ထန်းတပင်မြို့နယ်တွင် လမ်းပန်းဆက်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်နေ

ထန်းတပင်မြို့နယ်တွင် လမ်းပန်းဆက်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်နေ

ရန်ကုန်တိုင်းဒေသကြီး ထန်းတပင်မြို့နယ်တွင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်စေရန်
ကမ္ဘာ့ဘဏ်အကူအညီဖြင့် ဆောင်ရွက်နေသကဲ့သို့ အစိုးရဘတ်ဂျက်ဖြင့်လည်း ကုက္ကိုလ်ဝ
မြစ်ကူးတံတားကို စတင်တည်ဆောက်နေပြီဖြစ်သည်ဟု အဆိုပါမြို့နယ် အုပ်ချုပ်ရေးမှူး
ဦးမြင့်ထွေးဝင်းက ပြောသည်။

"ထန်းတပင်မြို့နယ်က မြစ်သုံးခုနဲ့ ဆက်နေ ပြီး တံတားမရှိသေးလို့ လမ်းပန်းဆက်သွယ်ရေး
မကောင်းမွန်သေးပေမယ့် အခုချိန်မှာ ဧရာ ၀တီတိုင်းနဲ့ ဆက်နေတဲ့ လှိုင်မြစ်မှာ ပထမဆုံး
မြစ်ကူးတံတားကို စတင်ဆောက်လုပ်နေပါ ပြီ။ မြို့နယ်တွင်းမှာလည်း သွားလာရအဆင်ပြေ
စေဖို့ လူထုဗဟိုပြုစီမံကိန်းနဲ့ မြစိမ်းရောင် စီမံကိန်းတွေအရ ကားလမ်းဖောက်လုပ်တာတွေ
ဆောင်ရွက်နေပါတယ်" ဟု ၎င်းက ပြောသည်။

ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းအကြား တည်ရှိနေသည့် ထန်းတပင်မြို့နယ်သည် တောမကျ၊
မြို့မကျအခြေအနေဖြင့် လမ်းပန်းဆက်သွယ်ရေးအခက်အခဲရှိနေသော်လည်း ကုက္ကိုလ်ဝမြစ်ကူး
တံတား တည်ဆောက် ပြီးစီးသွားပါက သွားလာရေးလွယ်ကူလာမည် ဟုလည်း တာဝန်ရှိသူများက
မျှော်လင့်ထား ကြသည်။ "ကုက္ကိုလ်ဝမြစ်ကူးတံတားကို ဧပြီလ အပြီးတည်ဆောက်သွားမှာပါ။
အခု ဧရာဝတီတိုင်းကို သွားဖို့ မှော်ဘီ၊ တိုက်ကြီးဘက်က ပတ်ပြီး အဝေးကြီးသွားနေရတယ်။
တကယ် လို့ ကုက္ကိုလ်ဝတံတားတည်ဆောက်ပြီးရင် တော့ လှိုင်သာယာနဲ့ကပ်လျက်ရှိတဲ့
ထန်းတပင် ကနေ ဧရာဝတီကို တန်းသွားလို့ရပြီ။ ဧရာ ၀တီက လာမယ့်သူတွေလည်း
ထန်းတပင်ကနေ ဖြတ်ပြီး ရန်ကုန်မြို့ထဲကို ခရီးစဉ်တိုတိုနဲ့ သွားလို့ရပြီ။ လမ်းပန်း
ဆက်သွယ်ရေးကောင်း သွားရင် ထန်းတပင််မြို့နယ်လည်း စည်ပင်လာ မှာပါ"ဟု
ဦးမြင့်ထွေးဝင်းက ပြောသည်။

