ရန်ကုန်မြို့ ရွှေတိဂုံဘုရားအနီးရှိ တပ်ပိုင်မြေ ပေါ်တွင် အကောင်အထည်ဖော်မည့် ဆောက်လုပ်ရေး
စီမံကိန်းငါးခုကို ပြည်ထောင်စု အစိုးရအဖွဲ့က ပြီးခဲ့သည့်နှစ် ဇူလိုင်လတွင် အပြီးတိုင်ရပ်ဆိုင်းခဲ့ရာ
၎င်းစီမံကိန်းငါးခုအနက် တစ်ခုအပါအဝင်ဖြစ်သည့် Dagon City 1 အတွက် ရန်ကင်းမြို့နယ်
ကမ္ဘာအေးဘုရားလမ်းနှင့် ကန်ဘဲ့လမ်းထောင့်ရှိ မြေဧက ၁၇ ဒသမ ရ၀ အကျယ်မြေနေရာ အစားထိုးပေးအပ်သည်ဟု မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပြီးခဲ့သည့်သီတင်းပတ်တွင်
သတင်းထုတ်ပြန်ခဲ့သည်။
ရွှေတိဂုံဘုရားအနီးမှ ရပ်နားခံခဲ့ရသည့် ဆောက်လုပ်ရေး စီမံကိန်းများအတွက် မြေနေရာ
အစားထိုးပေးနိုင်ရန် သက်ဆိုင်ရာ ၀န်ကြီးဌာနများနှင့် ညှိနှိုင်းဆောင်ရွက်ခဲ့ခြင်း ဖြစ်ပြီး၊ Dagon
City 1 စီမံကိန်းတွက် အစားထိုး ပေးအပ်ခဲ့သည့် မြေနေရာမှာ သိပ္ပံနှင့်နည်းပညာ ၀န်ကြီးဌာန
ပိုင်မြေဖြစ်သည်ဟု သမ္မတရုံးတာဝန်ရှိသူတစ်ဦးက ပြောဆိုခဲ့သော်လည်း မြန်မာ
နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ သတင်း ထုတ်ပြန်ချက်တွင်မူ အတိအကျ ဖော်ပြထားခြင်း
မရှိပေ။ ဟောင်ကောင်အခြေစိုက် Marga Landmark ကုမ္ပဏီက ရွှေတိဂုံဘုရားအနီးတွင်
မြေ အကျယ် ၂၂ ဧကပေါ်တွင် Dagon City 1 စီမံကိန်းကို အကောင်အထည်ဖော်ဆောင်
ရွက်ခဲ့ခြင်းဖြစ်ရာ ယခုအစားထိုးပြန်လည်ရရှိခဲ့ သည့် မြေနေရာကိစ္စနှင့် ပတ်သက်၍
လတ်တလောတွင် သတင်းထုတ်ပြန်ရန် မရှိသေးဟု Marga Landmark ကုမ္ပဏီ
တာဝန်ရှိသူတစ်ဦးက ပြောသည်။
လက်ရှိအသစ်ပြန်လည်အစားထိုးပေးခဲ့ သည့် နေရာသည်လည်း ရွှေတိဂုံဘုရားအနီးတွင်
ဆောင်ရွက်ခဲ့သည့် စီမံကိန်းကဲ့သို့ အကြီးစားဆောက်လုပ်ရေးလုပ်ငန်းများ အကောင်
အထည်ဖော်ဆောင်ရွက်နိုင် သည့် နေရာဖြစ်သည်ဟု ရန်ကုန်မြို့တော် စည်ပင်သာယာရေး
ကော်မတီ၊ မြို့ပြစီမံကိန်း ရေးဆွဲရေးဌာန ဒုတိယဌာနမှူး ဦးတိုးအောင် က ပြောသည်။ "ဒဂုံစီးတီးစီမံကိန်းကို မြေနေရာအစားထိုးပြန်ပေးတဲ့အပေါ် ကျွန်တော်တို့ဘက်က
ဘာမှကန့်ကွက်စရာမရှိပါဘူး။ ပြန်ပေးထား တဲ့ ရန်ကင်းကနေရာလည်း Dagon City 1
စီမံကိန်းလို စီမံကိန်းမျိုးဆောက်မယ်ဆို ဆောက်လို့ရတဲ့ နေရာပါ။ အဲဒီနေရာတွေက
အထပ်မြင့်ဆောက်မယ်ဆိုလည်း ဆောက်လုပ်လို့ ရပါတယ်" ဟု ၎င်းက ပြောသည်။
ရွှေတိဂုံဘုရားအနီးမှ ဆောက်လုပ်ရေး စီမံကိန်းများကို အပြီးသတ်ဆိုင်းငံ့ရန် ပထမ အကြိမ်ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်အစည်းအဝေးတွင် အဆိုတင်သွင်းခဲ့သည့် တိုင်းဒေသကြီးလွှတ်တော်အမတ်ဟောင်း ဒေါ်ညိုညိုသင်းက အစိုးရက မြေငှားရမ်းခဲ့ပြီး
ရပ်ဆိုင်းခဲ့ရသည့်စီမံကိန်းအတွက် အစိုးရက ၎င်းပိုင်ဆိုင်သည့် မြေကို ပြန်လည်အစားထိုး
ပေးခြင်းကို ကန့်ကွက်မှုမရှိကြောင်းနှင့် ပြန်လည် အစားထိုးပေးသည့်မြေနေရာသည်လည်း
ယခင်ကဲ့သို့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိစေသည့် မြေနေရာဖြစ်စေလိုကြောင်း
ပြောသည်။
"အစိုးရက သူပိုင်တဲ့မြေကို သူအစားထိုး ပြန်ပေးတာ ကျွန်မတို့က ကန့်ကွက်စရာမရှိပါ ဘူး။ အဓိကကတော့ ပြန်အစားထိုးပေးတဲ့ နေရာက သဘာဝပတ်ဝန်းကျင်ကို မထိခိုက် ဘူးဆိုရင်
ဘာမှပြောစရာမရှိပါဘူး။ ရန်ကင်း လိုနေရာကတော့ ဘုရားနဲ့လည်းဝေးတယ်၊ စီမံကိန်းတွေ
လုပ်လို့ရတဲ့ အနေအထားတော့ ရှိပါတယ်" ဟု ၎င်းကပြောသည်။
ရွှေတိဂုံဘုရားမှ ရပ်ဆိုင်းခံခဲ့ရသည့် ဆောက်လုပ်ရေးစီမံကိန်းများအနက် Marga Landmark
ကုမ္ပဏီ၏ Dagon City 1 နှင့် သုခ ရတနာကုမ္ပဏီ၏ Dagon City 2 စီမံကိန်းတို့ မှာ အထင်ရှား
ဆုံးဖြစ်ပြီး၊ အခြားစီမံကိန်းများ မှာ ရွှေတောင်အုပ်စု၊ Adventure Myanmar Tours နှင့် Incentives
ကုမ္ပဏီတို့က ဆောင် ရွက်ခဲ့ခြင်းဖြစ်သည်။















