၂၀၁၃ ခုနှစ်အတွင်း အစိုးရက ကောက်ယူထားသည့်စစ်တမ်းများအရ ရန်ကုန်တိုင်းဒေသကြီး
အတွင်းရှိနိုင်ငံပိုင်မြေများနှင့် ပုဂ္ဂလိကပိုင် မြေနေရာများပေါ်တွင် ဆောက်လုပ်ထားသည့် ကျူးကျော်
တဲအရေအတွက်နေ့စဉ်တိုးပွား လာနေသည့်အတွက် ယနေ့အချိန်တွင် ကျူးကျော် တဲပေါင်းနှ
စ်သိန်းခန့်အထိ ရှိလာ နိုင်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး
ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးဦးဝင်းနိုင်က ပြောသည်။
ပထမအကြိမ်စာရင်းကောက်ယူစဉ် ၂၀၁၃ ခုနှစ်အတွင်းက ကျူးကျော်တဲပေါင်း ၆၅,၀၀၀
ရှိခဲ့ရာ အရေအတွက်တိုးလာပြီး လက်ရှိအချိန် တွင် တဲပေါင်း ၂၀၀,၀၀၀ ခန့်ရှိမည်ဟု စာရင်း
ပိုင်းဆိုင်ရာ ကျွမ်းကျင်သူများကခန့်မှန်းကြောင်း ၎င်းက ပြောသည်။ "နှစ်သိန်းကတော့
စာရင်းပြန်မကောက် ရသေးတဲ့အတွက် အတည်ပြုလို့မရသေး ပေမယ့် တိုးနေတာကတော့
သေချာတယ်။ ကျွန်တော်တို့ ဒီပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးစားနေပေမယ့် အားလုံးကို
လွှမ်းခြုံနိုင်ဖို့ ဆိုတာမဖြစ်နိုင်သေးဘူး။ နေစရာလုံးဝမရှိလို့ ကို ကျူးကျော်တဲနဲ့နေတဲ့
လူတန်းစားကို ပြောတာ၊ အိမ်ပိုင်ဖို့ မပြောနဲ့ ငှားနေဖို့တောင် မတတ် နိုင်တဲ့သူတွေကို
ဆိုလိုတာပါ။ တချို့ကျူးကျော် တဲလေးတွေဆို ခြောက်ပေပတ်လည်မှာ ဘယ်လိုနေကြတယ်
ဆိုတာတောင် စဉ်းစား လို့ မရဘူးဖြစ်နေတယ်"ဟု ၎င်းကပြောသည်။ စက်မှုဇုန်အများအပြား
ရှိပြီး အလုပ်အကိုင်အခွင့်အလမ်းပေါများသည့် ဒဂုံဆိပ် ကမ်း၊ ဒဂုံတောင်၊ ရွှေပြည်သာနှင့်
လှိုင်သာယာ မြို့နယ်များတွင် ကျူးကျော်တဲ အများဆုံးရှိနေသည်။
လှိုင်သာယာမြို့နယ်မှာ ကျူးကျော်တဲ အများဆုံးတွေ့ရသော နယ်မြေတစ်ခုဖြစ်သည်။
သာကေတနှင့် မြောက်ဥက္ကလာပ မြို့နယ်များ၊ မရမ်းကုန်းမြို့နယ်အတွင်းရှိ မြေကွက်
လွတ်များပေါ်တွင်လည်း ကျူးကျော် တဲထိုးကာ နေထိုင်သူများ ရှိလာသည်။ သို့သော်
အဆိုပါမြို့နယ်များတွင် တဲပေါင်း ၁၀၀ ကျော်သာရှိကြောင်း ခန့်မှန်းသိရှိရသည်ဟု ၎င်းက
ပြောသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ကျူးကျော် တဲ တိုးပွားလာသည့် ပြဿနာကိုဖြေရှင်းနိုင်
