ယုဇနဥယျာဉ်မြို့အနီး အခန်း ၂,၅၀၀ အငှား အိမ်ရာစီမံကိန်း အကောင်အထည်ဖော်မည်

ယုဇနဥယျာဉ်မြို့အနီး အခန်း ၂,၅၀၀ အငှား အိမ်ရာစီမံကိန်း အကောင်အထည်ဖော်မည်

ဒဂုံမြို့သစ်ဆိပ်ကမ်းမြို့နယ်၊ ယုဇနဥယျာဉ် မြို့တော်အိမ်ရာအနီးရှိ နိုင်ငံပိုင်မြေကွက်ပေါ်တွင်
အခန်းပေါင်း ၂,၅၀၀ ကျော်ထွက်ရှိ မည့် အငှားအိမ်ရာစီမံကိန်းသစ်တစ်ခုကို ထပ်မံဆောက်
လုပ်ရန် မြေနေရာတိုင်းတာခြင်း လုပ်ငန်းများ လုပ်ဆောင်လျက်ရှိပြီး အမြန်ဆုံး အကောင်
အထည်ဖော် ဆောက် လုပ်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာန မြို့ပြနှင့်
အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန(ရန်ကုန်တိုင်းဒေသကြီး) ညွှန်ကြားရေးမှူး ဦးယုခိုင်က ပြောသည်။

"ဒဂုံဆိပ်ကမ်းမြို့နယ်အထဲက ယုဇန ဥယျာဉ်မြို့တော်အနီးတစ်ဝိုက်လောက်တော့ ဖြစ်လိမ့်မယ်။
အခုမှ မြေပြင်တိုင်းတာ စစ်ဆေးတဲ့ အလုပ်ကို စလုပ်နေတာဖြစ်ပါ တယ်။ တန်ဖိုးနည်းမလုပ်ပါ
ဘူး။ အငှားပဲ လုပ်မှာပါ။ အငှားမှလည်း သက်သောင့် သက်သာနဲ့ အမှန်တကယ် နေစရာမရှိတဲ့
လူ တွေ တက်နေနိုင်မှာဖြစ်ပါတယ်။ တစ်လကို ငှားခဈေးချိုချိုနဲ့ ပေးနေရတဲ့ စနစ်နဲ့ ဆောက်လုပ်
သွားမှာပါ။ မြေကြီးကလည်း နဂိုကတည်းက အဆင်သင့်ရှိပြီးသားပါ။အမြန်ဆုံး လုပ်သွားဖို့ ရှိပါ
တယ်။ ဒဂုံတောင် မှာ ဆောက်နေတဲ့ မဟာဗန္ဓုလ ထက် အခန်း နှစ်ဆကျော်ထွက်မှာဆိုတော့
အခန်း ၂,၅၀၀ လောက်တော့ ဖြစ်နိုင်တယ်" ဟု ၎င်းက ပြောသည်။ ယုဇနဥယျာဉ်မြို့တော်အိမ်ရာ
အနီး တည်ဆောက်အကောင်အထည်ဖော်မည့် အငှားအိမ်ရာစီမံကိန်းသစ်တွင် ၁၀ ပေ အကျယ်၊
အရှည်ပေ ၂၀ (စုစုပေါင်း စတုရန်း ပေ ၂၀၀) ကျယ်ဝန်းမည့် အခန်းများပါ၀င် မည်ဖြစ်ပြီး
ရေချိုးခန်းနှင့် အိမ်သာများပါ ထည့်သွင်းတည်ဆောက်မည့် လေးထပ် အဆောက်အအုံများကို
တည်ဆောက်သွား မည်ဖြစ်သည်။ အဆိုပါစီမံကိန်းမှာ ရန်ကုန်တိုင်းဒေသ ကြီးအတွင်း
ဆောက်လုပ်မည့် တတိယ မြောက် အငှားအိမ်ရာစီမံကိန်းဖြစ်ပြီ အခန်း အရေအတွက်
အများဆုံးထွက်ရှိမည့် စီမံကိန်းလည်း ဖြစ်သည်။

ပထမအငှား အိမ်ရာစီမံကိန်းကို မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာန၏ တိုက်ရိုက်ကြီးကြပ်
ကွပ်ကဲမှုဖြင့် ဒဂုံဆိပ်ကမ်းမြို့နယ် အမှတ် (၁၆၈) ရပ်ကွက် တွင် တည်ဆောက်နေပြီး
ထွက်ရှိလာသည့် အခန်းပေါင်း ၉၀ ကို ယင်းရပ်ကွက်ပတ်ဝန်းကျင် ရှိ ကျူးကျော်နေထိုင်
သူများကို နေရာပြန်လည် ချထားပေးရန် ရည်ရွယ်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။
ဒုတိယဖြစ်သည့် မဟာဗန္ဓုလ အငှားအိမ်ရာစီမံကိန်းနှင့် ယခုအငှားအိမ်ရာ စီမံကိန်းကိုမူ
ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် အငှားအိမ်ရာ လျှောက်ထား
သူများကိုသာ နေရာချထားပေးမည့် စီမံကိန်းကြီးနှစ်ခု ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ကြီးကြပ်ကွပ်ကဲမှုဖြင့် မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာနက
ရေးဆွဲထားသည့် Master plan နှင့်အညီ (ဒဂုံမြို့သစ်တောင်ပိုင်း)မြို့နယ် ရန်ကုန်ျွမန္တလေး
အမှတ် (၂) လမ်းမကြီးပေါ် တွင် စတုရန်း ၅၆၉ ပေ ကျယ်ဝန်းသည့် အခန်းပေါင်း ၁,၂၀၀
ပါ၀င်သည့် မဟာဗန္ဓုလ အငှားအိမ်ရာ စီမံကိန်းကို တည်ဆောက်လျက် ရှိပြီး အခန်းငှားခမှာ
တစ်လ ကျပ်သုံးသောင်း နှုန်းဖြစ်ပြီး ငှားရမ်းနေထိုင်လိုသူများ အနေဖြင့် ဖေဖော်ဝါရီ ၁ ရက်မှ
၁၅ ရက် အထိ သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ် ရေး ဦးစီးဌာနရုံးများတွင် လျှောက်ထား
နိုင်ကြောင်း နိုင်ငံပိုင်သတင်းစာများမှ တစ်ဆင့်ကြေညာခဲ့သည်။

