ရန်ကုန်မြို့သစ်စီမံကိန်းတွင် တရုတ်ရင်းနှီးမြှုပ်နှံသူများ အဝယ်များနေ

ရန်ကုန်မြို့သစ်စီမံကိန်းတွင် တရုတ်ရင်းနှီးမြှုပ်နှံသူများ အဝယ်များနေ

ရန်ကုန်မြို့သစ်စီမံကိန်းဟု လူသိများသည့် ရန်ကုန်အနောက်တောင်စီမံကိန်းနယ်မြေတွင်
တင်ဒါလုပ်ငန်းစဉ်များ ပြီးစီးသွားသည့်အချိန်များမှစ၍ မြေကွက်ဈေး မြင့်တက်လာခဲ့ပြီး
နိုင်ငံရပ်ခြားမှ ရင်းနှီးမြှုပ်နှံသူများကလည်း စီမံကိန်းမြေများကို အိမ်ခြံမြေအကျိုး ဆောင်များမှ
တစ်ဆင့် ၀ယ်ယူမှုများရှိနေသည်ဟု သိရသည်။

ရန်ကုန်မြို့သစ်စီမံကိန်းအား တိုင်းဒေသကြီးအစိုးရက အကောင်အထည်ဖော်ဆောင်ရွက်ရာ၌ ပွင့်လင်းမြင်သာမှုမရှိသောကြောင့် ဝေဖန်ကန့်ကွက်မှုများဖြစ်ပေါ်ခဲ့ရာ ၂၀၁၄ ခုနှစ်တွင် အဆိုပါ
စီမံကိန်းရပ်ဆိုင်းခဲ့ရ သည်။ ၂၀၄၀ ပြည့်အထိ ဦးတည်ရေးဆွဲထား သည့် မဟာရန်ကုန်မြို့ပြဖွံ့ဖြိုးရေး
မဟာဗျူဟာ စီမံကိန်းအရ ရန်ကုန်အနောက်တောင် မြို့သစ်စီမံကိန်းဟူသောအမည်ဖြင့် ဒုတိယ
ဦးစားပေးမြို့သစ်စီမံကိန်းအဖြစ် စတင် အကောင်အထည်ဖော်ရန် ၂၀၁၅ ခုနှစ်တွင် တိုင်းဒေသကြီး
လွှတ်တော်က အတည်ပြုပေးခဲ့ခြင်း ဖြစ်သည်။

ကြည့်မြင်တိုင်မြို့နယ်၊ ဆိပ်ကြီးခနောင်တို မြို့နယ်နှင့် တွံတေးမြို့နယ်များအတွင်း တည်ရှိသည့်
ရန်ကုန်အနောက်တောင်မြို့သစ် စီမံကိန်းကို ရန်ကုန်မြို့၏အနောက်ဘက် ပန်းလှိုင်မြစ်နှင့် တွံတေး
တူးမြောင်းကြား၊ လှိုင်မြစ်နှင့် လှိုင်သာယာ- တွံတေးကားလမ်း ကြား မြေနေရာ ၁၁,၇၁၆
ဧကပေါ်တွင် အကောင် အထည်ဖော်သွားမည်ဖြစ်သည်။ ရန်ကုန်မြို့သစ်စီမံကိန်းကို စိတ်ဝင်စား
မှုရှိနေသည့် တရုတ်လူမျိုးအများစုသည် ၂၀၁၄ ခုနှစ်ကတည်းက စီမံကိန်းနေရာတွင်
မြေဝယ်ယူခဲ့ကြပြီး၊ အနောက်တောင်မြို့သစ် စီမံကိန်းပြန်လည်စတင်မည်ဟု ကြေညာပြီးနောက်ပိုင်း
တွင်လည်း မေးမြန်းစုံစမ်း မှုများနှင့် မြေဝယ်မှုများရှိနေသည်ဟု အိမ်ခြံ မြေအကျိုးဆောင်များက
ပြောသည်။