ရန် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ အစီအစဉ်ဖြင့်
ဒဂုံမြို့သစ်တောင်ပိုင်း ၁၆၈ ရပ်ကွက်တွင် ခြောက်ခန်းတွဲ တစ်ထပ်တိုက် စုစုပေါင်း ၁၅ လုံး၊
အခန်းပေါင်း ၉၀ ကို ရှေ့ပြေးစမ်းသပ်အစီ အစဉ် (ဏငူသအ စမသနြခအ) အဖြစ် ဒဂုံဆိပ်ကမ်း
မြို့နယ် အတွင်းရှိ ကျူးကျော်နေထိုင်သူများကို အငှားစနစ်ဖြင့် နေရာချထားပေးရန် ဆောက်
လုပ်လျက်ရှိသည်။
အဆိုပါအစီအစဉ်အောင် မြင်ပါက ကျူးကျော်နေထိုင်သူများအတွက် အငှားအိမ်ရာများကို
ဆက်လက်ဆောက်လုပ် ပေးသွားရန် စီစဉ်ထားသော်လည်း ရန်ကုန် တိုင်းဒေသကြီး
တစ်ခုလုံးအတွင်းရှိ ကျူးကျော် နေထိုင်သူများအတွက်ကိုမူ အငှားအိမ်ရာချထားပေးရန်မှာ
ဖြစ်နိုင်ခြေနည်းပါးကြောင်း ဦးဝင်းနိုင်က ပြောသည်။
၂၀၀၈ ခုနှစ်အတွင်းဖြစ်ပွားခဲ့သည့် ဆိုင်ကလုန်းနာဂစ်မုန်တိုင်းအပြီးတွင် ဧရာဝတီတိုင်းဒေ
သကြီးအတွင်းရှိ အခြေခံအဆောက်အအုံအများအပြား ပျက်စီးခဲ့ရသလို နေထိုင်သူ များအတွက်
လည်း အလုပ်အကိုင်အခွင့်အလမ်းရှားပါးလာသည့် အခြေအနေသို့ ရောက်ရှိခဲ့ရသည်။ သို့ဖြစ်ရာ
စက်မှုဇုန်အများ အပြားရှိပြီး အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးနိုင်သည့်
ရန်ကုန်တိုင်းဒေသကြီး သို့ ၀င်ရောက်နေထိုင်မှု ပိုမိုများပြားလာသည်။ အဆိုပါအခြေ
အနေများကြောင့် တိုးပွားလာ သည့် တဲများကို 'တဲတစ်တဲတိုး တစ်တဲဖျက် စနစ်' ဖြင့်
ရှင်းလင်းလုပ်ကိုင်လျက်ရှိနေ ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ
အဖွဲ့ဝင်ဦးခင်မောင်တင့်က ပြော သည်။ "အခုနောက်ပိုင်း စည်ပင်ပိုင်မြေပဲ ဖြစ်ဖြစ်၊
တခြားမြေမှာပဲဖြစ်ဖြစ် ကျူးကျော် တဲအသစ်ထပ်တိုးဆောက်လာရင် 'တစ်လုံးဆောက်၊
တစ်လုံးဖျက်တဲ့ စနစ်'နဲ့ ရှင်းနေတာ ပါ ၊ အားလုံးက ၀ိုင်းစောင့်ကြည့်နေပါတယ်၊၊
အခုအလုံးအရင်းနဲ့ ရှိတဲ့ ကျူးတွေကလည်း အရင်ခေတ် အဆက်ဆက်က နေလာခဲ့တဲ့
ကျူးတွေဖြစ်ပါတယ်။ ကျူးတဲတွေကို ဖျက် လိုက်ပေမယ့်လည်း ပြဿနာတွေက ပြေလည်
သွားမှာ မဟုတ်ပါဘူး။ အငှားအိမ်ရာတွေကို ဖန်းတီးပေးဖို့အပြင် သူတို့လာတဲ့ နေရာဒေသ
