ဆောက်လုပ်ရေးအပြင် အခြားကဏ္ဍများတွင်လည်း အင်ဂျင်နီယာကောင်စီ အသိအမှတ်ပြု ကျွမ်းကျင်လက်မှတ်ရ အင်ဂျင်နီယာများ ခန့်ထားသင့်

ဆောက်လုပ်ရေးအပြင် အခြားကဏ္ဍများတွင်လည်း အင်ဂျင်နီယာကောင်စီ အသိအမှတ်ပြု ကျွမ်းကျင်လက်မှတ်ရ အင်ဂျင်နီယာများ ခန့်ထားသင့်

မြန်မာနိုင်ငံနှင့် အာဆီယံနိုင်ငံများတွင် အဆောက်အအုံဆောက်လုပ်ရေးကဏ္ဍနှင့်
သတ္တုတူးဖော်ရှာဖွေရေး၊ စက်ရုံ၊ ဓာတုပစ္စည်းများ ထုတ်လုပ်ရေး၊ စက်မှုလုပ်ငန်းများ၊ ရေနံတူးဖော်ရေးနှင့် ဆေးဆိုးပန်းရိုက်လုပ်ငန်းများတွင်
ပီအီးခေါ်ကျွမ်းကျင်အင်ဂျင်နီယာ (Professional Engineer) ကို အသုံးပြုသင့်ကြောင်း
တာဝန်ရှိသူများက ပြောကြားသည်။

မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ ထုတ်ပေးသည့် မှတ်ပုံတင်လက်မှတ်မရှိဘဲ
အင်ဂျင်နီယာလုပ်ငန်းများလုပ်ကိုင်ပါက အရေးယူနိုင်သည်ဆိုသည်ဟူသော
မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ သတင်းထုတ် ပြန်မှုသည် အင်ဂျင်နီယာလောကအပေါ်
များစွာ ဂယက်ရိုက်ခတ်ခဲ့သည်။ အင်ဂျင်နီယာ များအများစုက အင်ဂျင်နီယာကောင်စီမှ
ထုတ်ပေးသည့် လက်မှတ်ကိုင်ဆောင်ထား ခြင်းမရှိဘဲ လုပ်ငန်းခွင်များတွင် ရောက်ရှိနေ
ခြင်းကြောင့် အရေးယူခံရနိုင်သည့်အခြေအနေများအပေါ် စိုးရိမ်မှုများလည်း ဖြစ်ပေါ်နေ
သည်။

ယင်းကဲ့သို့ အင်ဂျင်နီယာကောင်စီကထုတ် ပေးသည့် မှတ်ပုံတင်လက်မှတ်ကိုင်ဆောင်ရမည်
ဆိုသည့်အချက်သည် ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ တွင် ပြည်ထောင်စုလွှတ်တော်မှ ပြဋ္ဌာန်းလိုက်
သည့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ ဥပဒေအရဖြစ်ပြီး ယင်းဥပဒေမရှိခင်က အင်ဂျင်
နီယာများမှာ ဘွဲ့လက်မှတ်ဖြင့်သာ လုပ်ငန်းခွင် သို့ ၀င်ရောက်ကြသည်။ ဥပဒေပေါ်ထွက်ခဲ့ပြီး
နှစ်နှစ်ကျော်ကာလအတွင်းလည်း အင်ဂျင် နီယာကောင်စီတွင် မှတ်ပုံတင်ခဲ့သည့် အင်ဂျင်
နီယာများမှာ တစ်နိုင်ငံလုံးအတိုင်းအတာ ဖြင့် ယှဉ်ပါက အနည်းငယ်သာရှိခဲ့ပြီး အများစု
မှာလည်း မှတ်ပုံတင်ကာ လက်မှတ်ကိုင်ဆောင်ရန်အတွက် စိတ်ပါ၀င်စားမှုမရှိခဲ့ပေ။ မြန်မာနိုင်ငံ
အင်ဂျင်နီယာကောင်စီ၏ ဥက္ကဋ္ဌဖြစ်သူ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမြင့်က
