ပြီးခဲ့သည့်လတွင် ပြည်ထောင်စုလွှတ်တော် က အတည်ပြုခဲ့ပြီးဖြစ်သည့် ၂၀၁၆-၁၇ ဘဏ္ဍာ
နှစ်အတွက် ပြည်ထောင်စုအခွန်အကောက် ဥပဒေသစ်အရ အိမ်ခြံမြေဆိုင်ရာ အခွန်အခ
နှုန်းထားများမှာ ယမန်နှစ်ထက် ငါးဆခန့် မြင့်တက်ခဲ့သည်။
"အိမ်ခြံမြေအခွန်နှုန်းက မနှစ်ကထက် များသွားတယ်။ အရင်တုန်းက တစ်ကျပ်ကနေ
သိန်းတစ်ထောင်ထိကို သုံးရာခိုင်နှုန်း၊ ခုကျတော့ တစ်ကျပ်ကနေ သိန်း ၃၀၀ ထိကို ၁၅
ရာခိုင်နှုန်းတိုးလိုက်တယ်။ အရင်က အိမ်ခြံမြေတွေကို လူတိုင်း လွတ်လွတ်လပ်လပ်
စိုးရိမ်မှုမရှိဘဲ ၀ယ်လို့ရအောင် အခွန်နှုန်းတွေ ကို ချပေးထားတာ။ ဒါပေမဲ့ အဲဒီမှာ ငွေကြေး
ခဝါချတဲ့သူတွေကလည်း ဒီပြဋ္ဌာန်းချက်ကို အကြောင်းပြုပြီးတော့ အိမ်ခြံမြေဝယ်ကြတယ်။
သူတို့က ပုံမှန်ဆောင်တဲ့သူတွေထက် အခွန်နှုန်းနည်းနေတော့ ဒီနှစ်မှာ အိမ်ခြံမြေအခွန်ကို
ပြန်တိုးလိုက်တာ" ဟု ပြည်တွင်း အခွန်ဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ကျော်က
ပြောသည်။
ပြောင်းလဲလိုက်သည့် အခွန်နှုန်းထားသစ်အရ အိမ်ခြံမြေဝယ်ယူရာတွင် ၀င်ငွေရ လမ်း
မဖော်ပြနိုင်ပါက ၀ယ်ယူသည့်တန်ဖိုး တစ်ကျပ်မှ ကျပ်သိန်း ၃၀၀ အထိကို ၁၅ ရာခိုင်နှုန်း၊
ကျပ်သိန်း ၃၀၀မှ သိန်း ၁,၀၀၀ ထိကို ၂၀ ရာခိုင်နှုန်းနှင့် ကျပ်သိန်း ၁,၀၀၀ နှင့် အထက်ကို
၃၀ ရာခိုင်နှုန်း ပေးဆောင်ရမည် ဖြစ်သည်။
လက်ရှိဘဏ္ဍာနှစ်ဖြစ်သည့် ၂၀၁၅ ျွ ၁၆ ခုနှစ်တွင် သတ်မှတ်ထားသည့် အိမ်ခြံမြေအခွန်
နှုန်းထားများမှာ တစ်ကျပ်မှ သိန်း ၁,၀၀၀ အထိ ကို သုံးရာခိုင်နှုန်း၊ သိန်း ၁,၀၀၀ မှ သိန်း
၅,၀၀၀ အထိ ငါးရာခိုင်းနှုန်း၊ သိန်း ၅,၀၀၀ မှ သိန်း ၁၀,၀၀၀ အထိ ၁၀ ရာခိုင်နှုန်းဖြစ်ပြီး
သိန်း ၁၀,၀၀၀ မှ ကျပ်သိန်းတစ်သောင်းခွဲအထိကို ၂၀ ရာခိုင်နှုန်းနှင့် ကျပ်သိန်း ၁၅,၀၀၀ ကျော်လျှင်
၃၀ ရာခိုင်နှုန်းဖြစ်သည်။ "မနှစ်က ကျပ်သိန်း ၁,၀၀၀ ထိမှ သုံး ရာခိုင်နှုန်းပဲ ဆောင်ရတာ။