တွေဆီမှာ စားဝတ်နေရေးဖူလုံဖို့ လုံလောက်တဲ့ အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်ဖို့လိုတယ် " ဟု
၎င်းက ဆက်လက်ပြောသည်။
၂၀၁၃ ခုနှစ်အတွင်း လှိုင်သာယာမြို့နယ်စည်ပင်သာယာရေးကော်မတီက ကောက်ခံ ထားသည့်
စာရင်းများအရ တဲပေါင်း ၁၄,၆၀၀ ကျော် ဖျက်သိမ်းရန်ကျန်ရှိနေပြီး ယင်းတို့မှာ ခေတ်အဆက်ဆက်
တွင် နှစ်ပေါင်းများစွာ ကျူးကျော်နေထိုင်လာခြင်းဖြစ်သည်။ ၂၀၁၄ ခုနှစ်မှ စတင်ကာ ကျူးကျော်
တဲဖျက်သည့် စနစ် ကို ပြောင်းလဲကျင့်သုံးလာခဲ့သည့်အတွက် အလုံးအရင်းဖြင့် တိုးပွားမှုလျော့
သွားသော် လည်း ဖျက်သိမ်းရှင်းလင်းရန် လာရောက် သည့် အဖွဲ့နှင့် ကျူးကျော်နေထိုင်သူများ
အကြား အခြေအတင်စကားပြောရခြင်းများ၊ ခိုက်ရန်ဖြစ်ပွားမှုများရှိခဲ့ကြောင်း လှိုင်သာယာမြို့နယ်
စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးကြည်စိုးက ပြောသည်။ "အခုမဖျက်ဘဲ ကျန်တာက အရင်က
ကျူးထားတဲ့ တဲတွေပါ။ သူတို့ကိုကျတော့ ညွှန်ကြားချက်ရမှ စီမံချက်နဲ့ရှင်းရမှာပါ။ အခု နောက်ပိုင်း
တဲသစ်တွေကိုတော့ ထိုးတာနဲ့ တစ်ခါတည်းဖျက်ခိုင်းတော့ သူတို့ဘာမှ ပြော လို့မရဘူး။ အခြေ
အတင် စကားများတာ။ကတောက်ကဆဖြစ်တာတော့ ရှိပါတယ်။ အရင်ကောက်ထားတဲ့ စာရင်းအရ
တဲပေါင်း ၁၄,၆၀၀ ရှိတယ်လို့ စာရင်းကောက်ထားပေ မယ့် မြေပြင်မှာတော့ အဲဒီစာရင်းထက်
ပိုများ နိုင်တယ်။ မြို့နယ်က ကျယ်တဲ့အပြင် နေရာတိုင်း စောင့်မကြည့်နိုင်တာလည်း ပါတယ်"ဟု
၎င်းက ပြောသည်။
အမှန်တကယ် အိမ်ငှားရမ်းနေထိုင်ရန်အခက်အခဲရှိသဖြင့် ကျူးကျော်တဲများထိုးကာ နေထိုင်ရသူများ
ရှိနေသည်။ သို့သော်ကျူးကျော် နေထိုင်သူများအပေါ် အမြတ်ထုတ်သူများ လည်း ရှိနေ
သည့်အတွက်ပြန်လည် စိစစ်ပြီး နိုင်ငံတော်က အငှားအိမ်ရာများ တည်ဆောက် ကာချထားပေးခြင်း၊ မြို့ကွက်သစ်များတွင် ပြန်လည်နေရာချထားပေးခြင်းကို လုပ်ဆောင် ပေးစေလိုကြောင်း
လှိုင်သာယာမြို့နယ် မီးခွက် ဈေးအောက်ထိပ် စက်မှုဇုန်မြေပေါ်တွင် ကျူးကျော်နေထိုင်သည့်
ဦးသန်းရှိန်က ပြောသည်။ " ကျွန်တော်တို့က ဆန္ဒလည်းမပြပါဘူး၊ အစိုးရကိုလည်း ကလန်
ကဆန်လည်း မလုပ် ပါဘူး၊ နာဂစ်ဖြစ်လို့ရွာမှာ ဘာမှလုပ်စားစရာ မရှိလို့သာ ရန်ကုန်မှာ