တက္ကသိုလ်မှ ပေးသောဘွဲ့သည် Academic degree သာ ဖြစ်ပြီး Professional license
မဟုတ်ကြောင်း၊ Professional license ရမှသာ Professional Engineer ဖြစ်မှာ ဖြစ်ကြောင်း
ဇန်နဝါရီ လကုန်ပိုင်းတွင် ကျင်းပခဲ့သော YTU Accreditation ပွဲတွင် ပြောကြားသည်။
"ဆေးတက္ကသိုလ်က MBBS ဘွဲ့ရရုံနဲ့ ဆေးကုသခွင့်မရပါဘူး။ မြန်မာနိုင်ငံဆေးကောင်စီက ဆရာဝန်မှတ်ပုံတင်လက်မှတ်ထုတ် ပေးမှ ဆေးကုသခွင့်ရှိပါတယ်။ LL.B ဘွဲ့ရတာ နဲ့
ရှေ့နေလိုက်လို့ မရပါဘူး။ ငါးနှစ်လုပ်သက်ရှိ တဲ့တရားရုံးရှေ့နေတစ်ယောက် လက်အောက်မှာ
အလုပ်သင်တစ်နှစ်လုပ်မှ အထက်တန်းရှေ့နေလိုင်စင်ရမှာ ဖြစ်ပါတယ်။ အခုအင်ဂျင်နီယာလည်း
ဒီလိုပါပဲ။ အင်ဂျင်နီယာဘွဲ့ရသူတစ်ယောက်က ပီအီးရထားတဲ့ ၀ါရင့်အင်ဂျင် နီယာတစ်ယောက်ရဲ့
လက်အောက်မှာ လေးနှစ် အလုပ်လုပ်မှ အာရ်အီး(Registered Engineer) ဖြစ်မှာပါ။ အာရ်အီး
လုပ်သက်နှစ်နှစ်ရှိမှ အာရ်အက်စ်အီး (Registered Senior Engineer) ဖြစ်ဖို့ လျှောက်ထားနိုင်ပြီး
ရေးဖြေ၊ နှုတ်ဖြေအောင်မှ RSE လက်မှတ်ရမှာပါ။ RSE တစ်နှစ်ပြည့်မှ ပီအီးဖြေခွင့်ရမှာ ဖြစ်ပါ
တယ်"ဟု ၎င်းကပြောသည်။ ဘွဲ့ရပြီး ခုနစ်နှစ်ကြာလျှင် ပီအီးခေါ် ကျွမ်းကျင်အင်ဂျင်နီယာ
တစ်ယောက်ဖြစ်နိုင် ကြောင်းနှင့် "ကောင်စီမှထုတ်ပေးသော မှတ်ပုံ တင်လက်မှတ်မရှိလျှင်
မည်သည့်အင်ဂျင်နီယာလုပ်ငန်းမျှ မလုပ်ရ"လို့ ပုဒ်မ ၃၇ က ပြဋ္ဌာန်းထားတဲ့အတွက် အဲဒါကို
ချိုးဖောက်ပါက ဥပဒေနှင့်အညီ ပုဒ်မ ၄၀ဖြင့် အရေးယူခံရနိုင်ကြောင်းလည်း ဦးဝင်းမြင့်ကပြောသည်။ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ ပီအီး လက်မှတ်ရသော
အင်ဂျင်နီယာ ၃၀၀ ကျော် မှ ၁၃၂ ဦးသည် ASEAN Chartered Profes-sional Engineer
လက်မှတ်များရရှိပြီး အာဆီယံ ဆယ်နိုင်ငံအတွင်း အသိအမှတ်ပြုခံရသော အင်ဂျင်နီယာများ
ဖြစ်လာပြီဖြစ်ကြောင်း လည်း ၎င်းကပြောသည်။

လက်ရှိအနေအထားအရ မှတ်ပုံတင်လက်မှတ်ကိုင်ဆောင်ထားသည့် အင်ဂျင် နီယာအရေ
အတွက်မှာ မှတ်ပုံတင်အကြီးတန်း အင်ဂျင်နီယာ (RSE) လက်မှတ်ရရှိသူ ၅၀၀ ခန့်နှင့်
မှတ်ပုံတင်အင်ဂျင်နီယာပညာရှင် (PE) လက်မှတ်ရရှိသူ ၃၅၀ ၀န်းကျင်ခန့်သာ ရှိသေးကြောင်း
မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီက တာဝန်ရှိသူများက ပြောသည်။ "အခုအချိန်မှာ သတ္တုတွင်း
ကုမ္ပဏီတွေ၊ စက်ရုံတွေ၊ စက်မှုလုပ်ငန်းတွေမှာ ကျွမ်းကျင် အင်ဂျင်နီယာမရှိဘဲ အလုပ်က
သင်ယူပြီး စက်ပိုင်းဆိုင်ရာမှာ အနည်းငယ်ကျွမ်းကျင်တဲ့သူကို အင်ဂျင်နီယာအနေနဲ့ ပြန်ခန့်ထားတာ
တွေ့ရတယ်။ သတ္တုတွင်းကုမ္ပဏီတွေမှာ ကျွမ်းကျင်အင်ဂျင်နီယာတွေကို ခန့်ထားရင် မြေပြိုပြီး လူသေတဲ့ကိစ္စတွေကို လျှော့ချနိုင်မှာ ဖြစ်ပါတယ်။ အဲဒီလိုပဲ ရေနံတူးဖော်ရေးနဲ့ တခြားစက်မှု
ကဏ္ဍတွေ မှာလည်း ကျွမ်းကျင် အင်ဂျင်နီယာတွေ ခန့်ထားဖို့ လိုအပ်နေပါတယ်။ အခုကအလုပ်
ကနေ သင်ယူသလိုဖြစ်ပြီး စက်ပိုင်းဆိုင်ရာ နည်းနည်းကျွမ်းကျင်ရင် အင်ဂျင်နီယာအနေနဲ့
ပြန်ခန့်ကြတယ်။ တကယ်ကျွမ်းကျင်တဲ့အင်ဂျင်နီယာတွေက အလုပ်မရဘူးဖြစ်နေတယ်။
ပီအီးလက်မှတ် ထပ်လျှောက်ခြင်းကြောင့် အင်ဂျင်နီယာတွေ အတွက်လည်း အလုပ်အကိုင်
အခွင့်အလမ်း တိုးမှာ ဖြစ်ပါတယ်"ဟု ဒုတိယဥက္ကဋ္ဌ ဦးမောင် လင်းက ပြောသည်။ နောက်ပိုင်းတွင်
အင်ဂျင်နီယာကောင်စီ နည်းဥပဒေကို ထပ်မံပြင်ဆင်ပြီး စက်ရုံအလုပ် ရုံများနှင့် သတ္တုတူးဖော်ရေး
ကုမ္ပဏီများတွင် ပီအီးခေါ် ကျွမ်းကျင်အင်ဂျင်နီယာ မည်မျှရှိရမည်ဟု အရေအတွက် သတ်မှတ်သွား
မည်ဖြစ်ကြောင်း ဦးမောင်လင်းက ပြောသည်။ "ပီအီးနဲ့ပတ်သက်ရင် ဆောက်လုပ်ရေးက မြင်နေရ
လို့ ဆောက်လုပ်ရေးကဏ္ဍက ပိုအရေး ကြီးပေမယ့် တခြားကဏ္ဍတွေအတွက်လည်း လိုအပ်တယ်။
အင်ဂျင်နီယာက တစ်ဦးတည်းလုပ်လို့ရတဲ့ အလုပ်မဟုတ်ပါဘူး။ ဒါကြောင့် အားလုံးက ပီအီးလုပ်စရာ
မလိုဘူး။ တာဝန်ခံအင်ဂျင်နီယာတစ်ယောက်ပဲလိုတာ။ တစ်ခုခုဖြစ်ခဲ့ရင် သူကပဲ တာဝန်ခံရမှာ။
ပြီးခဲ့တဲ့ရက်ပိုင်း လောက်က ထိုင်ဝမ်မှာ ၁၇ ထပ်အဆောက် အအုံတစ်ခုပြိုကျချိန်မှာ တာဝန်ခံအင်ဂျင်
နီယာလို့ ရေးထားတဲ့သူက လက်မှတ်မထိုးဘဲ ဆောက်ထားတာတွေ့ရတယ်။ ဒါဆိုခွင့်ပြု တဲ့သူရှင်း
ရမှာ ဖြစ်တယ်။ အဲဒီအဆောက် အအုံကို ပြန်စစ်ဆေးတော့ ဘီစကွတ်မုန့်ပုံး တွေကို တိုင်အနေနဲ့
လုပ်ထားတာ တွေ့ရတယ်။ တကယ်ဆို ဒီလိုစည်းကမ်းမဲ့ဆောက်လုပ်ခြင်း တွေ မဖြစ်လာဖို့ အားလုံးကို
လိုက်စစ်ဆေးပေး မယ့် ပီအီးခေါ် တာဝန်ခံ အင်ဂျင်နီယာ တစ်ယောက်လိုအပ်တယ်။ သူ့လက်မှတ်ပါမှ
