ကွန်ဒိုမီနီယံဥပဒေတွင် နိုင်ငံခြားသားများ အခန်းဝယ်ယူနိုင်ခွင့်အချက်မှာ ဈေးကွက် သွက်လက်စေဖို့အတွက် အထောက်အကူဖြစ်

ကွန်ဒိုမီနီယံဥပဒေတွင် နိုင်ငံခြားသားများ အခန်းဝယ်ယူနိုင်ခွင့်အချက်မှာ ဈေးကွက် သွက်လက်စေဖို့အတွက် အထောက်အကူဖြစ်

ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပြီးဖြစ်သည့် စုပေါင်းအဆောက်အအုံဥပဒေ
(ကွန်ဒိုမီနီယံဥပဒေ)၌ နိုင်ငံခြားသားများကွန်ဒိုအခန်းဝယ်ယူခွင့်ရှိသည့်အချက်သည်
အေးစက်နေသည့် ဆောက်လုပ်ရေးလုပ်ငန်းဈေးကွက်အပေါ် ၀ယ်လိုအားများ ပြန်လည်
မြင့်တက်လာစေသည့် အဓိကအချက်များဖြစ်ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက
ပြောသည်။

ဇန်နဝါရီ ၂၂ ရက်က ကျင်းပခဲ့သည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် စုပေါင်း
အဆောက်အအုံဥပဒေအပေါ် အပိုဒ် လိုက်ဆွေးနွေးကာ ဥပဒေတစ်ခုလုံးကို အတည်ပြု
လိုက်ခြင်းဖြစ်ပြီး ထိုကဲ့သို့ အတည် ပြုခဲ့ရာတွင် ပြည်တွင်းရှိ ကွန်ဒိုအဆောက် အအုံတစ်ခု၏
အခန်းများအနက် ၄၀ ရာခိုင် နှုန်းအား နိုင်ငံခြားသားများကို ရောင်းချခွင့် ရှိသည့်အချက်အပါ
အဝင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။ ယင်းအချက်သည် ပြည်တွင်းဆောက်လုပ် ရေးလုပ်ငန်းများ
အတွင်းသို့ ပြည်ပဝင်ငွေ များ ၀င်ရောက်လာနိုင်မည်ဖြစ်ကြောင်း ဇေကမ္ဘာဆောက်လုပ်ရေး
လုပ်ငန်းစုမှ ဒါရိုက် တာ ဦးဇေသီဟက ပြောသည်။ "နိုင်ငံခြားသား တွေကို ၀ယ်ယူခွင့်ပေးလိုက်
တာက ပြည်တွင်း က ကွန်ဒိုဆောက်လုပ်ရေးလုပ်ငန်းရဲ့ ၄၀ ရာခိုင်နှုန်းကို နိုင်ငံခြားငွေ စီးဝင်
လာခွင့် ပေးလိုက်သလိုပါပဲ။ ကွန်ဒိုတွေ ၀ယ်လို အား တက်လာတာနဲ့အမျှ ဆောက်လုပ်ရေး
ကဏ္ဍမှာ မြှုပ်နှံမယ့်သူတွေကလည်း အရှိန် အဟုန်နဲ့ မြင့်တက်လာမှာပါ။ အဲဒီတော့
ဆောက်လုပ်ရေးကဏ္ဍမှာ ဖွံ့ဖြိုးလာစေဖို့ တွန်းအားပေးလိုက်သလိုလည်း ဖြစ်ပါတယ်" ဟု
ဦးဇေသီဟက ပြောသည်။

လက်ရှိတွင် ပြည်တွင်းရှိ ကွန်ဒိုဆောက် လုပ်ရေးအများစုတွင် မရောင်းရသေးဘဲကျန်ရှိနေသည့်
အခန်းများမှာလည်း လွှတ် တော်က အတည်ပြုလိုက်သည့် ဥပဒေကြောင့် အရောင်းအဝယ် ပြန်လည်လှုပ်ခတ်စေနိုင် ကြောင်း ဆောက်လုပ်ရေးလုပ်ငန်းရှင်များက
ပြောသည်။ ထိုကဲ့သို့ ကျန်ရှိနေသည့်အခန်း များသည် ယခင်က သတ်မှတ်ထားသော
နိုင်ငံခြားသားများက ၀ယ်ယူခွင့်မရှိသည့် မူဝါဒနှင့် ပြည်တွင်းဝယ်လိုအားလျော့နည်းမှု
တို့ကြောင့် ကျန်ရှိနေခြင်းလည်းဖြစ်ကြောင်း ရွှေကမ္ဘာ ဆောက်လုပ်ရေးကုမ္ပဏီဥက္ကဋ္ဌ
ဦးမောင်မောင်က ပြောသည်။