ဒီနှစ်အခွန်နှုန်း အသစ်က သိန်း ၃၀၀ ထိကို ၁၅ ရာခိုင်နှုန်း တိုးလိုက်တာဆိုတော့ ငါးဆလောက်ကို
မြင့်သွားတယ်။ လူလတ်တန်းစား တော်တော် များများ ၀ယ်နိုင်တဲ့ အိမ်ခြံမြေတန်ဖိုး သိန်း
၃၀၀ ကနေ သိန်း ၁,၀၀၀ ၀န်းကျင်က အခွန် က ၁၅ ရာခိုင်နှုန်းဆိုတော့ အရမ်းကိုကြီးမြင့်
နေတယ်။ အခွန်များရင် အိမ်ခြံဝယ်တဲ့သူတွေက နာမည်မပြောင်းဘဲ Special Power၊
General Power ဒါမှမဟုတ် အရပ်စာချုပ်နဲ့ပဲ နေမယ်ဆို နိုင်ငံတော်ပဲ အခွန် မရမှာပါ" ဟု
မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း အထွေထွေအတွင်းရေးမှူး ဒေါ်မို့မို့အောင်က
ပြောသည်။
ပြည်ထောင်စုအခွန်အကောက်ဥပဒေသစ် အရ အိမ်ခြံမြေအခွန်နှုန်း တိုးမြှင့်လိုက်ခြင်းသည်
အခွန်နှုန်းထားနည်းပါးခြင်းကို အကြောင်း ပြုကာ အိမ်ခြံမြေများဝယ်ယူ၍ ငွေကြေးခဝါ ချမှုများ
ရှိနေသည်ဟူသည့် ယူဆမှုများကြောင့် ပြည်ထောင်စုလွှတ်တော်က အခွန်နှုန်းထားကို
ပြင်ဆင်ခဲ့ခြင်းဖြစ်သည်ဟု ဦးကျော် ကျော်က ပြောသည်။ "စည်းကြပ်မှုကနေ လွတ်ကင်းနေ
တဲ့ အစဉ်အဆက်အခွန်မဆောင်လာတာတွေအတွက် အိမ်ခြံမြေဝယ်တိုင်း အခွန်ဆောင်နိုင် အောင်
အခွန်နှုန်းတွေ ချပေးထားတာ။ အဲဒီ မှာ ငွေကြေးခဝါချတဲ့သူတွေကလည်း ဒီပြဋ္ဌာန်း ချက်ကို
အကြောင်းပြုပြီးတော့ အိမ်တွေ၊ ခြံ တွေ ၀ယ်တယ်။ အဲဒီအခွန်ဆောင်ရတဲ့သူတွေက
ပုံမှန်အခွန်ဆောင်တဲ့သူတွေထက် အခွန် နှုန်းက အရမ်းနည်းနေတော့ ငွေဖြူချတာလည်း
ဖြစ်နိုင်တယ်ဆိုပြီး ပြည်ထောင်စုလွှတ်တော် က ဒီနှစ်ကိုတော့ အရင်နှုန်းနဲ့ မပေးတော့ဘူး
ဆိုပြီး နှုန်းအသစ်ကို ပြင်ဆင်လိုက်တာပါ" ဟု ၎င်းက ပြောသည်။
သို့သော်လည်း ယခုကဲ့သို့ အိမ်ခြံမြေအခွန် နှုန်းများကို နှစ်စဉ်ပြောင်းလဲနေခြင်းသည် အိမ်ခြံမြေ
လုပ်ငန်းလုပ်ကိုင်သူများ၊ ၀ယ်ယူသူ များအတွက် အဆင်မပြေမှုများ ဖြစ်စေကြောင်း အိမ်ခြံမြေ
