အဆင့်မြင့်မင်္ဂလာဈေး မီးလောင်မှုဖြစ်ပွား ပြီးနောက်ပိုင်း ဆိုင်ခန်းငှားရမ်းဖွင့်လှစ်သည့်လုပ်ငန်း
ရှင်များအတွက် ၎င်းတို့၏အရောင်း အဝယ်များ ပြန်လည်စတင်ရန် အရင်းအနှီးများစွာမရှိခြင်းနှင့်
ဆိုင်ခန်းခများ မြင့်တက်မှုတို့ကြောင့် အခက်အခဲဖြစ်နေသည်။
ဈေးနှင့် အနီးပတ်ဝန်းကျင်ဈေးများရှိ ဆိုင်ခန်းဈေးနှုန်း များလည်း အဆမတန်မြင့်တက်လာခြင်းကို
ရင်ဆိုင်နေရကြောင်း အရောင်းဆိုင်များက ပြောသည်။
ဇန်နဝါရီလဆန်းပိုင်းက ဈေးမီးလောင်ခဲ့ ခြင်းကြောင့်ဆိုင်ခန်းပေါင်း ၁,၆၀၀ ကျော် ပျက်စီးကာ
တန်ဖိုးကျပ်သိန်းပေါင်း ၃၆၀,၀၀၀ ကျော်ဆုံးရှုံးခဲ့သည်။ နိုင်ငံတော်သမ္မတ၏ ငွေကြေးထဲမှ
မီးလောင်သွားသည့် ဆိုင်ခန်းများကို ၎င်း၏ ရန်ပုံငွေထဲမှ ကျပ် ငါးသိန်း သို့မဟုတ် ကျပ် ၁၀ သိန်း
ထောက်ပံ့ပေးမည်ပြောကြားခဲ့သော် လည်း ဆိုင်ခန်းပိုင်ဆိုင်မှု အထောက်အထားရှိသူများသာ
ရရှိမည်ဖြစ်သည်ဟု ကြားသိရကြောင်း တတိယထပ်တွင် လူသုံးကုန်ပစ္စည်းများရောင်းချသည့်
မမေဇင်မိုးက ပြောသည်။
"အခုက ယာယီဆိုင်ခန်းကလည်း မရသေး ဘူး။ ပစ္စည်းတွေကလည်း မီးထဲပါသွားပြီ။
ထောက်ပံ့ကြေးငွေကိုလည်း ဆိုင်ခန်းပိုင်ရှင်တွေက ရမယ်။ ကျွန်မတို့ ထပ်ပြီးတော့လည်း
ဆိုင်ခန်းမငှားနိုင်တော့ အခုလောလောဆယ်ကျွန်မတို့လမ်းထဲမှာ မြေညီထပ်ကို တောင်းပန်
ပြီးတော့ ကျန်သေးတဲ့ ပစ္စည်းလေးတွေကို ချရောင်းနေတယ်။ နယ်က ဖောက်သည်တွေ
ကလည်း ဖုန်းဆက်ပြီး လှမ်းမှာကြတယ်" ဟု ၎င်းကပြောသည်။
ဆိုင်ခန်းငှားရမ်းထားသူများသည် စာချုပ် မပြည့်သေးပါက ယာယီပေးမည့်နေရာတွင်
ငါးပေပတ်လည်ဆိုင်ခန်းတွင် ဆက်လက် ရောင်းချခွင့်ရသော်လည်း သမ္မတ၏ ထောက်
ပံ့ကြေးကိုမူ ဆိုင်ပိုင်ရှင်ကသာ ရရှိ မည် ဖြစ်သည်။ အလှကုန်ပစ္စည်းအရောင်းဆိုင်တစ်ခုမှ
မထက်ထက်ခိုင်က ၎င်းတို့ဆိုင်များမှာ မီးစတင်လောင်ကျွမ်းစဉ်က အန္တရာယ်ရှိ သည့်အတွက်
သွားရောက်ကြည့်ရှုခွင့် မရဘဲ ပစ္စည်းများ အားလုံးဆုံးရှုံးသွားသည်ကိုသာ သိရကြောင်း
ပြောသည်။
"ကျွန်မတို့ပစ္စည်းတွေ ဆုံးရှုံးသွားတယ်ဆိုတာပဲသိရတယ်။ သွားပြီးတော့ ကြည့်လို့ မရဘူး။
တတိယထပ်က အန္တရာယ်များလို့ လူကြီးတွေက သွားမကြည့်ခိုင်းဘူး။ အခုတော့ လမ်းထဲမှာပဲ
ကျန်တဲ့ပစ္စည်းတွေကို ရောင်းနေ ရတယ်။ ဆိုင်ခန်းတွေကလည်း ဈေးအရမ်းတက် နေတော့
မငှားနိုင်ဘူး။ နယ်ကလူတွေကို ဆက်သွယ်ပြီးတော့ ဈေးပြန်ရောင်းနေရ တယ်။ စားဝတ်နေရေးက