သက်ဆိုင်ရာက နေထိုင်ဖို့ ခွင့်ပြုပေးမှာဖြစ်ပြီး တစ်ခုခုဆိုလည်း သူ့ကပဲ တာဝန်ခံရမှာဖြစ်တယ်။
ပြဿနာဖြစ်ရင်လည်း သူကပဲ အဖမ်းခံရမှာဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။ လက်ရှိအချိန်တွင်
အဆောက်အအုံတည်ဆောက်ခွင့် ခွင့်ပြုချက်ရရှိရန် ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်
မတီကိုသာ တင်ပြနေရဆဲဖြစ်သကဲ့သို့ ကျွမ်းကျင်အင်ဂျင် နီယာလက်မှတ်များကိုလည်း
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီကသာ ထုတ်ပေးနေခြင်း ဖြစ်သည်။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကလည်း ရန်ကုန်မြို့၏ ဆောက်လုပ်ရေးလုပ်ငန်း
အတွက် အကြီးတန်းလိုင်စင် ၂,၅၀၀ ကျော်နှင့် အငယ်တန်းလိုင်စင် ၁,၅၀၀ ကျော်တို့ကို ထုတ်ပေး
ထားပြီးဖြစ်ပြီး ပြီးခဲ့သည့် လအနည်းငယ်ခန့်ကပင် ယင်းလိုင်စင်များကို သက်တမ်းထပ်မံတိုးပေး
ခဲ့ကြောင်း အင်ဂျင်နီယာဌာန (အဆောက်အအုံ) မှ သိရသည်။ "လက်ရှိအချိန်ထိ အင်ဂျင်နီယာကောင်စီ
ကနေ ထုတ်ပေးတဲ့ လိုင်စင်ရအရေအတွက် က မလုံလောက်သေးတော့ ကျွန်တော့်ဌာနက
လုပ်ငန်းလိုင်စင်ထုတ်ပေးထားတဲ့ သူတွေကို သက်တမ်းတိုးပြီး ဆောင်ရွက်နေတာ။ သူတို့
ဆီမှာ ပြည့်မီအောင် အရင်လုပ်ဖို့လိုတယ်။ သူတို့ဘက်က ပြည့်စုံတဲ့လိုင်စင်တွေ ပေးပြီဆိုရင်
ကျွန်တော်တို့ဘက်က လုပ်ငန်းလိုင်စင်ပေး လိုက်လို့ရတယ်။ ဒါပေမဲ့ ကောင်စီဘက်က လိုင်စင်ရှိရုံနဲ့
စီမံကိန်းတွေလုပ်လို့မရဘူး အင်ဂျင်နီယာဌာနက လုပ်ငန်းလိုင်စင်တော့ ယူရမယ်" ဟု ဦးနေဝင်းက
ပြောသည်။ ရန်ကုန်မြို့ရှိ အဆောက်အအုံများတည်ဆောက်မှုတွင် အင်ဂျင်နီယာဌာနက ၎င်းတို့ ဌာနမှ
ထုတ်ပေးထားသည့် လုပ်ငန်းလိုင်စင်ရ အင်ဂျင်နီယာ၏ ကြီးကြပ်ကွပ်ကဲပါမည်ဟူ သည့် လက်မှတ်ပါ
မှသာ စီမံကိန်းများ၏ အဆို ကို ခွင့်ပြုကြောင်း ၎င်းက ပြောသည်။

"အခုအချိန်မှာ Construction Industrial Development Board Law (CIDB) မရှိသေးလို့
အဆောက်အအုံတစ်ခုဆောက်မယ်ဆိုရင် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီကသာ
ခွင့်ပြုချက်တောင်းခံနေရဆဲဖြစ်ပေ မယ့် အခုဆောက်လုပ်ရေးဝန်ကြီး ဌာနက အသစ်ရေးဆွဲနေတဲ့ CIDB ခေါ် ဆောက်လုပ် ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဥပဒေကို ပြဋ္ဌာန်း နိုင်ခဲ့ရင် စီမံကိန်းတွေနဲ့