မြန်မာနိုင်ငံတွင် မြေယာများကို နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ ၀ယ်ယူခွင့်မရှိသော်လည်း မြန်မာ
မိတ်ဆွေများမှတစ်ဆင့် ၀ယ်ယူခဲ့ကြ ခြင်းဖြစ်ပြီး မြေဝယ်ရန်စုံစမ်းသည့်အခါတွင်လည်း
မြန်မာမိတ်ဆွေများကသာ စုံစမ်းမှုများ ပြုလုပ်ခဲ့သည်ဟု မြေယာပွဲစားလုပ်ငန်း လုပ်ဆောင်သူ
ဦးကျော်မျိုးက ဆိုသည်။ ရန်ကုန်မြို့သစ်စီမံကိန်းမြေများသာမက ရန်ကုန်-ဒလ တံတားစီမံကိန်းနှင့်အနီးတစ်ဝိုက်ရှိ မြေယာများတွင်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ
၀ယ်ယူလျက်ရှိနေကြပြီး ထိုသူများထဲတွင် တရုတ်လူမျိုး ရင်းနှီးမြှုပ်နှံသူ များက မြေယာများ
အများဆုံးဝယ်ယူထား သူများဖြစ်သည်ဟု အိမ်ခြံမြေအကျိုးဆောင်များထံက သိရသည်။

"ကျွန်တော်တို့က ဘယ်လိုသိလဲဆိုတော့ မြေလာစုံစမ်းတဲ့အခါ၊ မြေဝယ်တဲ့အခါမှာ
လာစုံစမ်းတဲ့မြန်မာတွေက သူတို့နဲ့ပါလာတဲ့ လူတွေနဲ့ တရုတ်စကားပြောနေကြတယ်။
ကျွန်တော်တို့ကလည်း လာမေးတဲ့မြန်မာတွေ ကို မေးကြည့်တဲ့အခါမှာလည်း သူတို့တွေက
မဖြေချင်ကြဘူး။ မြေဝယ်တာက မြန်မာ၊ ပိုက်ဆံပေးတာကတော့ တရုတ်ပေါ့ဗျာ"ဟု
ဦးကျော်မျိုးက ပြောသည်။ လက်ရှိတွင် မြို့သစ်စီမံကိန်းအတွင်း မြေ ဈေးများမှာ တင်ဒါ
ကိစ္စများ ဆောင်ရွက်ပြီး ချိန်တွင် ဈေးနှုန်းများ တရိပ်ရိပ်မြင့်တက် လျက်ရှိပြီး အနည်းဆုံး
ကျပ်သိန်း ၃၅၀ မှှှ ၁,၄၀၀ အထိ ဈေးပေါက်လျက်ရှိနေသည်။ ထို့ပြင် ရန်ကုန်-ဒလ
တံတားစီမံကိန်းအနီး တစ်ဝိုက်ရှိ မြေနေရာများမှာ ရောင်းကုန်သည် အထိ ဖြစ်နေပြီး
မြေဈေးများမှာလည်း ပေ ၄၀ နှင့် ပေ ၆၀ မြေကွက်များကို ငွေကျပ်သိန်း ရ၀၀ မှ ၁,၂၀၀ အထိ
ဈေးနှုန်းများ မြင့်မား လျက်ရှိနေသည်။