ရှိသေးတော့ ယာယီဆိုင်ခန်းကို စောင့်နေလို့မရဘူး" ဟု ၎င်းကပြောသည်။
မင်္ဂလာဈေးသည် ဇန်နဝါရီလ ၉ ရက်တွင် တတိယလွှာမှ စတင်၍ မီးလောင်မှုဖြစ်ပွားခဲ့ပြီး
လေးထပ်၊ငါးထပ်နှင့် ခြောက်ထပ်အထိမီး များကူးစက်လောင်ကျွမ်းခဲ့သည်။ မီးလောင်သည့်
အထဲတွင်မပါ၀င်သည့် အထပ်များမှ ဆိုင်ပိုင်ရှင်များသည် ရောင်းဝယ်မှုပြုလုပ်ရန် ဆိုင်ခန်းနေ
ရာများကို ရှာဖွေကြသောကြောင့် အနီးဝန်းကျင်ရှိဆိုင်ခန်းဈေးနှုန်းများ အဆ မတန်တက်
သွားခြင်းဖြစ်သည်ဟု အရောင်း ဆိုင်များက ပြောသည်။ "ဆိုင်ခန်းဈေးနှုန်းတွေက တစ်ခါမှ
မကြား ဖူးတဲ့ဈေးတွေဖြစ်ကုန်တယ်။ ဆယ်သိန်းတွေ ဆယ့်ငါးသိန်းတွေ ဈေးခေါ်နေကြတယ်။တော်ဝင်ပလာဇာကဆိုင်ခန်းတွေဆိုလည်း ဈေးက
နှစ်ဆသုံးဆလောက်တက်သွားတယ် လို့ကြားတယ်"ဟု ပထမထပ်တွင် အထည် ရောင်းသူ
မပန်းအိက ပြောသည်။
နိုင်ငံတော်သမ္မတက ယာယီဈေးကို ပြုလုပ် ပေးမည်ဟု ကတိပေးထားသော်လည်း
အချိန်နှင့်နေရာကို အတိအကျမသိရသေးသည့်အတွက် အရောင်းအဝယ်ပြုလုပ်ရန်
ဆိုင်ခန်းများကို အလျင်စလို ငှားရမ်းရှာဖွေမှုများဖြစ် လာသည့်အတွက် ဈေးနှုန်းများတက်
သွား ခြင်းဖြစ်သည်ဟု ပထမထပ်တွင်ဖွင့်လှစ်ထား သည့် ဏငညုပ အထည်ဆိုင်မှ ဒေါ်နီလာက
ပြောသည်။ မင်္ဂလာဈေးသစ်များဖြစ်သည့် ရွှေမင်္ဂလာဈေး၊ ရွှေပြည့်စုံဈေးတို့တွင် ဆိုင်ခန်းများ
သည် ယခင်မကြားဖူးသည့် ဈေးနှုန်းများအထိ တက်သွားခြင်းဖြစ်ပြီး ငှားရမ်းသူများလည်းရှိနေ
သည်ဟု ၎င်းက ပြောသည်။
"မီးလောင်ပြီးနောက်ပိုင်း ဆိုင်ခန်းဈေး တွေ တိုက်ခန်းဈေးတွေက အရမ်းတက်သွားတာ။
ဆိုင်ခန်းဈေးတင် တက်တာမဟုတ်ဘူး။ အနီးနားမှာရှိတဲ့တိုက်ခန်းဈေးတွေ အိမ်ဈေးတွေ
ပါတက်ကုန်တာ။ တချို့က ပစ္စည်းသိမ်းဖို့ ထားဖို့ နေရာတွေလည်းလိုလာတော့ တိုက်ခန်းဈေးတွေ
လည်းလိုက်ပြီး တက်ကုန်တာ။ ကျွန်မကတော့ အခုလောလာဆယ်မှာ ဆိုင်ခန်း မငှားနိုင်ဘူး။
အစိုးရကချပေးမယ့် ယာယီ ဆိုင်ခန်းကိုပဲ စောင့်နေတာ"ဟု ၎င်းက ပြောသည်။ လိုအပ်ချက်မြင့်မားလာတိုင်း ဈေးနှုန်းများမြင့်တက်လာပြီး ဈေးကွက်မတည်ငြိမ်မှုများကိုပါဖြစ်ပေါ်
လာလေ့ရှိကြောင်း ရန်ကုန် မြို့ရှိ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ပြောသည်။
"ဒါက မမျှော်လင့်ထားတဲ့ အခြေအနေမျိုးတော့ မဟုတ်ပါဘူး။ ပထမတစ်ခေါက်မီးလောင်တုန်း
ကလည်း ဆိုင်ခန်းဈေးတွေ တက် သွားတာပဲ။ လူတွေက ယာယီပေးမယ့်ဆိုင်ခန်း တွေက
