ကြိုပွိုင့်တိုက်ခန်း ဈေးကွက်ပျက်ခဲ့တဲ့ ၂၀၁၅ ခုနှစ်

ကြိုပွိုင့်တိုက်ခန်း ဈေးကွက်ပျက်ခဲ့တဲ့ ၂၀၁၅ ခုနှစ်

စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာခြင်း နှင့်အတူ ဆောက်လုပ်ရေးကဏ္ဍအတွက်
နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှု ပိုမိုများပြားလာခဲ့ရာ အဆင့်မြင့်အိမ်ရာနှင့် ရုံးခန်းနေရာများ
လိုအပ်နေဆဲဖြစ်သော်လည်း ၂၀၁၅ ခုနှစ် သည် တိုက်ခန်းနှင့် မြေအရောင်းဈေးကွက် သိသိသာသာအေးစက်သော နှစ်တစ်နှစ် ဖြစ်ခဲ့ကြောင်း အိမ်ခြံမြေကျွမ်းကျင်သူများက
ပြောသည်။

"ဒီနှစ်အိမ်ခြံမြေအရောင်းဈေးကွက်ကငါးနှစ်အတွင်းမှာ ဈေးကွက်အကျဆုံးပဲ ဖြစ်ပါတယ်။
၂၀၀၀ ပြည့်နှစ်နောက်ပိုင်းကစပြီး ဆောက်လုပ်ရေးလုပ်ငန်းတွေ ကောင်းမွန်ခဲ့ပေမယ့်
၂၀၁၅ ခုနှစ်ကတော့ ကန်ထရိုက်လုပ် ငန်းတွေ အကျဆုံးနှစ်ပဲ ဖြစ်ပါတယ်။ တိုက်ခန်း နဲ့ မြေကွက်ဈေးတွေက ဈေးကွက်အေးစက်နေပေမယ့် ဈေးကတော့ မာနေဆဲပါပဲ" ဟု
အာရှဆောက်လုပ်ရေးလုပ်ငန်းက အထွေထွေ မန်နေဂျာ ဦးရန်အောင်က ပြောသည်။

"အရင်နှစ်တွေမှာ ကြိုပွိုင့်ဈေးကွက်တွေ၊ ၀ယ်ရောင်းဈေးကွက်တွေ ကောင်းမွန်ခဲ့ပေမယ့်
ဒီနှစ်မှာတော့ ၀ယ်ရောင်းတွေအားလုံး ရပ်သွားတယ်လို့ ပြောလို့ရပါတယ်။ ၀ယ် ရောင်း
လုပ်ချင်တဲ့သူတွေက အိမ်ခြံမြေဈေး ကွက်မှာ မရင်းနှီးကြတော့ဘဲ တကယ်နေဖို့ ၀ယ်ယူ
သူတွေလောက်ပဲ ရှိတော့တယ်"ဟု လည်း ၎င်းက ပြောသည်။

မြတ်မင်း ဆောက်လုပ်ရေးလုပ်ငန်းက ဦးအောင်မင်းကလည်း "နိုင်ငံတကာမှာ မတွင်ကျယ်တဲ့
၀ယ်သူက အရင်ငွေပေးဝယ်ရတဲ့ ကြိုပွိုင့်တိုက်ခန်းရောင်းဝယ်ရေးတွေ မြန်မာနိုင်ငံမှာ ၂၀၁၀
ပြည့်နှစ်ကျော်ခန့်ကတည်းက စတွင်ကျယ်ခဲ့ပေမယ့် ဒီနှစ်မှာတော့ မြန်မာနိုင်ငံမှာလည်း အဲဒီဈေး
ကွက်ပျက်သွားပြီလို့ ပြောလို့ရပါတယ်။ သိန်း ၂၀၀ ကျော်ရင်းနှီး ပြီး သိန်း ၃၀ လောက် အမြတ်ရလို့
ဈေးကွက်ကောင်းမွန်ခဲ့ပေမယ့် ကတိမတည်တဲ့ ဆောက်လုပ်ရေးလုပ်းငန်းရှင်တွေကြောင့်
အလိမ်ခံရတာတွေများပြီး ပြဿနာတွေ ရှိခဲ့ကြလို့ ဒီအချိန်မှာ ၀ယ်ယူသူတွေက ကြိုပွိုင့် ဈေးကွက်ကို
မယုံကြည်ကြတော့ပါဘူး။ ၀ယ် ရောင်းသမားတွေက ကြိုပွိုင့်ဈေးကွက်ကို မရင်းနှီးကြတော့ပါဘူး။ တကယ်နေထိုင်မယ့်သူတွေကလည်း ဆောက်လုပ်ပြီးခါနီး တိုက်ခန်းတွေကိုပဲ ၀ယ်လာကြတာ
များပါတယ်"ဟု ပြောသည်။