မဟာဗန္ဓုလအငှားအိမ်ရာ စီမံကိန်း အိမ်ခန်းငှားရမ်းနေထိုင်ရန် လျှောက်လွှာ တင်သူပေါင်း
သောင်းနှင့်ချီ ရှိခဲ့ပြီး အငှား အိမ်ရာ လျှောက်ထားသူများ များပြားလွန်း သည့်အတွက်
ယခုကဲ့သို့ ဒဂုံမြို့သစ်ဆိပ်ကမ်း မြို့နယ်အတွင်း အငှားအိမ်ရာ စီမံကိန်းသစ်များကို
ထပ်မံဆောက်လုပ်ရန် စီစဉ်နေခြင်း ဖြစ်ပြီး အိမ်ရာနေရာချထားမှုနှင့် အခန်းခ
နှုန်းထားများကိုမူ ယခင်အိမ်ရာစီမံကိန်း များနည်းတူ ရန်ကုန်တိုင်းဒေသကြီး အစိုးရ
အဖွဲ့အစီအစဉ်ဖြင့်သာ ဆက်လက်ဆောင် ရွက်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံ၏
စီးပွားရေးမြို့တော် ရန်ကုန်တွင် အိမ်ရာလိုအပ်ချက်များပြား နေဆဲဖြစ်သည့်အတွက်
အငှားအိမ်ရာများ ကို ဆက်လက်ဆောက်လုပ်သွားရန် ရည်ရွယ်ထားကြောင်း ဦးယုခိုင်က
ပြောသည်။

အငှားအိမ်ရာ နေရာချထားပေးမှုမှာ တန်ဖိုးနည်အိမ်ရာစီမံကိန်းများနှင့်တူညီမှု မရှိဘဲ
လစဉ်အိမ်ငှားရမ်းခကို သတ်မှတ် နှုန်းထားအတိုင်း ပေးသွင်းရုံမျှဖြင့် အသင့် နေထိုင်နိုင်
သည့်အတွက် ရန်ကုန်လူထုအတွင်း စိတ်ဝင်စားမှုများပြားသည့် စီမံကိန်း တစ်ခုဖြစ်သလို
နေထိုင်လိုသူများပြားသည့် စီမံကိန်းတစ်ခုလည်း ဖြစ်သည်။ အငှားအိမ်ရာ တွင် နေရာချ
ထားရာတွင်လည်း နိုင်ငံ့ဝန်ထမ်း များနှင့် ပြည်သူများအားလုံးကို ခွဲခြားမှုမရှိဘဲ
မဲနှိုက်ရောင်းချပေးသွားမည်ဟု ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သစ်တောနှင့်
စွမ်းအင်ဝန်ကြီး ဦးကျော်စိုးက ပြောသည်။

အငှားအိမ်ရာများကို လျှောက်ထားသူ အထူးများပြားပြီး မဲပေါက်ထားသူများက ကိုယ်တိုင်
လာရောက်နေထိုင်ခြင်းမရှိဘဲ တစ်ဆင့် ပြန်လည်ငှားရမ်းခြင်း၊ တရားမဝင်ရောင်းဝယ်ခြင်း
များကို စိစစ်တွေ့ရှိပါက လည်း ၁၉၅၅ ခုနှစ် အစိုးရအိမ်ဥပစာနှင်ထုတ် ခြင်းဥပဒေအရ
အရေးယူသွားမည်ဖြစ်သည့် အပြင် အငှားချထားခံရသည့် နေအိမ်ခန်းမှ လည်း ဖယ်ရှား
သွားမည်ဖြစ်သည်။ "နေစရာ အိမ်မရှိလို့ အိမ်ငှားနေရတာ ကြာပါပြီ။ ခြောက်လ
တစ်ကြိမ်လောက် အိမ် လခတိုး တောင်းလို့ တော်တော်ဒုက္ခရောက်တယ်။ အခန်းရမယ်လို့
မျှော်လင့်မထားပေ မယ့် ရလိုရငြား ဗန္ဓုလကိုလည်း လျှောက်ထား ပြီးပါပြီ။ အခုဒဂုံဆိပ်ကမ်းမှာ
အငှားအိမ်ရာ သစ် ဆောက်မယ်ဆိုတော့ နည်းနည်းတော့ ပိုမျှော်လင့်လို့ရတာပေါ့" ဟု
ဒဂုံမြို့သစ် တောင်ပိုင်း (၅၄) ရပ်ကွက်တွင် နေထိုင်သူ မနီလာသိန်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်