကိုတစ်ဆယ် ဈေးတက်သွားတယ်။ အခုစက်အုတ်တစ်လုံး ၁၂၀ ဖြစ်နေပေမယ့် လွန်ခဲ့တဲ့နှစ်လ
လောက်ကထိ တစ်လုံး ၁၀၀ လောက်ပဲရှိတာဆိုတော့ မကြာခင် အရင်ဈေး ပြန်ဖြစ်လောက်ပါ
တယ်"ဟု မြတ်မင်း ဆောက်လုပ်ရေးမှ ကိုအောင်ထွေးကပြောသည်။

ဘိလပ်မြေ
ဘိလပ်မြေဈေးမှာ ယခုနှစ်ဆန်းပိုင်းမှစ၍ ဈေးငြိမ်လျက်ရှိပြီး ဆင်တံဆိပ်ဘိလပ်မြေ
တစ်အိတ် ကျပ် ၅,၄၀၀ နှင့် ကြံ့တံဆိပ်ဘိလပ်မြေတစ်အိတ်မှာ ကျပ် ၄,၈၅၀ ဖြစ်သည်။

"ဘိလပ်မြေဈေးက လွန်ခဲ့တဲ့ခြောက်လ လောက်ကစပြီး ဆင်တံဆိပ်တစ်အိတ်ကို ကျပ် ၅,၅၀၀၊
ကြံ့တံဆိပ် ကျပ် ၅,၀၀၀ ဆိုပြီးဈေးငြိမ်နေ တာ။ အခု တစ်အိတ်ကို တစ်ရာလောက် ဈေးကျ
သွားတယ်။ ဈေးကွက်ထဲမှာ ကြံ့တံဆိပ်ကို သုံးတဲ့သူရှားလို့ ပစ္စည်းအသစ်မသွင်းတော့ဘဲ
ပစ္စည်းနည်းနည်းပြတ်နေတယ်"ဟု မဟေသီ သဲ၊ ကျောက်၊ ဘိလပ်မြေရောင်းဝယ်ရေးမှ ကိုစိုင်းမျိုး
ကပြောသည်။

သံချောင်း
သံချောင်းမှာလည်း ဈေးနှုန်းများအနည်း ငယ်ကျဆင်းလျက်ရှိသည်။ "သံချောင်းဈေးက
လွန်ခဲ့တဲ့လကထက် တစ်တန်ကို နှစ်သောင်းလောက်ဈေးကျသွား တယ်။ သံဈေးက ဒီနှစ်အစပိုင်း
ကတည်းက ဈေးနည်းနည်းကျနေတာ။ နိုင်ငံခြားက တင်သွင်း တဲ့ သံချောင်းတွေရော ပြည်တွင်း
ထုတ်သံချောင်း တွေရော နှစ်ခုစလုံးဈေးကျသွားတာ"ဟု မိဘ မေတ္တာ အိမ်ဆောက်သံထည်
ပစ္စည်းရောင်းဝယ် ရေးမှ ကိုကောင်းခန့်က ပြောသည်။

မြန်မာနိုင်ငံထုတ် သုံးမူးနှင့် ငါးမူးသံချောင်းတစ်တန်လျှင် ကျပ် ၄၈၀,၀၀၀၊ ခြောက်မူး သံချောင်း
တစ်တန်လျှင် ကျပ် ၅၁၅,၀၀၀ ဖြစ်ပြီး နိုင်ငံခြားမှတင်သွင်းသော သုံးမူးနှင့် ငါးမူးသံချောင်းတစ်
တန်လျှင် ကျပ် ၅၆၀,၀၀၀ နှင့် ခြောက်မူးသံချောင်းတစ်တန်လျှင် ၅၈၀,၀၀၀ ကျပ်ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်