လက်ရှိ ဘဏ္ဍာနှစ်အကုန်တွင် အိမ်ခန်းပေါင်း ၄,၀၀၀ ကျော် ပေါ်ထွက်လာမည်

လက်ရှိ ဘဏ္ဍာနှစ်အကုန်တွင် အိမ်ခန်းပေါင်း ၄,၀၀၀ ကျော် ပေါ်ထွက်လာမည်

ဘဏ္ဍာရေးဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တိုင်းနှင့်ပြည်နယ်များတွင် အငှားအိမ်ရာများ
တည်ဆောက်ရန် အသုံးစရိတ်ငွေကျပ် ၄၆ ဘီလျံကို သက်ဆိုင်ရာအစိုးရအဖွဲ့များသို့
ချထားပေးခဲ့ပြီး လက်ရှိအကောင်အထည်ဖော်တည်ဆောက်လျက်ရှိရာ ၂၀၁၅ - ၁၆
ဘဏ္ဍာနှစ် အကုန်တွင် အဆောက်အအုံအလုံးရေ ၁၃၂ လုံး မှ အိမ်ခန်းပေါင်း ၄,၀၀၀ ကျော်
ပေါ်ထွက်လာမည်ဟု မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးယုခိုင်က
ပြောသည်။

"ဘဏ္ဍာရေးဝန်ကြီးဌာနက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အငှားအိမ်ရာတွေဆောက်ဖို့အတွက်
၄၆ ဘီလျံချပေးခဲ့တာ။ တိုင်းနဲ့ပြည် နယ်ကအစိုးရတွေက အဲဒီဘတ်ဂျက်ကို ခွဲဝေ ယူပြီး
အငှားအိမ်ရာတွေဆောက်မယ်။ အခန်း ပေါင်း ၄,၀၀၀ ကျော်လောက်ထွက်လာမယ်လို့
မှန်းပါတယ်။ ရေ၊ မီးအပြည့်အစုံပါတဲ့ အခန်း တစ်ခန်းကို တစ်လ သုံးသောင်းနဲ့ ငှားသွား
မယ်။ အဲဒီအိမ်ရာတွေအကုန်လုံးကို မတ်လ ကုန်အပြီး တည်ဆောက်သွားမယ်" ဟု ၎င်းက
ပြောသည်။ အငှားအိမ်ရာများ တည်ဆောက်သွား မည့် တိုင်းနှင့်ပြည်နယ်အသီးသီးရှိမြို့များ
အနက် ရန်ကုန်မြို့နှင့် မန္တလေးမြို့များ၏ သုံးစွဲ မှုငွေပမာဏမှာ အများဆုံးဖြစ်ကာ ရန်ကုန်
မြို့အတွက် ငွေကျပ် နှစ်ဘီလျံသုံးစွဲပြီး အခန်း ပေါင်း ၁,၂၀၀ ကျော်ပေါ်ထွက်မည်ဖြစ်ကာ
မန္တလေးမြို့အတွက် ငွေကျပ် တစ်ဘီလျံ သုံးစွဲပြီး အခန်းပေါင်း ၁,၀၀၀ ကျော် ပေါ်ထွက်လာ
မည်ဖြစ်သည်။

ဘဏ္ဍာရေးဝန်ကြီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တည်ဆောက်လျက်ရှိသည့် အထက်ပါအငှား အိမ်ရာ
စီမံကိန်းများအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများက တိုက်ရိုက်ကိုင်တွယ်
တည်ဆောက်လျက်ရှိသည့် အငှားအိမ်ရာများနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနက
တည်ဆောက်လျက်ရှိသည့် တန်ဖိုးနည်းအိမ်ရာ၊ တန်ဖိုးမျှတအိမ်ရာများလည်း ရှိနေရာ
လက်ရှိ ဘဏ္ဍာနှစ်အကုန်တွင် နိုင်ငံနှင့်တစ်ဝန်းတွင် လူနေအိမ်ခန်းအမြောက်အမြား
ပေါ်ထွက်လာမည်ဖြစ်ရာ အခန်းလိုအပ်ချက်များကို ဖြည့်တင်းသွားနိုင်မည်ဖြစ်ကြောင်း
ဦးယုခိုင်က ပြောသည်။

"ဆောက်လုပ်ရေးဝန်ကြီးဌာနကလည်း ဒီနှစ်ဘတ်ဂျက်ထဲမှာ အပြီးဆောက်နေတဲ့ အိမ်ရာ
စီမံကိန်းတွေက ရှိနေပါတယ်။ အခု တိုင်းဒေသကြီးကိုချပေးတဲ့ အငှားအိမ်ရာကလည်း
ဒီဘတ်ဂျက်အမီ အပြီးဆောက်မှာဆို တော့ စာရင်းပိတ်တဲ့အချိန်ကျရင် အိမ်ခန်းတွေ
သောင်းနဲ့ချီထွက်လာတော့မှာပါ။ အဲဒါ ကြောင့် နောက်ဘတ်ဂျက်မှာ အိမ်ရာ လိုအပ်
ချက်က အနည်းနဲ့အများတော့ ဖြည့်ဆည်းပေး နိုင်သွားပါလိမ့်မယ်" ဟု ၎င်းက ပြောသည်။
ယခုကဲ့သို့ အိမ်ခန်းများကို နှစ်စဉ်ပိုမိုထွက် ပေါ်လာနိုင်ရန် အစိုးရအဖွဲ့အစည်းနှင့်သက်ဆိုင်ရာ
၀န်ကြီးဌာနများက ဆောင်ရွက် လျက်ရှိသော်လည်း နေထိုင်မှု မြင့်မားသည့် ရန်ကုန်မြို့အတွက်မူ အခန်းလိုအပ်ချက်မှာ ဖြည့်ဆည်းပေးနိုင်သည့်အတိုင်းအတာထက် ပင် လိုအပ်နေဆဲ ဖြစ်သည်။
ထို့ပြင် ရန်ကုန်မြို့ ကျူးကျော်နေထိုင်သူတွင် အများအပြားရှိနေသည့်အတွက် ကျူးကျော် နေထိုင်သူအားလုံးအတွက် နေရာလိုအပ်ချက်ကို ဖြည့်ဆည်းရန်မှာ လက်ရှိဘတ်ဂျက်
သုံးစွဲနိုင်မှုဖြင့် လတ်တလောဆောင်ရွက်ရန် အဆင်မပြေသေးသော်လည်း နောက်ပိုင်းတွင်
အငှားအိမ်ရာများ တည်ဆောက်ပေး သွားရန် အစီအစဉ်ရှိကြောင်း ဦးယုခိုင်က ပြောသည်။