"ကျွန်မတို့ကတော့ တရုတ်တွေ၊ ဂျပန်တွေ မသိပါဘူး။ မြေဝယ်တဲ့သူတွေတော့ရှိတာ
တွေ့ရပါတယ်။ တံတားစီမံကိန်းပြန်လုပ်တော့ မယ်ဆိုတဲ့နောက်ပိုင်း အဝယ်များလာတာ
တော့ကြားပါတယ်။ ဈေးတွေကတော့ တက် လာတယ်။ အဲဒါကလည်း တံတားစီမံကိန်း
အပြင် ရန်ကုန်မြို့သစ်စီမံကိန်းကြောင့်လည်း ဖြစ်နိုင်ပါတယ်" ဟု ဒလမြို့နယ်အတွင်း နေထိုင်သူ
ဒေါ်လှလှစန်းက ပြောသည်။ ရန်ကုန်အနောက်တောင်မြို့သစ်စီမံကိန်း ကို အကောင်အထည်ဖော်
ရန်အတွက် ရန်ကုန် တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြည်တွင်း ကုမ္ပဏီသုံးခုဖြစ်သော
ရန်ကုန်မြို့ အနောက်ဒေသဖွံ့ဖြိုးတိုးတက်ရေး (အများပိုင်ကုမ္ပဏီ)၊ ရွှေပုပ္ပါးအပြည်ပြည်ဆိုင်
ရာဆောက်လုပ်ရေး ကုမ္ပဏီနှင့် ကြျငညနျျ ဃစေငအေူ ဃငအပ ီနလနူသစာနညအ ကုမ္ပဏီတို့ကို
လုပ်ကိုင်ခွင့်ပေးထား ပြီး အကောင်အထည်စတင်ဖော်ဆောင်နိုင် ရန်အတွက်လည်း ကြိုးပမ်းလျက်
ရှိသည်။

"ကျွန်တော်တို့က အကောင်အထည်ဖော်ဖို့ လုပ်တုန်းအဆင့်ပဲရှိပါသေးတယ်။ လုပ်ခွင့်က
သေသေချာချာကို မသိရသေးပါဘူး။ အဲဒီ မြေတွေကို တရုတ်တွေဝယ်၊ မဝယ်တော့ သေချာ
မသိပါဘူး။ ဒါပေမဲ့ လှိုင်သာယာစက်မှု ဇုန်က တရုတ်တွေကတော့ မြေတွေဝယ်တာ စုံစမ်းတာတွေ
ရှိတယ်လို့တော့ ကြားဖူးပါ တယ်"ဟု ရန်ကုန်မြို့ အနောက်ဒေသဖွံ့ဖြိုး တိုးတက်ရေး
(အများပိုင်ကုမ္ပဏီ) ၏ ဒါရိုက်တာ ဦးခင်မောင်သန့်က ပြောသည်။

စီမံကိန်းကို ကုမ္ပဏီသုံးခုက လုပ်ကိုင်ခွင့် ရကြောင်းကြေညာပြီးသည့်နှင့်တစ်ပြိုင်နက်
မြေဝယ်ယူမှုများသည် မြန်မာနိုင်ငံသား ရင်းနှီးမြုပ်နှံသူများထက် တရုတ်နိုင်ငံသား များကသာ
များပြားနေသည့်အတွက် ရန်ကုန် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အချို့က အဆိုပါ
၀ယ်ယူရန် အသုံးပြုသည့် ငွေကြေးများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ အနေဖြင့် စစ်ဆေးသင့်
သည်ဟု ဆိုသည်။ ဗဟန်းမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက ၀ယ်ယူရာတွင်
အသုံးပြုကြ သော ငွေကြေးများသည် တရားဝင်နည်းလမ်း များဖြင့် ရရှိထားသော ငွေကြေးဟုတ်
မဟုတ်ကို စစ်ဆေးရန်လိုအပ်ပြီး တရားဝင်မဟုတ်ပါကလည်း အရေးယူသင့်သည်ဟု ပြောသည်။

တိုင်းဒေသကြီးအစိုးရအဖွဲ့ကလည်း အဆိုပါ သတင်းများကြားရသည်ကို အတည်ပြုထားသော်လည်း
ငွေကြေးများမှာ တရားဝင်ရရှိ ထားသောငွေများ (ငွေဖြူ) ဟုတ်မဟုတ်ကို စစ်ဆေးခြင်း
မရှိသေးကြောင်း အစိုးရအဖွဲ့ဝင် တစ်ဦးက ပြောသည်။ "ကျွန်တော်တို့ကြားပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တချို့ကလည်း ပြောပါတယ်။ ကျွန်တော်တို့ စစ်ဆေးတာတော့မရှိသေး
ဘူး။ အဲဒါတွေကတော့ လုပ်တော့လုပ်ရမှာပေါ့" ဟု အမည်မဖော်လိုသော အစိုးရဝန်ထမ်းတစ်ဦးက
ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်