မြန်မာနိုင်ငံသားများအတွက် မလေးရှား အဆင့်မြင့်ကွန်ဒို အိမ်ရာများကို စတင်ရောင်းချ

မြန်မာနိုင်ငံသားများအတွက် မလေးရှား အဆင့်မြင့်ကွန်ဒို အိမ်ရာများကို စတင်ရောင်းချ

စင်ကာပူနိုင်ငံအခြေစိုက် KAE Alliance ကုမ္ပဏီ က မလေးရှားနိုင်ငံ Paradiso Nuova
အဆင့်မြင့်ကွန်ဒိုမှ အိမ်ရာများကို မြန်မာ နိုင်ငံသားများအတွက် ပထမဆုံးအကြိမ်အဖြစ်
စတင်ရောင်းချမည်ဖြစ်သည်။

မလေးရှားနိုင်ငံ Paradiso Nuova ဒေသ ၏ စီးပွားရေးအချက်အချာနေရာတွင် တည်ရှိသော
အဆိုပါအဆင့်မြင့်ကွန်ဒိုကို တရုတ် နိုင်ငံအခြေစိုက် Zhuoda အိမ်ခြံမြေလုပ်ငန်းစု နှင့်
မလေးရှားနိုင်ငံ Medini Islanda ကုမ္ပဏီ တို့ ပူးပေါင်းအကောင်အထည်ဖော်ခြင်းဖြစ်သည်။
၂ ဒသမ ၂ ဧက အကျယ်အဝန်းရှိ သော မြေပေါ်တွင် တည်ဆောက်သော စီမံကိန်းတွင် ၂၅
ထပ်မြင့် အဆောက်အအုံနှစ်ခု ပါ၀င်မည်ဖြစ်သည်။

KAE Alliance ကုမ္ပဏီ၏ မြန်မာနိုင်ငံ ဆိုင်ရာ ရုံးခွဲအမှုဆောင် အရာရှိချုပ် ဦးကျော်မင်းဇင်က
"မလေးရှားနိုင်ငံက ဒီ ကွန်ဒိုကို ဘာလို့ မြန်မာနိုင်ငံထဲကို ယူဆောင် လာရသလဲဆိုတော့
မလေးရှားနိုင်ငံက ဒီ အိမ်ရာက မြန်မာနိုင်ငံက တချို့အဆင့်မြင့် အိမ်ရာတွေထက်တောင်
ဈေးသက်သာပါတယ်။ စင်ကာပူကိုလည်း ၁၅ မိနစ်အတွင်း အလွယ်တကူသွားလို့ရတဲ့ အဲဒီအိမ်ရာမှာဝယ်ယူမြှုပ်နှံမယ်ဆိုရင် မြန်မာနိုင်ငံသားတွေအနေနဲ့ အကျိုးအမြတ်များများ
ရနိုင်မှာလည်းဖြစ်ပါတယ်"ဟု ပြောသည်။ တစ်စတုရန်းပေလျှင် မြန်မာငွေကျပ် ၃၀၀,၀၀၀ မှ
၃၃၀,၀၀၀ အထိ ကျသင့်မည်ဖြစ်ပြီး အခန်းတန်ဖိုးမှာ ကျပ်သန်း ၂၃၀ မှ သန်း ၅၀၀ သာ
ဈေးရှိမည်ဖြစ်ကြောင်း KAE Alliance ကုမ္ပဏီ တာဝန်ရှိသူကပြောသည်။

နှစ် ၉၀ ဂရန်ဖြင့် ရောင်းမည့် အဆိုပါ ကွန်ဒိုတိုက်ခန်းများမှာ ရ၁၃ စတုရန်းပေမှ စတုရန်းပေ
၆,၀၈၀ အထိ အကျယ်အဝန်းရှိပြီး အခန်းအမျိုးအစား ငါးမျိုးပါ၀င်မည် ဖြစ်ကာ တစ်စတုရန်းပေကို
မလေးရှားရင်းဂစ ် ၈၅၀ ခန့်ဖြင့် စတင်ရောင်းချခဲ့ခြင်းဖြစ်သည်။ "မလေးရှားနိုင်ငံက အိမ်ရာကို
မြန်မာနိုင်ငံတွင်းကို လာရောက်ရောင်းချတာက ဒါပထမဆုံးပါ။ မလေးရှားနိုင်ငံမှာ နိုင်ငံခြား
သားတွေ ဈေးဝယ်မယ်ဆိုရင် တစ်မီလျံ ရင်းဂစ်ထက် ပိုများတဲ့ တိုက်ခန်းတွေကိုပဲ ၀ယ်နိုင်ပေမယ့်
မီဒီနီမှာတော့ အဲဒီကန့်သတ် ချက်မရှိပါဘူး။ ဈေးမကြီးမြင့်တဲ့အိမ်တွေကို လည်း ၀ယ်ယူနိုင်ပါ
တယ်"ဟု၎င်းကပြောသည်။ ကွန်ဒိုတိုက်ခန်းရောင်းချမှုမှာ ၈၀ ရာခိုင်နှုန်းကျော်ပြီးစီးပြီဖြစ်ကာ
ထပ်မံရောင်းချရန် အခန်း ၄၀ ကျော်သာ ကျန်ရှိတော့ကြောင်း ၎င်းကပြောသည်။ တိုက်ခန်းနှစ်
ခန်းကို မြန်မာနိုင်ငံတွင် ရောင်းချပြီးဖြစ်ပြီး ဇန်နဝါရီလကုန်ပိုင်း တွင်ပြုလုပ်မည့် ပြပွဲနေ့တွင်လည်း
အခန်း ၂၀ ခန့်အထိ ရောင်းချရရန် ရည်ရွယ်ထားကြောင်း ၎င်းကပြောသည်။

"အိမ်ရာရဲ့ ရ၄ ရာခိုင်နှုန်းကို စင်ကာပူ နိုင်ငံက ၀ယ်ယူခဲ့ပြီး ကျန် ၂၆ ရာခိုင်နှုန်းကို ဂျပန်၊ ကိုရီးယား၊
တရုတ်နဲ့ အင်ဒိုနီးရှားနိုင်ငံ က ၀ယ်ယူခဲ့ပြီးပါပြီ။ နိုင်ငံတကာမှာ တစ်ပြိုင်တည်းရောင်းနေတာဖြစ်လို့
တခြားနိုင်ငံတွေ က ၀ယ်လိုအားတွေက ခဏလေးနဲ့ တက်နေပါ တယ်။ ကိုယ့်နိုင်ငံကသူတွေကို
လည်း ၀ယ်စေ ချင်ပါတယ်"ဟု ဦးကျော်မင်းဇင်ကပြောသည်။

မီဒီနီကို မြို့ပြတည်ဆောက်မှုစီမံကိန်းတစ်ခုအဖြစ် မလေးရှားအစိုးရနှင့် စင်ကာပူအစိုးရတို့
ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ထိုစီမံကိန်းတွင် နိုင်ငံတကာအဆင့်မီဆေးရုံ များ၊ ပန်းခြံများ၊
ကစားကွင်းများ၊ တက္ကသိုလ် များနှင့် စတူရီယိုများလည်း ပါ၀င်မည်ဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်