အိမ်ရာနှင့် တိုက်ခန်းဈေးများမှာ ယခင်နှစ် များနှင့်နှိုင်းယှဉ်ပါက ၁၀ ရာခိုင်နှုန်းကျော် အထိ
ဈေးကျသွားပြီး အချို့နေရာများတွင် ထို့ထက်ပိုမိုသည်ဟုလည်း သိရသည်။ "ဈေးကွက်က
သိသိသာသာ ကျဆင်းသွား ပြီး အိမ်ခြံမြေမှာ ရင်းနှီးမြှုပ်နှံမယ့်သူတွေ ရှားပါးလာပေမယ့်
အိမ်ဈေးတွေက ထက်ဝက် လောက်ထိကျတာမျိုး၊ သုံးပုံတစ်ပုံကျတာမျိုး တွေ မရှိပါဘူး။
ရာခိုင်နှုန်းနဲ့တွက်ရင် အများ အားဖြင့် ၁၀ ရာခိုင်နှုန်းလောက်ပဲ ဈေး ကျတယ်လို့ ပြောလို့ရတယ်။
ဆောက်လုပ်ရေး လုပ်ငန်းရှင်တွေက တိုက်ခန်းတွေ မရောင်း ရလည်း ဈေးကိုမချဘဲ တင်းခံနေ
တဲ့သဘော မှာ ရှိပါတယ်။ အချို့ငွေမနိုင်တဲ့ ဆောက်လုပ် ရေးလုပ်ငန်းရှင် အနည်းစုကပဲ
တိုက်ခန်းဈေးနှုန်းတွေကို ၂၀ ရာခိုင်နှုန်းလောက်ထိ ချရောင်းတာမျိုး ရှိပါတယ်"ဟု ဦးအောင်မင်းက
ပြောသည်။

ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကလည်း ယခုနှစ်အတွင်း ဆောက်လုပ်ရေး
လုပ်ငန်းရှင်များအတွက် စည်းကမ်းတင်းကျပ်မှုများစွာကို ထုတ်ပြန်ခဲ့ပြီး ကြပ်ကြပ် မတ်မတ်
စစ်ဆေးတာတွေနှင့် ကန်ထရိုက်တာ လိုင်စင်အတွက် ကြိုတင်ပေးသွင်းငွေကြေးကို သိသာစွာ
တိုးမြှင့်သတ်မှတ်လိုက်တာတွေ ကြောင့် အထွေထွေပြဿနာများကို အရင်ဆိုင်ရဆုံး
နှစ်တစ်နှစ်ဖြစ်ကြောင်း ဆောက်လုပ် ရေး လုပ်ငန်းရှင်များက ပြောသည်။

"အရင်ကတည်းက စည်းကမ်းမကြပ်မတ်ထားဘဲ စည်းကမ်းမဲ့ ဆောက်ချင်သလို ဆောက်နေကြပေ
မယ့် ဒီနှစ်ကစပြီး စည်း ကမ်းတွေအများကြီး သတ်မှတ်လိုက်တော့ အချို့ဆောက်လုပ်ရေးလုပ်ငန်း
ရှင်တွေ လုပ်ငန်းတောင် ရပ်နားလိုက်ကြရပါတယ်။ ကြိုတင် ပေးသွင်းငွေကြေးကိုလည်း အရင်သိန်း
၅၀ ကနေ သိန်း ၂၀၀ ပဲ ပေးရပေမယ့် အခု သိန်း ၂၀၀ ကနေ သိန်း ၅၀ အထိ တိုးမြှင့်သတ်
မှတ်လိုက်ပြီး တခြားကဏ္ဍတွေမှာလည်း စည်းကမ်းတင်းကျပ်လိုက်တော့ ဆောက်လုပ် ရေးလုပ်ငန်းရှင်အများစု ငွေမလည်ဖြစ်သွားကြပါ
တယ်"ဟု ဦးအောင်မင်းက ပြောသည်။