လုပ်ငန်းလည်း လုပ်ကိုင်သူ ဒေါ်မို့ မို့အောင်က ပြောသည်။ "ဥပဒေတစ်ခုထုတ်ပြီးသွားရင်
အဲဒီဥပဒေက တစ်နှစ်တစ်ခါ ပြောင်းနေတော့ အလုပ်လုပ် ရတဲ့သူတွေက အဆင်မပြေဘူး။
ဘာဖြစ်လို့ လဲဆိုတော့ အိမ်ခြံမြေ တစ်ခါ၀ယ်ရင် စာချုပ် ကြီးချုပ်ရတာ၊ စည်ပင်မှာ နာမည်ပြောင်း
ရတာ၊ အခွန်ဆောင်ရတာ ပြီးစီးဖို့က လေး၊ ငါးလ လောက်ကြာတယ်။ ဒါပေမဲ့ အခွန်နှုန်းက
တစ်နှစ်တစ်မျိုးဖြစ်နေတော့ ၀ယ်တဲ့သူတွေအတွက် အမျိုးမျိုးဖြစ်နေတာပေါ့။ အခွန်က တစ်သတ်
မတ်တည်းဖြစ်သွားရင် တော့ အကောင်းဆုံးပဲ" ဟု ၎င်းက ပြောသည်။
အိမ်ခြံမြေအခွန်နှုန်း ကြီးမြင့်မှုကြောင့် အခွန်ဆောင်သူလျော့နည်းသွားပါက နိုင်ငံတော်
အခွန်ရရှိမှုလည်း နည်းသွားနိုင်မည့် အပြင် ပိုင်ဆိုင်မှုပြဿနာများလည်း ရှုပ်ထွေး နိုင်သည်ဟု
အိမ်ခြံမြေလုပ်ငန်းလုပ်ကိုင်သူ များက ပြောသည်။ "အခွန်နည်းတုန်းကတောင် မဆောင်ဘူး
ဆိုရင် များရင်ဆောင်ပါ့မလားဆိုတာ ဖြစ်လာနိုင်တယ်။ အခွန်ဆောင်တဲ့သူ လျော့သွားရင်
အရင်ဆုံး နိုင်ငံတော် အခွန်မရဘူး၊ နောက်ပြီး အခွန်မဆောင်ဘဲ အိမ်ခြံမြေ နာမည်မပြောင်း
ကြဘဲ နေကြရင်လည်း တစ်ချိန်ချိန်မှာ ပြဿနာ တွေ ဖြစ်လာနိုင်တယ်။ ရောင်းတဲ့၊ ၀ယ်တဲ့သူတွေ
ဆီမှာ ပိုင်ဆိုင်မှု မမြောက်တာတွေ ဖြစ်နိုင် တယ်" ဟု ၀င်းရွှေဝါ အိမ်ခြံမြေအကျိုးဆောင်၏
တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိဘဏ္ဍာနှစ် ဇန်နဝါရီလအထိ အိမ်ခြံမြေအခွန်ကောက်ခံရရှိမှုမှာ ပြီးခဲ့သည့်ဘဏ္ဍာနှစ်ထက်
ငွေကျပ် ဘီလျံ ၂၀၀ ကျော် ပိုမို ရရှိထားသည်ဟု ပြည်တွင်းအခွန်ဦးစီးဌာနက သိရသည်။
၂၀၁၆ ခုနှစ်တွင် အိမ်ခြံမြေဈေးကွက် ပြန်လည်ဦးမော့လာနိုင်မည်ဟု ခန့်မှန်းထား ကြသော်လည်း
လက်ရှိအစိုးရ၏ လက်ကျန်သက်တမ်းအတွင်း အခွန်နှုန်းထားသစ် ပြင်ဆင် ခဲ့သည့်အတွက် အိမ်ခြံမြေဈေးကွက် ပြန်လည် စောင့်ကြည့်ရမည့် အနေအထားဖြစ်သည်ဟု အိမ်ခြံမြေလုပ်ငန်း
ရှင်များက ပြောသည်။
