"အခုဆိုရင် မရောင်းရတဲ့အခန်းတွေအများအကြီး ရှိတယ်။ ပြည်တွင်းဝယ်လိုအားကမရှိဘူး။
နိုင်ငံသားတွေရဲ့ စီးပွားရေးအခြေအနေကလည်း တစ်ချက်ပေါ့။ ဥပဒေကြောင့် ဒီအခန်းတွေက
ပြန်ရောင်းလာရတော့မှာဆိုတော့ လုပ်ငန်းရှင်တွေရဲ့ မြုပ်နေတဲ့ငွေတွေလည်း
ပြန်ပြီးပေါ်လာတော့မှာ။ ဒါတွေကြောင့် အခွန်ရရှိမှုကလည်း တက်လာမှာပါ " ဟု
ဦးမောင်မောင်က ပြောသည်။ သို့ရာတွင် နိုင်ငံခြားသားများကို ကွန်ဒို အခန်းရောင်းချမှုမှ
နိုင်ငံတော်အခွန်ငွေ တိကျစွာ ရရှိရေးနှင့် အစိုးရအခွန်ဌာန ၀န်ထမ်းများနှင့် ဆောက်လုပ်
ငန်းရေးလုပ် ငန်းရှင်များ နှစ်ဦးနှစ်ဖက်စလုံးက စနစ်တကျလိုက်နာ ဆောင်ရွက်ရေးမှာလည်း
အရေးကြီးကြောင်းလည်း ၎င်းက ပြောသည်။

ပြည်ထောင်စုလွှတ်တော်က ဆွေးနွေးခဲ့ သည့် စုပေါင်းအဆောက်အအုံဥပဒေတွင် ကွန်ဒို
(စုပေါင်းအဆောက်အအုံ) သည် အထပ်အရေအတွက် ခြောက်ထပ်အထက် ရှိရမည်ဖြစ်ကာ
အကျယ်အားဖြင့် စတုရန်းပေ နှစ်သောင်းနှင့် အထက်ရှိသည့် အဆောက် အဦးများကိုသာ
ကွန်ဒိုအဖြစ် သတ်မှတ်ရန် အချက်ကိုလည်း အတည်ပြုခဲ့ခြင်းဖြစ်သည်။ ထိုအချက်သည်
စတုရန်းပေနှစ်သောင်း အကျယ်မရှိသော မြေပိုင်ရှင်များအတွက်မူ အားနည်းချက်အနေဖြင့်
ရှိနေကြောင်း ဦးမောင်မောင်က ထောက်ပြသည်။ ကွန်ဒိုမီနီယံဥပဒေကို နိုင်ငံခြားသားများကို
၄၀ ရာခိုင်နှုန်းအထိ ရောင်းချနိုင်ခွင့် ဖြင့် အတည်ပြုပြဋ္ဌာန်းနိုင်ခြင်းသည် မြန်မာ နိုင်ငံတွင်
ကြံုတွေ့နေရသည့် ကုန်သွယ် ရေးလိုငွေကို လေးပုံတစ်ပုံအထိ ဖြည့်ဆည်း နိုင်မည်ဖြစ်ကြောင်း
စီးပွားရေးလုပ်ငန်း ရှင်တစ်ဦးလည်းဖြစ်ပြီး ရန်ကုန်တိုင်း ဒေသကြီးမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်ရွှေက ပြောကြားသည်။

ထို့ပြင် ကွန်ဒိုတိုက်ခန်းများ ရောင်းချခြင်း မှ ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းကောက်
ခံရရှိမည် ဖြစ်သောကြောင့်လည်း အခွန်ရရှိငွေပါ တိုးလာမည်ဖြစ်သည်ဟု ဦးခင်ရွှေက
ပြောသည်။

