ရွှေလင်ပန်း တိုက်ခန်းမဲပေါက်သူ ၈၀ ကျော် ဆက်သွယ်ခြင်း မရှိသေး

ရွှေလင်ပန်း တိုက်ခန်းမဲပေါက်သူ ၈၀ ကျော် ဆက်သွယ်ခြင်း မရှိသေး

လှိုင်သာယာမြို့နယ်အတွင်းရှိ ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာစီမံကိန်းတွင် တိုက်ခန်းဝယ်ယူခွင့်
လျှောက်ထားသူများကို မဲစနစ်ဖြင့် ၂၀၁၄ ခုနှစ် နိုဝင်ဘာလကတည်းက ရောင်းချထားပြီးဖြစ်သော်
လည်း အခန်းဝယ်ယူခွင့်ရရှိထားသူ ၈၀ ကျော်မှာ ယနေ့အချိန်အထိ လာရောက်ဆက်သွယ်ခြင်း မရှိသေးကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ
ဒုတိယညွှန်ကြား ရေးမှူး ဦးမင်းအောင်အေးက ဖေဖော်ဝါရီ ၉ ရက်တွင် ပြောသည်။

"တိတိကျကျ ပြောရရင် ၈၁ ယောက်ရှိပါ တယ်။ အခုထက်ထိ ရွှေလင်ပန်း တန်ဖိုးနည်း
အိမ်ရာက အခန်းကို ၀ယ်ခွင့်ရပေမယ့် လာရောက်မဆက်သွယ်သေးပါဘူး။ ဒီအခန်းတွေ
ဘယ်လိုပြန်လုပ်မလဲ ဆိုတာတော့ လူကြီးပိုင်းတွေ စဉ်းစားနေဆဲ ဖြစ်ပါတယ်၊ တိုင်းဒေသကြီး
အစိုးရအဖွဲ့ကပဲ စီမံဆောင် ရွက်ဖို့များပါတယ်။ မဲနှိုက်မဲပေါက်ပေမယ့် လည်း ကနဦးပေးသွင်းငွေ
မပေးနိုင်တာရယ်၊ ဘဏ်မှာငွေချေးဖို့ ဆိုတာကလည်း ဘဏ်က ၀င်ငွေရပေါက်ရလမ်း စိစစ်ပြီးမှ
ချေးတာဖြစ် တဲ့အတွက် အဆင်မပြေလို့ မဆက်သွယ်တာ လည်း ဖြစ်နိုင်တယ်"ဟု ၎င်းက
ပြောသည်။

လှိုင်သာယာမြို့နယ်အတွင်း တည်ဆောက် ထားသည့် အခန်းပေါင်း ၅၇၆ ခန်း ပါ၀င်သည့်
ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာစီမံကိန်းမှ တိုက်ခန်းများကို တစ်ခန်းလျှင် ကျပ်သိန်း ၁၂၀ ဖြင့်
မဲနှိုက်ရောင်းချခြင်းကို အခန်းဝယ်ယူခွင့် လျှောက်ထားခဲ့သည့် နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစား
၀န်ထမ်းများအတွက် ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၂၃ ရက်နေ့တွင် လည်းကောင်း၊ ကုမ္ပဏီဝန်ထမ်းများနှင့် ပြင်ပကလာရောက် လျှောက်ထားသူများအတွက် ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာ
၃၀ ရက်တွင်လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီးက ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။

