အင်းစိန်လမ်းမပေါ်မှ ၂၄ ထပ်မြင့် စီမံကိန်း ခွင့်ပြုထားခြင်းမရှိဟု ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဆို

အင်းစိန်လမ်းမပေါ်မှ ၂၄ ထပ်မြင့် စီမံကိန်း ခွင့်ပြုထားခြင်းမရှိဟု ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဆို

ရန်ကုန်- အင်းစိန် လမ်းမပေါ်ရှိ ထွန်းမြတ် အောင်ကုမ္ပဏီက တည်ဆောက်လျက်ရှိသည့်
၂၄ ထပ်မြင့် အဆောက်အအုံမှာ မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြု ချက်ဖြင့်
ဆောင်ရွက်နေသည့် လုပ်ငန်းမဟုတ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု
ဦးစီးဌာနက ယခုလဆန်းပိုင်းက ထုတ်ပြန် ပြောကြားလိုက်သည်။

ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ ၁၃ ရပ်ကွက်၊ ရန်ကုန်အင်းစိန်လမ်းပေါ်ရှိ လှိုင်ရဲစခန်း
အနီး၊ ဓမ္မသုခကျောင်းလမ်းထိပ် တွင် တည်ဆောက်လျက်ရှိသည့် The Century အမည်ရှိ
၂၄ ထပ်မြင့်အဆောက် အအုံ တည်ဆောက်စီမံကိန်းကို ထွန်းမြတ်အောင်ကုမ္ပဏီနှင့်
ထိုင်ဝမ်နိုင်ငံသား များ ပူးပေါင်းလုပ်ကိုင်နေခြင်းဖြစ်ပြီး၊ အိမ်ရာအရောင်းပြခန်းဖွင့်လှစ်၍
အခန်း များရောင်းချလျက်ရှိသည်ဟုလည်း မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ထုတ်ပြန်
ချက်တွင် ဖော်ပြထားသည်။ "အမှန်တော့ ကျွန်တော်တို့က ရန်ကုန် မြို့တော်စည်ပင်သာယာရေး
ကော်မတီရဲ့ခွင့် ပြုချက်နဲ့ တည်ဆောက်တဲ့ စီမံကိန်းဖြစ်ပါ တယ်။ ကုမ္ပဏီအသစ်တစ်ခု မဟုတ်တဲ့ အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်ကို ခွင့်ပြုချက် မယူထားပါဘူး။ နောက်ပြီး
ရင်းနှီးမြှုပ်နှံမှုအားလုံးကိုလည်း ထွန်းမြတ်အောင်ကုမ္ပဏီကသာ မြှုပ်နှံတဲ့စီမံကိန်းဖြစ်ပါတယ်" ဟု
၎င်းကုမ္ပဏီက တာဝန်ရှိသူတစ်ဦးဖြစ်သည့် ဦးချစ်ကိုကို က ပြောသည်။

အဆိုပါအထပ်မြင့်အဆောက်အအုံ စီမံကိန်းကို ၂၀၁၅ ခုနှစ်အတွင်း စတင် တည်ဆောက်
ခဲ့ခြင်းဖြစ်ကာ ထိုင်ဝမ် နိုင်ငံသားများသည်လည်း စီမံကိန်းအတွက် လိုအပ်သည့်နည်းပညာ
ကူညီဆောင်ရွက် ပေးရန် ခေါ်ယူထားသည့် အကြံပေးအဖွဲ့ သာဖြစ်ရာ ဖက်စပ်စီမံကိန်းလုပ်ငန်း
မဟုတ်ကြောင်းလည်း ၎င်းက ပြောသည်။ "တည်ဆောက်ရေးအခြေအနေက အုပ်မြစ်ချတဲ့
အပိုင်းပဲရှိသေးတယ်။ ၂၀၁၈ ခုနှစ် မှာ အပြီးသတ်တည်ဆောက်နိုင်ဖို့တော့ ရည်ရွယ်ထားတယ်။
လက်ရှိမှာတော့ အခန်း တွေကို ရောင်းချတာတွေတော့ လုပ်နေပါ ပြီ"ဟု ဦးချစ်ကိုကိုက ပြောသည်။

မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း အများစုသည် မြန်မာ့ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏
ခွင့်ပြုချက်ဖြင့် ဆောင်ရွက်နေ ကြခြင်းဖြစ်သော်လည်း တချို့သောစီးပွား ရေးစီမံကိန်းများသည်
ဟိုတယ်နှင့်ခရီးသွား ၀န်ကြီးဌာန၊ ရန်ကုန်မြို့တော်စည်ပင်သာယာ ရေးကော်မတီ၊
သတ္ထုတွင်းဝန်ကြီးဌာန စသဖြင့် သက်ဆိုင်ရာဌာနများအလိုက် ခွင့်ပြုချက်များဖြင့် လုပ်ငန်းဆောင်ရွက်နေကြခြင်းများလည်းရှိသည်။ မြန်မာနိုင်ငံ အတွင်း ဆောင်ရွက်နေရှိသည့်
ပြည်တွင်း ပြည်ပလုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်အလက် အတိအကျ ရရှိနိုင်ရန်
အခက်အခဲများရှိနေသည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အတွင်းရေးမှူး ဖြစ်သူ
ဦးအောင်နိုင်ဦးက ပြောကြားထားသည်။

"မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုအချက်အလက်ကိုမေးတဲ့အခါမှာ ဘယ်လောက်ရှိနေတယ်ဆိုတဲ့
ပမာဏကိုပြောဖို့က နည်းနည်းအခက်အခဲရှိပါတယ်။ မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေနဲ့
ခွင့်ပြုထားတဲ့ အချက်အလက်ကိုပဲ ပြောနိုင် မှာပါ။ ကျန်တဲ့ သက်ဆိုင်ရာဌာန အလိုက် ခွင့်ပြုထား
တာကျတော့ အချက်အလက် နဲ့ ရင်းနှီးမြှုပ်နှံမှုပမာဏတွေကို သိရဖို့ အခက်အခဲရှိပါတယ်။ အခု
ထိလည်း ဒီလိုမျိုးတွေရှိနေပါသေးတယ်" ဟု ၎င်းက ပြောသည်။ အဆိုပါ The Century အမည်ရှိ
အထပ် မြင့်အဆောက်အအုံ တည်ဆောက်ရေး စီမံကိန်းကို ရန်ကုန်မြို့တော်စည်ပင်သာယာ
ရေးကော်မတီက ခွင့်ပြုပေးထားခြင်းဖြစ်သည်ဟု အင်ဂျင်နီယာဌာန(အဆောက်အအုံ)
ဒုတိယဌာနမှူး ဦးနေဝင်းက ပြောသည်။

"ကျွန်တော်တို့ဌာနက ခွင့်ပြုတယ်ဆို တာ နိုင်ငံသားက လျှောက်မှ ခွင့်ပြုတာပါ။ မြန်မာနိုင်ငံ
ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ခွင့်မပြုတာ ကျွန်တော်တို့နဲ့မဆိုင်ပါဘူး။ သူတို့က လာလျှောက်
ထားတာ နိုင်ငံသား နာမည်နဲ့ပဲ လာလျှောက်ထားတာ။ ဌာနက နိုင်ငံခြားသားကို ခွင့်ပြုတာမျိုး
တစ်ခု မှမရှိဘူး။ ဒါပေမဲ့ ရင်းနှီးမြှုပ်နှံမှုကော်မရှင် က ခွင့်ပြုပြီးတော့ ဒီနိုင်ငံခြားသားကို
ခွင့်ပြုပေးပါလို့ ပါလာရင် ဌာနက ခွင့်ပြု တယ်" ဟုလည်း ၎င်းက ပြောသည်။ မြန်မာနိုင်ငံ
ရင်းနှီးမြှုပ်နှံမှုကော်မရှင် ၏ စာရင်းများအရ ၁၉၈၈ ခုနှစ်မှ ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလအထိ
အိမ်ခြံမြေကဏ္ဍသို့ အမေ ရိကန်ဒေါ်လာ ၂ ဒသမ ၅ ဘီလျံတန်ဖိုးရှိ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း
၃၂ ခုနှင့် ဆောက်လုပ်ရေးကဏ္ဍသို့ ကန်ဒေါ်လာ ၃၇ ဘီလျံတန်ဖိုးရှိ လုပ်ငန်းနှစ်ခုဝင်ရောက်ခဲ့ပြီး၊
နိုင်ငံသားရင်းနှီးမြှုပ်နှံမှုအနေဖြင့် ၁၉၈၈ ခုနှစ်မှ ၂၀၁၄ ခုနှစ်၊ ဇွန်လအထိ အိမ်ခြံမြေ ကဏ္ဍတွင်
ကျပ်ငွေ ၁၆၇ ဘီလျံကျော် တန်ဖိုးရှိ လုပ်ငန်းပေါင်း ၃၆ ခုနှင့် ဆောက်လုပ်ရေး ကဏ္ဍတွင်
ကျပ်ငွေ ရ၅၆ ဘီလျံတန်ဖိုးရှိ လုပ်ငန်းပေါင်း ၆၁ ခုအထိ ၀င်ရောက်ခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်