ယခင်နှစ်များက ကောင်းမွန်ခဲ့သော ကန် ထရိုက်ဈေးကွက်မှာ ၂၀၁၄ ခုနှစ်မှ စတင်ကာ
တဖြည်းဖြည်းကျဆင်းလာခဲ့ပြီး မြေရှင်များ ဘက်ကလည်း ကန်ထရိုက်တိုက်ဆောက်လုပ်ရန်
လိုလားမှုများ ရှိနေသေးကြောင်း ဦးအောင် မင်းက ပြောသည်။ "အရင်က မြေရှင်နဲ့ ကန်ထရိုက်
အကျိုး တူ ပူးပေါင်းဆောက်တဲ့ ကန်ထရိုက်တိုက် ဆောက်ဖို့ ကန်ထရိုက်တွေက မြေရှင်တွေ ကို
ဈေးကြီးကြီးအလိုက်ပေးပြီး လိုက်ရပေ မယ့် အခုမြေရှင်တွေက ကန်ထရိုက်တွေ ကို ပြန်ရှာနေရ
ပါပြီ။ မြေရှင်ကို အလိုက်ပေး ရတဲ့ ပိုက်ဆံပမာဏလည်း အရင်ကထက် ကျသွားပါပြီ။ နေရာစည်
ကားတာကို လိုက်ပြီး အလိုက်ပေးရတဲ့ ပမာဏကွာပါတယ်။ စတု ရန်းပေ ၁၂၀၀ ရှိတဲ့ခြံမှာ ငါးထပ်
တိုက်ဆောက် မယ်ဆိုရင် အရင်က သိန်း ၄၀၀ ကျော်လောက် ထိကို အလိုက်ပေးရပေမယ့် အခု
သိန်း၂၅၀ လောက်ပဲ ပေးဖို့လိုပါတယ်။ အလိုက်ပေးတာ များပြီး ဖြစ်သလိုဆောက်တဲ့ ကန်ထရိုက်
တွေကို မြေရှင်တွေ မရွေးကြတော့ပါဘူး။ အရင်က အလိုက်ပေးတာများတာကိုပဲ ကြည့်ရွေးကြပေမယ့်
နောက်ဆက်တွဲ ပြဿနာတွေ ကို ရင်ဆိုင်လာကြတဲ့ ဥပမာဇာတ်လမ်းတွေ များလာတာလည်း ပါပါတယ်"ဟု
ဦးအောင်မင်းက ပြောသည်။

နိုင်ငံတကာကဲ့သို့ ဆောက်လုပ်ရေးလုပ် ငန်းရှင်များသည် ဘဏ်များနှင့်ချိတ်ဆက်ပြီး ငွေကြေး မချေးငှားနိုင်သောကြောင့်လည်း ဆောက်လုပ်ရေးဈေးကွက် ပိုမိုကျဆင်းလာရ ခြင်း ဖြစ်သည်ဟု
လည်း ၎င်းတို့က ပြောသည်။ "အရင်က ကြိုပွိုင့်ဈေးကွက်ကောင်းတော့ တိုက်ခန်းတွေကို ကြိုရောင်းပြီး
အဲဒီကရတဲ့ ပိုက်ဆံနဲ့ ပြန်ဆောက်ကြပေမယ့် အခုကြိုပွိုင့် ဈေးကွက်ပျက်သွားတော့ ဆောက်လုပ်ဖို့
ငွေကြိုရမယ့်နေရာ မရှိတော့ဘူး။ နိုင်ငံတကာမှာလို ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး ဆောက်လုပ်
ရေးအတွက် အရင်းအနှီးကို မချေးငှားနိုင်တော့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေ အခက်တွေ့ပြီး
ဒီနှစ်ထဲမှာ ဆောက်လက်စ ရပ်နားထားတာမျိုးတွေ အများကြီးဖြစ်ခဲ့ပါ တယ်"ဟု အာရှဆောက်
လုပ်ရေးလုပ်ငန်းမှ ဦးရန်အောင်က ပြောသည်။

