ထားဝယ်အိမ်ခြံမြေဈေးကွက်တွင် ပိုင်ဆိုင်မှု အာမခံချက်ရှိရန် လိုအပ်နေ

ထားဝယ်အိမ်ခြံမြေဈေးကွက်တွင် ပိုင်ဆိုင်မှု အာမခံချက်ရှိရန် လိုအပ်နေ

တနင်္သာရီတိုင်းဒေသကြီးမြို့တော် ထားဝယ်တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဗဟိုချုပ်
ကိုင်မှုများကြောင့် အိမ်ခြံမြေဈေးကွက်ဖွံ့ဖြိုးမှုမရှိဘဲ အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူများ အနေဖြင့်
လည်း မြေပိုင်ဆိုင်မှုအာမခံချက် အပြည့်အဝမရှိသည့်အတွက် အိမ်ခြံမြေအရောင်း အဝယ်ပြုရာ၌
စွန့်စားလုပ်ဆောင်နေရသည်။

ထားဝယ်မြို့တွင် အိမ်ခြံမြေကဏ္ဍအရောင်း အဝယ်ပြုလုပ်သူများကို တိုင်းဒေသကြီးအစိုးရ
အဖွဲ့က ထောက်ခံချက်သာပေးနိုင်ပြီး၊ မြေပိုင် ဆိုင်မှုလျှောက်ထားရာတွင် နေပြည်တော်သို့သာ
တိုက်ရိုက်လျှောက်ထားနေရသည်ဟု လည်း သိရသည်။ "နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမယ့်သူတွေက
စိတ်ဝင်စားမှုရှိတယ်။ လာလေ့လာတယ်။ ဒါပေမဲ့ ဗဟိုချုပ်ကိုင်မှုများပြီး နေပြည်တော်ချည်း
လွှတ်နေတော့ အရောင်းအဝယ်က ဖြစ်မလာဘူး။ လက်ရှိမှာ ကချင်တို့ ရှမ်းပြည်တို့ ဘက်က
လူတွေက သူတို့ဒေသက စစ်ရှောင် ပြီး နယ်စပ်မြို့ဖြစ်တဲ့ ထားဝယ်မှာ တစ်နိုင်တစ်ပိုင်စီးပွားရေး
လုပ်ဖို့ ၀ယ်တာမျိုးတော့ ရှိတယ်" ဟု မြန်မာနိုင်ငံ အိမ်ခြံမြေအသင်း (တနသာင်္ရီတိုင်းဒေသကြီး )
ဥက္ကဋ္ဌ ဦးစွမ်ရှိန်က ပြောသည်။

၂၀၁၄ ခုနှစ်မတိုင်မီနှစ်များက ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းကြောင့် အိမ်ခြံ မြေဈေးကွက်
လှုပ်လှုပ်ရှားရှားရှိခဲ့သော်လည်း ၂၀၁၄ ခုနှစ်၊ နောက်ပိုင်းတွင် အရောင်းအဝယ် မရှိ
သလောက်ဖြစ်ခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်တွင်လည်း ထားဝယ်မြို့၌ အိမ်ခြံမြေ အရောင်းအဝယ် အနည်းငယ်ဖြစ်ခဲ့ပြီး၊
၂၀၁၆ ခုနှစ်သည်လည်း ခန့်မှန်းရခက်နေသည်။ "ထားဝယ်မြို့ပေါ်မှာကတော့ အိမ်ခြံမြေ
အရောင်းအဝယ် သိပ်မရှိဘူး။ အရမ်းချမ်းသာ တဲ့ သူတွေတောင် ကျပ်သိန်း ၂,၀၀၀ လောက်ဆို
မဝယ်နိုင်တော့ဘူး။ ကျပ်သိန်း ၅၀၀ အောက် တွေပဲ အရောင်းအဝယ် ဖြစ်တယ်။ တကယ့်
အချက်အချာ နေရာမှာ ပေ ၄၀၊ ပေ ၁၀၀ ကို ကျပ်သိန်းပေါင်း ၁၀,၀၀၀ လောက်ရှိပြီးတော့
အရှည်က ပေ ၁၀၀ ထက်လျော့ရင် ကျပ်သိန်း ၅,၀၀၀ လောက်ရှိတယ်။ ဒါတွေကိုလည်း မြို့ခံတွေ
ထက် ရန်ကုန်နဲ့ တခြားဒေသတွေက လာပြီး ရင်းနှီးမြှုပ်နှံတာ ပိုများတယ်" ဟု ဦးစွမ်ရှိန်က
ပြောသည်။