အများပြည်သူ အိမ်ရာလိုအပ်ချက်များကို ဖြည့်ဆည်းနိုင်ရန်ဟူသော ရည်ရွယ်ချက်ဖြင့်
ရွှေလင်ပန်းတန်ဖိုးနည်းအိမ်ရာစီမံကိန်းကို ၂၀၁၂ ျွ ၁၃ ဘဏ္ဍာနှစ်တွင် တည်ဆောက်ခဲ့ပြီး
၂၀၁၄ ျွ၁၅ ဘဏ္ဍာနှစ်တွင် အများပြည်သူကို မဲနှိုက်စနစ်ဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရ
အဖွဲ့က ရောင်းချပေးခဲ့သည်။ အခန်းပေါင်း ၅၇၆ ခန်းအနက် အိမ်ခန်း လေးခန်းကို တိုင်းဒေသကြီး
အစိုးရအဖွဲ့က အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များအတွက် အသုံးပြုနိုင်ရန် ရယူ၍ အများပြည်သူသို့
အခန်းပေါင်း ၅၇၂ ခန်း ရောင်းချခဲ့သည်။ Steel structure ဖြင့် ဆောက်လုပ်ထားသည့် မြေညီ
ထပ်အခန်းများကို ကျပ်သိန်း ၁၂၀၊ ပထမ ထပ် ကျပ် ၁၁၅ သိန်း၊ ဒုတိယထပ် ကျပ် ၁၁၃ နှင့်
တတိယထပ်ကို ကျပ်သိန်း ၁၁၀ ဖြင့် သတ်မှတ်ရောင်းချပေးခဲ့သလို ကွန်ကရစ် ဖြင့်
ဆောက်လုပ်ထားသည့် မြေညီထပ်အခန်း များကို တစ်ခန်းလျှင် ကျပ် ၁၂၅ သိန်း၊ ပထမထပ်
၁၂၂ သိန်း ၊ ဒုတိယထပ် ၁၁၉ သိန်း နှင့် တတိယထပ် ၁၁၆ သိန်းဖြင့် လက်ငင်းငွေ ချေစနစ်၊ လေးလလေးရစ် ငွေချေစနစ်တို့ ဖြင့် ရောင်းချပေးခဲ့သည်။

အရစ်ကျစနစ်ဖြင့် ရောင်းချရာတွင် ဆောက်လုပ်ရေးနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဘဏ်မှတစ်ဆင့် ငွေချေးစနစ်ဖြင့် ရောင်းချပေးခဲ့ခြင်းဖြစ်သည်။ ဆောက်လုပ်ရေးနှင့်
အိမ်ရာဖွံ့ဖြိုးရေးဘဏ်မှ တစ်ဆင့် ၀ယ်ယူမည်ဆိုပါက တိုက်ခန်း တန်ဖိုး၏ ၃၀ ရာခိုင်နှုန်းကို
ကနဦးပေးသွင်းရ မည်ဖြစ်ပြီး ကျန်ငွေ ရ၀ ရာခိုင်နှုန်းကို ရှစ်လ အရစ်ကျစနစ်ဖြင့်ပေးချေရမည်
ဖြစ်သည်။ အိမ်ခန်းတန်ဖိုးကို ကျပ်သိန်း ၁၂၀ သတ်မှတ် ထားသည့်အတွက် ကနဦးပေးသွင်းငွေ
၃၀ ရာခိုင်နှုန်းမှာ ကျပ် ၃၆ သိန်း ကျသင့်မည် ဖြစ်သည်။

အခန်းဝယ်ယူခွင့် ရရှိထားသူ ၅၇၂ ဦး အနက် တိုက်ခန်းဖိုး ကျပ် သိန်း ၁၂၀ ကို
တစ်လုံးတစ်ခဲငွေပေးသွင်းနိုင်သူ ၂၀၊ လေးလ အရစ်ကျပေးသွင်းစနစ်ဖြင့် ပေးသွင်းသူ
၁၆၅ ဦး၊ ဆောက်လုပ်ရေးနှင့် အိမ်ရာဖွံ့ဖြိုးရေးဘဏ်၏ နှစ်ရှည်ချေးငွေ စနစ်ဖြင့် ၀ယ်ယူပေး
သွင်းနေသူ ၃၀၆ ဦး ရှိသည်ဟု သိရသည်။

အိမ်ခန်းဝယ်ယူခွင့် ရရှိထားသူ အများစု မှာ အမှန်တကယ် နေထိုင်ခြင်း မရှိဘဲ တစ်ဆင့်
ပြန်လည် အငှားချထားနေကြရာ လက်ရှိတွင် ရွှေလင်ပန်း တန်ဖိုးနည်းအိမ်ရာမှ မြေညီထပ်
အခန်းတစ်ခန်းလျှင် တစ်လငှားရမ်းခကျပ် တစ်သိန်း၊ ပထမထပ် အခန်းတစ်ခန်း ကျပ်
ခုနှစ်သောင်းနှင့် ဒုတိယထပ် အခန်း တစ်ခန်း ကျပ်ခြောက်သောင်းနှင့် တတိယထပ်
အခန်းတစ်ခန်း ကျပ်ငါးသောင်းနှုန်း ဈေးပေါက်နေသည်ဟုသိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်