ယုံကြည်မှု သိပ်မရှိတာကြောင့်လည်းပါတယ်၊" ဟု ၎င်းက ပြောသည်။ မြေညီထပ်တွင် ပါတိတ်
အထည်ဆိုင်ဖွင့်ထားသည့် မဒါလီလင်းကလည်း ယခုမီးလောင် မှုသည် ၎င်းအတွက်
ဒုတိယအကြိမ် ရင်ဆိုင် ကြံုတွေ့ရခြင်းဖြစ်ပြီး ယာယီဆိုင်ခန်းကိစ္စများ အဆင်မပြေဖြစ်မည်ကို
စိုးရိမ်နေသည်။ "ကျွန်မကတော့ အရင်တစ်ခေါက်လိုမျိုး ဖြစ်မှာကို စိုးရိမ်နေတာ။ ပထမတစ်ခေါက်
တုန်းက ချပေးတဲ့ယာယီနေရာက ဈေးရောင်း ရတာ အဆင်မပြေလို့ ဆိုင်ခန်းကို မတန်တဆ
ပေးပြီးတော့ငှားရတယ်။ ယာယီပေးတဲ့ နေရာက အဆင်ပြေဖို့တော့ မျှော်လင့်တယ်"ဟု ၎င်းက
ပြောသည်။
အစိုးရက မင်္ဂလာဈေးသစ်၏ ကားပါကင် နေရာများတွင် ယာယီဆိုင်ခန်းများ ပြန်လည်
တည်ဆောက်ပေးရန် ကြေညာထားသော် လည်း မည်သည့်အချိန်ပြီးစီးမည်၊ မည်သည့်
နေရာ ပြန်လည်ရရှိမည်စသည်တို့ကိုမူ အတိ အကျမသိရသေးကြောင်း အရောင်းဆိုင်များက
ပြောသည်။ မင်္ဂလာဈေးအနီးရှိ တော်ဝင်ပလာဇာရှိဆိုင်ခန်းဈေးများလည်း မြင့်တက်သွားပြီး
ငှားရန် ဆိုင်ခန်းအလွတ်များ မကျန်ရှိတော့ ကြောင်း မြေညီထပ်တွင် အထည်ရောင်းသူ
မကနေဒီက ပြောသည်။ "ကျွန်မတို့ဆိုင်က တော်ဝင်မှာဆိုင်ခန်း ပြန်ငှားပြီးသွားပြီ။ ခြောက်လစာ
တစ်ခါတည်း ပေးရတယ်။ တကယ်လို့ ယာယီနေရာရတဲ့အချိန်ကျရင် နှစ်နေရာစလုံးမှာ ဖွင့်မယ်။
ဒီမှာ ကလည်း ခြောက်လစာပေးပြီးစာချုပ်ချုပ်ရ တော့ နှစ်နေရာစလုံးမှာ ဖွင့်မှာပါ" ဟု ၎င်းက
ပြောသည်။ ယာယီဆိုင်ခန်းများကို ရွှေမင်္ဂလာဈေး၏ကားပါကင်နေရာတွင် ငါးပေပတ်လည် ဆိုင်ခန်းများ ပြုလုပ်၍ နေရာချထားပေးမည်ဖြစ် သည်။ ဆိုင်ခန်းများ လုံလောက်မှုမရှိပါက
ရွှေပြည့်စုံကားပါကင်နှင့် မင်္ဂလာမွန်ဈေး မျက်နှာစာတွင်ပါ အကွက်ရိုက်ပြီး ယာယီ ဆိုင်ခန်းများ
ပြုလုပ်သွားမည်ဟု ဈေးဥက္ကဋ္ဌ ဖြစ်သူ ဦးစောလှထွန်းက ပြောသည်။
"ကျွန်တော်တို့ ဆိုင်ခန်းတွေကို နေရာပြန် ပေးဖို့အတွက် နေရာတွေကိုစဉ်းစားထားတာပါ။
မီးလောင်တဲ့အထဲ ပါသွားတဲ့ဆိုင်ခန်းတွေ ကို ဦးစားပေးပြီး ပေးသွားမှာပါ။ တစ်ယောက်
တည်း ဆိုင်ခန်းတစ်ခန်းထက် ပိုပြီးပိုင်တဲ့ သူတွေကိုလည်း တစ်ခန်းပဲယူပါဆိုပြီး ကျွန်တော်တို့က
မေတ္တာရပ်ခံမှာပါ" ဟု ၎င်းက ပြောသည်။ လွန်ခဲ့သော ငါးနှစ်က အဆိုပါဈေး အတွင်းမီးလောင်
မှုကြောင့်လည်း ဆိုင်ခန်း ဆုံးရှုံးမှုများဖြစ်ပေါ်ကာ ဈေးနှုန်းများ မြင့်တက်ခဲ့ဖူးသည်။