ထန်းတပင်မြို့နယ်အတွင်း လမ်းပန်းဆက်သွယ်ရေးကောင်မွန်စေရန် ကမ္ဘာ့ဘဏ်၏
လူထုဗဟိုပြုစီမံကိန်းအကူအညီဖြင့် ၂၀၁၅ ခုနှစ်တွင် ငွေကျပ် ၁၃,၀၅၆ သိန်းအသုံးပြုကာ
လမ်းပြုပြင်ခြင်းများနှင့် လမ်းခင်းခြင်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်သည်ဟုလည်း သိရသည်။
အဆိုပါစီမံကိန်းဖြင့် ကွန်ကရစ်လမ်း ပေါင်း ၁၀၇ လမ်း၊ မြေသားလမ်း ၃၆ လမ်း၊
အုတ်ရိုးပြုပြင်ခြင်းနှင့် သဲခင်းခြင်းစီမံကိန်း ၂၀ ၊ သစ်သားတံတား သုံးခု၊ ကွန်ကရစ်တံတား ကိုးခု၊ ရေဆင်းတံတား(ဆိပ်ခံတံတား) နှစ်ခု၊ စာသင်ကျောင်း လေးကျောင်း ပြုပြင်ခြင်း၊
လျှပ်စစ်မီး ရရှိရေး စီမံကိန်းလေးခုနှင့် ရေရရှိ ရေးစီမံကိန်း ၁၂ ခုတို့ကို ဆောင်ရွက်ခဲ့သည်ဟု
မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ
စီမံကိန်းအဖြစ် ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံတစ်ဝန်းရှိ မြို့နယ်ပေါင်း ၆၀ အတွက်
အမေရိကန်ဒေါ်လာသန်း ၄၈၀ ကျော် ချထားပေးခဲ့ရာ ထန်းတပင်မြို့နယ်လည်း
တစ်ခုအပါအဝင်ဖြစ်သည်။

အဆိုပါလေးနှစ် စီမံကိန်းကို ပြီးခဲ့သည့်နှစ်တွင် စတင်အကောင် အထည်ဖော်ခဲ့ခြင်းဖြစ်ပြီး
နောက်သုံးနှစ်အတွင်း ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ
ထန်းတပင်မြို့နယ်၏ အခြေခံအဆောက်အအုံကဏ္ဍသည်လည်း များစွာဖွံ့ဖြိုးတိုးတက်လာမည်
ဖြစ်သည်။ ကမ္ဘာ့ဘဏ်၏ လူထုဗဟိုပြု စီမံကိန်း ကြောင့် ထန်းတပင်မြို့နယ်အတွင်း အခြေခံ အဆောက်အအုံကဏ္ဍသာမက ဒေသခံလူထု သည်လည်း သိသိသာသာဖွံ့ဖြိုးတိုးတက်လာ
ခဲ့သည်ဟု လူထုဗဟိုပြုစီမံကိန်းခေါင်းဆောင် ဦးပီတာက ပြောသည်။

"အခြေခံအဆောက်အအုံတွေကို အထက် ကပဲ အကောင်အထည်ဖော်ပေးရင် အဲဒီလို
ကျေးရွာထဲမှာတိုးတက်မှာ မဟုတ်ဘူး။ ဒီစီမံကိန်းကြီးကို ရွာသူ၊ ရွာသားတွေ ကိုယ်တိုင်
အကောင်အထည်ဖော်ရတော့ တခြားနေရာ တွေမှာလည်း သူတို့ ပိုတက်ကြွလာကြတယ်။
အရင်က လယ်လုပ်ငန်းတစ်ခုပဲ လုပ်ကိုင်ပြီး ဖွံ့ဖြိုးတိုးတက်ဖို့ ဘာမှစိတ်မဝင်စားကြပေမယ့်
အခုတော့ သူတို့ရဲ့ အသိစိတ်ပါ ပြောင်းလဲလာကြပြီ"ဟု ၎င်းက ပြောသည်။ လယ်ယာလုပ်ငန်း
ကိုသာ အဓိကထားလုပ်ကိုင်သူအများစု နေထိုင်ရာ ထန်းတပင် မြို့နယ်အတွင်း ကမ္ဘာ့ဘဏ်၏
လူထုဗဟိုပြု စီမံကိန်းကို အကောင်အထည်ဖော်ရာတွင် ဒေသခံလူထုကို ကျေးလက်ဒေသဖွံ့ဖြိုးရေး
ဦးစီးဌာနက ဦးစီး၍ သက်ဆိုင်ရာသင်တန်း များ ပေးခဲ့သည်ဟုလည်း မြို့နယ်အုပ်ချုပ်
ရေးမှူးဦးမြင့်ထွေးဝင်းက ပြောသည်။

