ဒီတစ်ပတ် မြန်မာတိုင်း(မ်)ရဲ့စိတ်ကြိုက်အိမ် ကဏ္ဍမှာတော့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်း
ပေါ်က Nature Park-အိမ်ရာမှာရှိတဲ့ အငှား အိမ်လေးတစ်လုံးကို ရွေးချယ်ဖော်ပြပေးလိုက်
ပါတယ်။
ဒီလုံးချင်းနှစ်ထပ်အိမ်လေးက ခြံဝင်း အကျယ် စတုရန်းပေ ၁၀,၄၀၀ ရှိပြီး အိမ် အကျယ် စတုရန်း
ပေ ၆,၉၀၀ ရှိလို့ မိသားစု လူဦးရေများပြီး အေးအေးဆေးဆေးနေချင်တဲ့ သူ တွေအတွက် သင့်
တော်တဲ့ အိမ်လေးတစ်လုံး ပဲ ဖြစ်ပါတယ်။ ကိုယ်ပိုင်ခြံဝင်း၊ ့န်းခြံနဲ့ တိတ်တိတ်ဆိတ်ဆိတ် ငြိမ်းငြိမ်း
ချမ်းချမ်းနေချင်သူတွေ လက်မလွှတ်သင့်တဲ့ အိမ်လေးတစ်လုံး ပဲ ဖြစ်ပါတယ်။
ဒီအိမ်လေးက ကျယ်ဝန်းရုံသာမက ခြံဝင်းထဲမှာလည်း ပန်းခြံနဲ့ ရေပန်းလေးတစ်ခုပါ ပါ၀င်တဲ့
အတွက် ကောင်းကောင်းအနားယူအပန်းဖြေ နိုင်မယ့် အိမ်လေးတစ်လုံးလည်းဖြစ်ပါတယ်။
ဒီအိမ်လေးက အခုမှ အသစ်တည်ဆောက် ထားတာဖြစ်ပြီး အိမ်အတွင်း၊ ွှပြင်ဒီဇိုင်းတွေ ကလည်း
ခေတ်မီလှပနေပါတယ်။
အိမ်တွင်း အပြင်အဆင်တွေကတော့ နှစ်ယောက်အိပ်ခန်း လေးခန်း၊ ဧည့်ခန်း၊ ထမင်းစားခန်း၊
ဘုရားခန်း နဲ့ အိမ်အကူခန်းနှစ်ခန်းတို့ ပါ၀င်ပါတယ်။ ဒီနှစ်ထပ်တိုက်အိမ်လေးမှာ နှစ်ယောက်
အိပ်ခန်းလေးခန်းပါ၀င်တဲ့အတွက် မိသားစု လူဦးရေများသူတွေအတွက် အဆင်ပြေမယ့် အိမ်
လေးပဲဖြစ်ပါတယ်။
အိမ်ခန်းတွေကလည်း အခန်းတိုင်းကျယ်ဝန်းတဲ့အတွက် နေထိုင်မယ့် သူတွေ အဆင်ပြေပြေ
ကျယ်ကျယ်ဝန်းဝန်း နေထိုင်နိုင်မှာဖြစ်ပါတယ်။ အိမ်အပေါ်ထပ်မှာ ကျယ်ဝန်းတဲ့ဝရန်တာတစ်ခု
ပါ၀င်တဲ့အတွက် သန့်ရှင်းတဲ့လေကိုရှူရှိုက် နိုင်ပြီး တစ်နေ့တာပင်ပန်းမှုများကို ဖြေဖျောက် နိုင်
ပါတယ်။
၀ရန်တာလေးမှာ မိသားစု အေးဆေးစွာအနားယူနိုင်ပါတယ်။ ဒီအိမ်လေး မှာ ဘုရားခန်းလည်း
ပါ၀င်တဲ့အတွက် ဘာသာရေးလိုက်စားတဲ့ အိမ်ရှင်မတွေအတွက် စိတ်အေးချမ်းသာစွာ ဘုရား
၀တ်ပြုနိုင်ပါတယ်။
အိမ်တွင်းမှာ ရေမီးအပြည့်အစုံပါ၀င်ပြီး နေထိုင်သူများ ဆက်သွယ်ရေးအဆင်ပြေစေရန် ဖုန်းလိုင်း
များကိုလည်း တပ်ဆင်ပေးထားပါ တယ်။ အိမ်တွင်းမှာ လေအေးပေးစက်ရှစ်လုံး တပ်ဆင်ထားတဲ့
အတွက် နေထိုင်မယ့်သူတွေ စိတ်အေးချမ်းသာစွာ အေးအေးဆေးဆေးနေထိုင်နိုင်မှာ ဖြစ်ပါတယ်။
ဒီအိမ်လေးမှာ ခုတင်၊ နံရံကပ်ဗီရိုနဲ့ စားပွဲ တွေ ပါ၀င်ပေမယ့် အိမ်တွင်းပရိဘောဂပစ္စည်း တွေတော့
ပြည့်ပြည့်စုံစုံ မပါ၀င်ပါဘူး။ ဒါပေမဲ့ နေထိုင်မယ့်သူတွေက ပရိဘောဂပစ္စည်းတွေ အကြောင်းကို
အိမ်ရှင်နဲ့ ညှိနှိုင်းဆွေးနွေးနိုင် ပါတယ်။
ဒီအိမ်လေးက ကိုယ်ပိုင်ခြံဝင်းခတ်ထားပြီး ခြံဝင်းအကျယ် စတုရန်းတစ်သောင်းပေနီးပါးရှိတဲ့
အတွက် ကားဂိုဒေါင်အတွက် ပူနေစရာမလိုပါဘူး။ ကားရပ်နားဖို့ ကားဂိုဒေါင်ခန်းသီးသန့်မရှိပေ
မယ့် အိမ်ရှေ့မှာ ကားရပ်နားဖို့ ကျယ်ဝန်းတဲ့နေရာတွေ ရှိပါတယ်။
ဒီအိမ်လေးက မြို့ထဲနဲ့ သိပ်အလှမ်းမဝေးတဲ့ မရမ်းကုန်းမြိုကနယ်မှာတည်ရှိတာဖြစ်လို့ သွား လာ
ရေးအဆင်ပြေစေမှာ ဖြစ်ပါတယ်။ နေရာက လည်းအချက်အချာကျတာကြောင့် အိမ်နဲ့ ကုမ္ပဏီ
ရုံးခန်း တွဲဖက်ဖွင့်ချင်သူတွေအတွက် ပါ သင့်တော်တဲ့ အိမ်လေးတစ်လုံး ဖြစ်ပါတယ်။
ငှားရမ်းမယ့်ဈေးကတော့ တစ်လဒေါ်လာ တစ်သောင်းခွဲ ဖြစ်ပါတယ်။ ငှားရမ်းခ မြင့်မား တယ်
ဆိုပေမယ့် ဒါဟာ ညှိနှိုင်းဈေးပါ။ ဒီအိမ် လေးကို ငှားချင်တဲ့သူကလည်း အိမ်ရှင်နဲ့ ဈေးနှုန်းညှိနှိုင်း
နိုင်ပါတယ်။
