နေထိုင်မှုများသော တိုက်ခန်းများ၊ ကွန်ဒိုတိုက်ခန်းများ၊ ရုံးခန်းအဆောက်အအုံများ၏
အရောင်းဈေးနှင့် အငှားဈေးများ သိသိသာ သာ မကျဆင်းသော်လည်း တန်ဖိုးမြင့်လုံးချင်း
အိမ်ရာများ၏ အငှားဈေးနှင့် အရောင်းဈေး များမှာ ဈေးကွက်သိသိသာသာ ကျဆင်းပြီး
ဈေးနှုန်းများလည်း ၂၀ ရာခိုင်နှုန်းခန့်ကျဆင်း ခဲ့ကြောင်း အိမ်ခြံမြေအကျိုးဆောင်များထံမှ
သိရသည်။ "ရိုးရိုးတိုက်ခန်းအရောင်းဈေးတွေ သိသိသာသာ မကျပေမယ့် တန်ဖိုးမြင့်လုံးချင်းအိမ်
ဈေးကွက်ကတော့ ရင်းနှီးမြှုပ်နှံသူမရှိတော့ တာကြောင့် ဈေးကွက်အရမ်းအေးစက်ပြီး ဈေးနှုန်းတွေ
လည်း ၃၀ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပါတယ်။ အိမ်ရှင်တွေက ဈေးကွက်ကျဆင်းပေမယ့် တင်းခံပြီး
ကျဈေးနဲ့မရောင်းလို့သာ ဈေးတွေ ထက်ဝက်လောက်ထိ မကျ သွားပေမယ့် အရင်နှစ်တွေမှာ
ဆက်တိုက်ကောင်းမွန်ခဲ့တဲ့ လုံးချင်းအိမ်အရောင်းနဲ့ အငှားဈေးကွက်က ၂၀၁၅ မှာ ကျဆင်းခဲ့ပါ
တယ်"ဟု သစ္စာအိမ်ခြံမြေအကျိုးဆောင်က ဒေါ်သူဇာမေက ပြောသည်။ တိုက်ခန်းနှင့် ကွန်ဒိုခန်း
အရောင်းဈေး ကွက်များ ကျဆင်းနေသော်လည်း အငှားဈေး ကွက်မှာ ကောင်းမွန်နေဆဲဖြစ်ပြီး
"တိုက်ခန်းဝယ်ယူသူတွေ နည်းပြီး အရောင်းဈေးကျတာတွေ၊ ဈေးကွက်အေးစက်တာတွေ
ဖြစ်နေပေမယ့် တိုက်ခန်းအငှားဈေးကွက်ကတော့ ဈေးမာပြီး ၀ယ်လိုအားများတဲ့ဈေးကွက်တစ်ခု
ဖြစ်နေပါတယ်"ဟု ၎င်းက ပြောသည်။