"ထန်းတပင်မြို့နယ်မှာ အများစုက လယ် လုပ်ငန်းပဲ လုပ်ကိုင်ကြပေမယ့် ရန်ကုန်နဲ့ နီးတော့
ဒေသခံတွေက လူရည်လည်ကြတယ်။ ပညာတတ်တွေရှားပေမယ့် အားလုံးစာတော့
ဖတ်တတ်ကြတယ်။ လုပ်ချင်ကိုင်ချင်စိတ်ရှိ ကြတယ်။ လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်
လာရင် ထန်းတပင်မြို့နယ်မှာ ပိုမိုဖွံ့ဖြိုး တိုးတက်လာမှာပါ"ဟု ၎င်းက ပြောသည်။
ထန်းတပင်မြို့နယ်တွင် အစိုးရနှင့် နိုင်ငံ တကာအဖွဲ့အစည်းများက အကောင်အထည်ဖော်နေသော
စီမံကိန်းသုံးခုရှိသော်လည်း လမ်းပန်းဆက်သွယ်ရေးကောင်းမွန်စေရန် ဆောင်ရွက်နေသော
စီမံကိန်းများကိုသာ ဒေသခံများ ပိုမိုစိတ်ဝင်စားကြသည်ဟု ထန်း တပင်ဒေသခံတစ်ဦးဖြစ်သူ
ဦးအောင်ကြီးက ပြောသည်။

"အရင်က တစ်သီးစားပဲ လယ်စိုက်နိုင်ခဲ့ ပေမယ့် အခုနှစ်သီးစားအထိ လယ်ယာစိုက်ပျိုး
လာနိုင်ပါပြီ။ မနှစ်ကစပြီးမြို့နယ်လမ်းမကြီးကို ပိုဖြောင့်ဖြူးအောင် ပြင်ပြီးချိန်ကစလို့ ရွာကနေ
ရန်ကုန်မြို့ထဲကို သွားလာရပိုအဆင်ပြေ လို့ ယာထွက်သီးနှံတွေကို ရန်ကုန်မြို့ထဲကို ကိုယ်တိုင်
သွားရောင်းတော့ အမြတ်လည်းပိုများလာပြီး မြို့ရဲ့ လူနေမှုစရိုက်ကိုလည်း မကြာခဏ ထိတွေ့ခွင့်
ရလာပါတယ်"ဟု ၎င်းက ပြောသည်။ ထန်းတပင်မြို့နယ်နှင့် ကပ်လျက်တည်ရှိ သော
လှိုင်သာယာမြို့နယ်အတွင်းရှိ လမ်းမ တန်းမြေကွက်များမှာ လွန်ခဲ့သောနှစ်နှစ်ကျော်ခန့်က
ဈေးနှုန်းများ အဆမတန်မြင့်တက်ခဲ့သော်လည်း ထန်းတပင််မြို့နယ်တွင်မူ မြေဈေးနှုန်းများမှာ
သိသာစွာ အပြောင်းအလ ဲ မရှိခဲ့ဟုလည်း ၎င်းက ပြောသည်။

ထန်းတပင်မြို့နယ်သည် ရန်ကုန်တိုင်းမှ မှော်ဘီ၊ ရွှေပြည်သာ၊ တိုက်ကြီး၊ လှိုင်သာယာ၊
တွံတေးမြို့နယ်များ၊ ဧရာဝတီတိုင်းမှ ဇလွန်၊ ညောင်တုန်းနှင့် ဓနုဖြူမြို့နယ်တို့နှင့် နယ်မြေချင်း
ထိစပ်နေပြီး ထန်းတပင်မြို့နယ်၏ အရှေ့ ဘက်တွင် လှိုင်မြစ်၊ အနောက်တောင်ဘက်တွင်
ပန်းလှိုင်မြစ်၊ အနောက်ဘက်တွင် ဘောလယ် မြစ်တို့နှင့် ထိစပ်လျက်ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်