ထားဝယ်မြို့ရှိ အိမ်ခြံမြေများမှာများ သောအားဖြင့် ဘိုးဘွားပိုင်မြေများဖြစ်ပြီး ဈေးနှုန်းမြင့်မားသည့်
အတွက် အခွန်ပေးဆောင်ရန် မတတ်နိုင်သောကြောင့် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းများမှ
တစ်ဆင့် ရောင်း ၀ယ်ခြင်း မရှိသလောက်နည်းပါးကာ အရပ်ထဲ တွင်သာ အရောင်းအဝယ်ပြု
လုပ်သည့်အတွက် အာမခံချက်အပြည့်အဝမရှိကြောင်း လည်း သိရသည်။ "၂၀၁၄ ခုနှစ်
အရှေ့ပိုင်းနှစ်တွေက မြေဝယ် ကြတယ်။ ပြီးရင် ဆုံးကြတာရှိတယ်။ ထားဝယ် ဒေသရဲ့ ထုံးစံက
အိမ်ရောင်းမယ်လို့ကြေညာ ပြီး မရောင်းဘူး။ အိမ်ခြံမြေ အကျိုးဆောင်ကိုလည်း မအပ်ကြဘူး။
ကြိတ်ပြီးရောင်းတယ်။ ၀ယ်တဲ့သူကလည်း ၀ယ်တယ်။ ဒါပေမဲ့ ဒီနေရာက တစ်ချိန်မှာ
ဘာဖြစ်မယ်လို့ အာမခံ ချက်မရှိဘူး" ဟု ဦးစွမ်ရှိန်က ပြောသည်။

ထားဝယ်မြို့ အိမ်ခြံမြေဈေးကွက်သည် တခြားဒေသများကဲ့သို့ ကြိုက်ရောင်းကြိုက်ဝယ်အဖြစ်များဟု
သိရသည်။ ငွေကြေးဖောင်းပွ မှုပေါ်မူတည်ကာ ဈေးကွက်လိုအပ်ချက် နည်းနေသည့်အပြင်
ငှားရမ်းခလည်း ဈေးကြီး သည့်အတွက် ထားဝယ်မြို့၏ အိမ်ငှားဈေးကွက် မှာလည်း
ဈေးကွက်မဖြစ်သလောက်ရှိသည် ဟု တာဝန်ရှိသူများက ပြောကြသည်။

"အိမ်ငှားဈေးကွက်က တကယ့် အချက်အချာလမ်းမှာ တစ်ထပ်တိုက်၊ မျက်နှာစာ ပေ ၂၀
လောက်ဆိုရင် ငှားခ ကျပ်ငါးသိန်းလောက် ရှိတယ်။ နှစ်ထပ်တိုက် ပေ ၅၀ လောက်ဆိုရင်
ကျပ် သိန်း ၂၀ လောက်အထိရှိတယ်။ အခုဒီမှာ လိုအပ်နေတာက တန်ဖိုးသင့် တန်ဖိုးလတ်
အိမ်ရာတွေကို မြေပိုင်ရှင်တွေနဲ့ညှိပြီး အကောင်အထည်ဖော်မယ်ဆိုရင် အဲဒီဈေး ကွက်ကတော့
ကောင်းလာနိုင်တဲ့ အနေအထား ရှိတယ်" ဟု ထားဝယ်မြို့မှ အိမ်ခြံမြေ ရောင်းဝယ်ရေးနှင့်
အထွေထွေ အကျိုးဆောင်လုပ်ငန်း မှ ပိုင်ရှင်တစ်ဦးဖြစ်သူ ဦးစိုးသိန်းက ပြောသည်။ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းပေါ်ပေါက်လာပြီးနောက်ပိုင်း ထားဝယ်မြို့ နှင့်
တစ်မိုင်ခန့်အကွာတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့က မြို့သစ်စီမံကိန်းအကောင် အထည်ဖော်ခဲ့ရာ
လက်ရှိတွင် ကျပ်သိန်း ၁၀၀ မှ ၂၀၀ တန်ဖိုးရှိ မြေကွက်များ အရောင်းအဝယ် ဖြစ်လျက်ရှိသည်
ဟုလည်း သိရသည်။

"မြို့ပေါ်မှာက အိမ်ငှားခဈေး ကြီးတော့ မြို့သစ်ဘက်မှာ သက်သက်သာသာနဲ့ သွားငှားကြတယ်။
ဒါပေမဲ့ အဲဒီမှာက ဘာအခြေခံ အဆောက်အအုံမှ မရှိသေးတဲ့အပြင် ရေရဖို့ တောင်
မသေချာတဲ့ အနေအထားဖြစ်တယ်။ အရောင်းအဝယ်ကလည်း ကျပ်သိန်းနှစ်ရာလောက်ထိပဲ
ဖြစ်တယ်" ဟု ဦးစိုးသိန်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်