"ဒီဥပဒေပြဋ္ဌာန်းလိုက်တဲ့အတွက် တိုက်ခန်းဈေးကွက်တွေ ဖရိုဖရဲဖြစ်နေတဲ့၊ လျော့
ရဲရဲဖြစ်နေတဲ့ အခြေအနေကနေ ပြန်ပြီးတော့ တည့်မတ်လာပါမယ်။ တိုက်ခန်းတွေကို
နိုင်ငံ ခြားသားက တရားဝင်ဝယ်ယူခွင့် ရှိတယ်လို့ ပြဋ္ဌာန်းလိုက်တာကို မြန်မာနိုင်ငံနဲ့
စီးပွား ဘက်နိုင်ငံတွေအားလုံးက စိတ်ဝင်စားသွား မယ်။ အဲဒီအတွက် မြန်မာကျပ်ငွေဟာ
ခိုင်မာ လာမယ်။ ကွန်ဒိုတိုက်ခန်းတွေရဲ့ အရောင်း အဝယ် ဈေးကွက်လည်း မြင့်တက်လာမယ်"ဟု
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးခိုင် မောင်ရည်က ပြောကြားခဲ့သည်။ ယင်းဥပဒေသည်
နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုဖြင့် ၀င်ရောက်လာမည့် နိုင်ငံခြားသားများအတွက် အဆင်ပြေစေရန် ပြဋ္ဌာန်း ပေးခြင်းဖြစ်သည့်အတွက် နိုင်ငံခြားသား များသည် အိမ်ခန်းကိုသာ ပိုင်ဆိုင်ခွင့်ရှိမည်ဖြစ်ပြီး မြေကိုပိုင်ဆိုင်ခွင့်ရှိမည် မဟုတ်သည့်အတွက် မြေကိုပိုင်ဆိုင်ခွင့်
ရှိမည်မဟုတ် ကြောင်း မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်မှ ဦးသိန်းထွန်းဦးက
ပြောသည်။

"မြေမပါဘူးဗျ၊ အခန်းပဲ ပါတယ်" ဟု ၎င်းက ပြောသည်။ ၎င်းဥပဒေတွင် ကွန်ဒိုအခန်းများ၏
ရေမီး နှင့် အခြားသောစီမံခန့်ခွဲမှုများနှင့် သက်ဆိုင် သည့်အချက်များကို မည်သို့ ဥပဒေရေးဆွဲ
ထားသည်ဆိုသည့်အချက်မှာလည်း အရေး ကြီးသည့် အချက်ဖြစ်ကြောင်း ရန်ကုန်မြို့၏
ပထမဆုံးဆောက်လုပ်သည့် ကွန်ဒိုဖြစ်သော ပုလဲကွန်ဒိုတွင် နေထိုင်သူ ဦးစစ်ဟန်ကြည်က
ပြောသည်။ "လက်ရှိမှာ ကွန်ဒိုစီမံခန့်ခွဲမှုကို ကွန်ဒို ဆောက်လုပ်သူတွေကပဲ လုပ်နေကြတယ်။
ဒါက တကယ်တမ်းနေထိုင်သူတွေအတွက် အဆင်မပြေတာတွေ ဖြစ်စေတယ်။ နောက်ပြီး
လူတစ်ယောက်က အခန်းကို၀ယ်ပြီး အမည် ပြောင်းတဲ့အခါမှာလည်း မူလမြေပိုင်ရှင်ကို
အမည်ပြောင်းခအဖြစ် အခန်းတန်ဖိုးရဲ့ ၂ ရာခိုင်နှုန်းကို ပေးနေရတဲ့ အချက်တွေက ရှိနေသေး
တယ်။ ဒါတွေကို ဥပဒေထဲမှာ ဘယ်လိုရေးဆွဲထားလဲဆိုတာက တကယ်ဥပဒေ ပြဋ္ဌာန်းလာရင်
စောင့်ကြည့်ရဦးမှာပါ" ဟု ၎င်းက ပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံရှိကွန်ဒိုအခန်းများအား နိုင်ငံခြားသားများက အငှားစနစ်ဖြင့်သာ
နေထိုင်ရခြင်းဖြစ်ကာ၊ ရုံးသုံးအခန်း အဖြစ် အသုံးပြုပါက ငှားရမ်းခ အဆမတန် မြင့်မား
မှုများကို ခံစားနေရခြင်းဖြစ်သည်။ အဓိကအားဖြင့် နိုင်ငံခြားသားကို ရောင်းချ နိုင်ခွင့်ရှိသည့်
အရေအတွက်၊ လိုအပ်သည့်အကျယ်အဝန်း၊ မြေပိုင်ဆိုင်မှုကဏ္ဍစသည့်အကြောင်းအရာများ
သည် လွှတ်တော်နှစ်ရပ် အကြား အဓိကဆွေးနွေးစရာများ ဖြစ်ခဲ့ရ ခြင်းဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်