"ကျွန်တော်တို့ ၀န်ကြီးဌာနဘက်က လုပ်ကိုင်ဆောင်ရွက်ရတာကလည်း ဘတ်ဂျက်
အနေအထားနဲ့ လုပ်ကိုင်ဆောင်ရွက်နေရ တော့ အားလုံးကို ဖြည့်ဆည်းဖို့ကလည်း
အဆင် မပြေဘူး။ ဒါပေမဲ့ ဟိုတလောက ဖယ်ရှားလိုက် တဲ့ ဒဂုံဆိပ်ကမ်းက ကျူးကျော်တွေ
အတွက် ၀န်ကြီးဌာနက နေရာပြန်စီစဉ်ပေးဖို့ အစီအစဉ် ရှိပါတယ်။ အဲဒီ ဒဂုံဆိပ်ကမ်း
ယုဇနဝန်းကျင် နားမှာပဲ ၁၀ ပေ၊ ပေ၂၀ အကျယ်ရှိတဲ့ အခန်း တွေဆောက်ပြီး အငှားချသွားဖို့
အစီအစဉ်ရှိပါတယ်" ဟု ၎င်းက ပြောသည်။ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ရန်ကုန်မြို့တွင်
ကျူးကျော်နေထိုင်သူများ ကိုတန်ဖိုးသင့်တင့်ဖြင့် ငှားရမ်းနေထိုင်နိုင် မည့် အငှားအိမ်ရာများေ
ဆာက်လုပ်ပေးရန် စီစဉ် ပေးသော်လည်း မြေနေရာရှာဖွေမှုအခက်အခဲရှိကြောင်း သိရသည်။
"ဌာနက ကျူးတွေကိုမေးတယ်။ သူတို့က အငှားအိမ်ရာလောက်ပဲ ငှားနေနိုင်ကြတယ်။ အဲဒါကြောင့် ကျူးတွေကို နေရာထားပေးဖို့ နေရာရှာတိုင်း အဲဒီနေရာတွေမှာ ကျူးတွေ ကရှိနေပြန်ရော။
နေရာလွတ်မှန်သမျှမှာ ကျူးတွေကရှိနေတော့ ဌာနက မြေနေရာရဖို့ တောင် တော်တော်
ခက်နေတယ်။ ပြီးတော့ ကျူးဆိုတာ တကယ် နေစရာမရှိတဲ့သူရှိသလို စီးပွားရေးအရ လုပ်စားတဲ့သူတွေလည်းရှိ တော့ ပေါ်လာတဲ့ကျူးတိုင်းကို နေရာပေးဖို့ ဆိုတာလည်း
အဆင်မပြေဘူး" ဟု ဦးယုခိုင်က ပြောသည်။

သို့သော် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီး ဌာန၏ စီစဉ်မှုဖြင့် ဒဂုံမြို့သစ်တောင်ပိုင်းတွင်
တည်ဆောက်လျက်ရှိသည့် မဟာဗန္ဓုလအငှား အိမ်ရာစီမံကိန်းတွင် ဒဂုံဆိပ်ကမ်းမြို့နယ်မှ
ဖယ်ရှားလိုက်သည့် ကျူးကျော်များကို ပြန်လည်နေရာချထားပေးမည်မဟုတ် သော်လည်း
အဆိုပါစီမံကိန်းနေရာက ကျူးကျော်များအတွက် ငှားရမ်းနေထိုင်လိုပါ က အခန်းငှား ပေးသွား
မည်ဖြစ်ကြောင်း ဦးယု ခိုင်က ပြောကြားသည်။

"မဟာဗန္ဓုလအငှားအိမ်ရာမှာ ဒဂုံဆိပ် ကမ်းကကျူးတွေကိုတော့ နေရာချပေးဖို့ အစီ အစဉ်
မရှိပါဘူး။ ဒါပေမဲ့ အဲဒီစီမံကိန်းဆောက် တုန်းက ဖယ်ရှားခဲ့တဲ့ အဲဒီနေရာက ကျူးကျော်
တွေအတွက် အခန်း ၄၈ ခန်းသီးသန့်ဖယ်ထား ပေးတယ်။ ကျွန်တော်တို့က အလကားတော့
ပြန်မပေးပါဘူး။ ဒါပေမဲ့ သူတို့ငှားနေမယ် ဆိုရင် တခြားသူတွေလို မဲနှိုက်ပြီး အခန်း
စောင့်စရာမလိုဘူး၊ သူတို့အတွက် သီးသန့် အခန်းပေးမှာပါ။ သူတို့ကလည်း ငှားနေနိုင်
တဲ့အနေအထားရှိကြပါတယ်" ဟု မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနညွှန်ကြားရေးမှူးမှ
ဦးယုခိုင်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်