အဆင့်မြင့်အိမ်ရာများ၊ တိုက်ခန်းများနှင့် ရုံးခန်းများကို ပိုမိုအကောင်အထည်ဖော်နိုင်ခဲ့ပြီး ယခုနှစ်အတွင်း ဖော်ဆောင်ရန်ကြိုးစား နေသော မြို့သစ်များ အောင်မြင်ပါက လာမည့်
နှစ်တွင် မြေဈေးနှုန်းများ ကျဆင်းနိုင်ပြီး ဈေးကွက်ကောင်းမွန်နိုင်သည်ဟုလည်း အိမ် ခြံမြေ
အကျိုးဆောင်များက မျှော်လင့် ထားသည်။ "မြေဈေးတက်တာနဲ့ ဈေးကွက်ကောင်းတာနဲ့ မတူပါဘူး။ မြေဈေးကျတိုင်းလည်း ဈေးကွက်ကျဆင်းတာ မဟုတ်ပါဘူး။ ရန်ကုန် မြို့မြေဈေးကွက်
ဒီထက်ပိုကောင်းဖို့ မြို့သစ်စီမံကိန်းတွေ မြန်မြန်အကောင်အထည်ဖော် ဖို့လိုအပ်ပြီး လိုအပ်တဲ့
အိမ်ခြံမြေဆိုင်ရာ ဥပဒေတွေကိုလည်း သက်ဆိုင်ရာအစိုးရဌာန တွေက မြန်မြန် ပြဋ္ဌာန်းပေးဖို့
လိုပါတယ်။ မြို့ထဲမှာပဲ စုပြံုပြီး စည်ကားနေမယ့်အစား မြို့သစ်တွေမှာလည်း အခြေခံအဆောက်
အအုံတွေ ပြည့်စုံရင်၊ စီးပွားရေးအခွင့်အလမ်းတွေ ကောင်းမွန်ရင် နေထိုင်ချင်သူတွေ များမှာပါ။
ဒါမှ တကယ်ဖွံ့ဖြိုးတိုးတက်တယ်လို့ ခေါ်နိုင်မှာပါ။ မြို့သစ်တွေ တည်ပေမယ့် အခြေခံ အဆောက်
အအုံမရှိ၊ စီးပွားရေးလုပ်ငန်းလုပ် ကိုင်သူမရှိဘဲ မြေကွက်တွေကိုပဲ ရောင်းနေ တာကတော့
မြို့သစ်တည်တာနဲ့ မတူပါဘူး။ လာမည့်နှစ်မှာ မြန်မာအိမ်ခြံမြေဈေးကွက် ကောင်းမွန်ဖို့ မြို့သစ်
အင်္ဂါရပ်နဲ့ ပြည့်စုံတဲ့မြို့သစ်တွေ တည်နိုင်ပြီး မြေဈေးနှုန်းညီဖို့ လိုအပ်နေပါတယ်။ မြို့သစ်တွေ ဖော်ဆောင် နိုင်တာနဲ့အတူ ဆောက်လုပ်ရေးဈေးကွက်ပါ ပြန်လည်ဦးမော့လာမှာပါ"ဟု
ဦးအောင်မင်း က ပြောသည်။ ထို့ပြင် အသေးစားဆောက်လုပ်ရေးလုပ် ငန်းရှင်များ လုပ်ငန်းများ
ပိုမိုလည်ပတ်နိုင်စေရန် ဘဏ်များက ချေးငှားခွင့်ရရှိရန် လိုအပ်သကဲ့သို့ နေထိုင်ရန် ၀ယ်ယူလို
သူများလည်း ဘဏ်များ၏ အကူအညီဖြင့် နှစ်ရှည်ငွေသွင်း ၀ယ်ယူနိုင်ပါက လာမည့်နှစ်များတွင်
ဆောက် လုပ်ရေးအရောင်းဈေးကွက် ပိုမိုကောင်းမွန်နိုင်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေးလုပ်
ငန်းရှင်များက ပြောသည်။

"အစိုးရသစ်လက်ထက်မှာ နိုင်ငံတကာ မှာ ကျင့်သုံးနေတဲ့ ပုံစံမျိုးအတိုင်း ဆောက်လုပ် ရေးလုပ်ငန်း
ရှင်တွေလည်း အရင်းအနှီး အတွက် ဘဏ်တွေက ငွေချေးနိုင်တဲ့အပြင် ၀ယ်ယူလိုသူတွေကလည်း
နိုင်ငံတကာဘဏ်တွေနဲ့ ချိတ်ဆက်ပြီး နှစ်ရှည်ငွေသွင်းစနစ် အင်စတော်မန်နဲ့ အဆင်ပြေပြေဝယ်နိုင်
မယ် ဆိုရင်၊ ပြီးတော့ ယခုထိ အတည်မပြုရသေးတဲ့ ကွန်ဒိုဥပဒေထွက်ပြီး နိုင်ငံခြားသားတွေကိုပါ
တိုက်ခန်းတွေ ရောင်းချနိုင်ပြီဆိုရင် အိမ်ရာရောင်းဝယ်ရေးလုပ်ငန်းတွေ ပိုမိုဖြစ်ထွန်း လာနိုင်ပါတယ်" ဟု
ဦးရန်အောင်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်