ကျူးကျော်တဲ လာထိုးနေရတာပါ။ အိမ်ငှားနေဖို့ အဆောင်ငှားနေဖို့ ဆိုတာကလည်း ကျွန်တော်
တို့ဝင်ငွေနဲ့ ဘယ်လို မှ မဖြစ်နိုင်လို့ပါ။ ကျွန်တော့်တို့ တဲထိုးတုန်း က အားလုံးလွတ်တဲ့ နေရာမှာ
ထိုးခဲ့တာပါ၊ နောက်ပိုင်းမှသာ တဲတွေကတိုးလာတာ ဖြစ်တယ်။ အခုကျွန်တော်အနားမှာဆို အရင်က
လာစာရင်းကောက်ထားတာတဲ ၃၄၈ လုံးရှိ တယ်။ အစိုးရကသာ မြို့သစ်တွေတည်လို့ရှိရင် ကျွန်တော်တို့အတွက် မြေကွက်တွေကို ဈေးနှုန်းတစ်ခုခုနဲ့ ရောင်းပေးစေချင်ပါတယ်။ အလကား
လည်း မတောင်းပါဘူး၊ မြို့သစ်တည် ဖို့ အတွက် အစိုးရကလည်း အပြင်က မြေကိုဝယ်ရတယ်
လို့ကြားလို့ပါ။ ဒီမှာနေတာလည်း ငါးနှစ်ကျော်ရှိပါပြီ" ဟု ၎င်းက ပြောသည်။ ရန်ကုန်မြို့တော်
စည်ပင်သာယာရေး ဥပဒေ ၂၀၁၃ ၏ အခန်း ၁၆၊ အပိုဒ်ခွဲငယ် ၄၄ အရ ကျူးကျော်တဲများကို ဖျက်သိမ်းခြင်းဖြစ်ပြီး ကော်မတီပိုင်မြေ(သို့)ကော်မတီက စီမံခန့်ခွဲ ခွင့်ရှိသည့် မြေကွက်များ
၊ အရန်မြေများပေါ် တွင် ကော်မတီခွင့်ပြုချက်မရရှိဘဲ အဆောက် အအုံများ၊ နေအိမ်များ၊ တဲများနှင့်
စ္စည်းများ ကို ကျူးကျော်ဆောက်လုပ် စုပုံထားရှိကြောင်း စစ်ဆေးတွေ့ရှိလျှင် ကော်မတီက ဖွဲ့စည်း
တာဝန်ပေးထားသည့် ဖယ်ရှားရှင်းလင်းရေး အဖွဲ့က ကျူးကျော်နေထိုင်သူတို့ထံအကြောင်း ကြားပြီး
စာရရှိသည်နှင့် ရက်ပေါင်း ၃၀ အတွင်း ဖယ်ရှားရှင်းလင်းပေးရန် အမိန့်ထုတ်ဆင့် နိုင်ကြောင်း
ပါရှိသည်။
အပိုဒ်ခွဲငယ် ၄၅ အရလည်း ဖယ်ရှားရှင်းလင်းရန်အတွက် ထုတ်ပြန်ထားပြီးဖြစ်သည့် အမိန့်ကို
လိုက်နာရန် ပျက်ကွက်လျှင်(သို့) ငြင်းဆန်လျှင် ဖယ်ရှားရှင်းလင်းရေးအဖွဲ့က ကျူးကျော်သူနှင့်တကွ
အဆောက်အအုံများ ၊ နေအိမ်များ ၊ တဲများ နှင့် ပစ္စည်းများကို ဖယ်ရှား၍ ကျူးကျော်ထားသည့်
မြေနေရာများကို ပြန်လည် လက်ရောက်ရယူနိုင်သည်။
ရှင်းလင်းမှု လုပ်ငန်းများ အောင်မြင်စေရန်အတွက်လည်း သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရ
အဖွဲ့ထံမှ လုံခြံုရေးနှင့် အခြားလိုအပ်သည့် အကူအညီ များကို တောင်းခံနိုင်ကြောင်းကို
ဥပဒေတွင်ဖော်ပြထားသည်။
