အင်ဂျင်နီယာတွေကို ခွင့်ပြုချက်ပေးတာကို ဆောက်လုပ်ရေးဝန်ကြီး ဌာနကပဲ သတ်မှတ်ပေးရတော့
မှာပါ။ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီက ရန်ကုန်မြို့အတွက်ပဲ ဖွဲ့စည်းထားတာဖြစ်ပေ မယ့် ဆောက်လုပ်ရေးဝန်ကြီးဌာနက တစ်နိုင်ငံ လုံးကို ခြံုငုံဖွဲ့စည်းထားတာ ဖြစ်ပါတယ်"ဟု ဦးမောင်လင်းက ပြောသည်။ နောက်ပိုင်းတွင် ဆောက်လုပ်ရေးကုမ္ပဏီ များကိုလည်း ကျွမ်းကျင်
အင်ဂျင်နီယာနှင့် ရင်းနှီးမြှုပ်နှံမှုတန်ဖိုးကို မူတည်၍ အဆင့် အတန်းများ ခွဲခြားကာ တည်ဆောက်နိုင်
သော အဆောက်အအုံအမျိုးအစားများကို ခွဲခြားပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အင်ဂျင်နီယာ
အသင်းမှ ဒုတိယဥက္ကဋ္ဌ ဦးအောင်မြင့်က ပြောသည်။ "နောက်ပိုင်းမှာ ဆောက်လုပ်ရေးကုမ္ပဏီ
တွေကိုလည်း အဆင့်အတန်းတွေ ခွဲပေးသွား မှာပါ။ Class A ဆိုရင် ပီအီးဘယ်နှယောက်ရှိ
ရမယ်။ ရင်းနှီးမြှုပ်နှံမှုတန်ဖိုး ဘယ်လောက်ရှိရ မယ်။ စက်ယန္တရားဘယ်လောက် ပိုင်ဆိုင်ထား
ရမယ်။ ဒါဆို အဆောက်အအုံအမျိုးအစားအစုံ ကို ဆောက်လို့ရမယ်။ Class B ဆို ဘယ်လောက်
ရှိရမယ်။ ဘယ်အဆောက်အအုံအမျိုးအစား အထိ ဆောက်လို့ရမယ်။ အခုလည်း အဆင့် အတန်း
သတ်မှတ်ပေးဖို့ တင်ပြလာတဲ့ ကုမ္ပဏီ တွေကို အဆင့်အတန်းသတ်မှတ်ပေးနေပါတယ်။
နောက်ပိုင်းမှာ ဒီနိုင်ငံက ပီအီးရပြီးရင် အာဆီယံနိုင်ငံတွေမှာပါ အသိအမှတ်ပြုခံရ မှာ
ဖြစ်ပါတယ်"ဟု ၎င်းက ပြောသည်။ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီမှ အဆင့်အတန်း
သတ်မှတ်ရန် အသိအမှတ်ပြုပေးခြင်းများကို အာဆီယံနိုင်ငံများအပြင် တရုတ်၊ အိန္ဒိယ၊
ဟောင်ကောင်၊ အမေရိကန်၊ ဂျပန်၊ ကိုရီးယား၊ ဩစတြေးလျ စသော နိုင်ငံပေါင်း
နှစ်ဆယ်ငါးနိုင်ငံပါ၀င်သော The Federation of Engineering Institutions of Asia and
the Pacific (FEIAP) ကလည်း အသိအမှတ်ပြုလက်ခံပေးသွားမည်ဖြစ်ကြောင်း အင်ဂျင်နီယာကောင်စီမှ
တာဝန်ရှိသူ များက ပြောသည်။ ထို့ပြင် အင်ဂျင်နီယာလက်မှတ်ကိုင်ဆောင် သည့်စနစ်မှာ
အခြားနိုင်ငံများတွင်လည်း ကျင့်သုံးသော်လည်း ယင်းနိုင်ငံများက လက်မှတ် ကိုင်ဆောင်
သူများကို အလုပ်ရှာဖွေပေးခြင်း၊ ပိုမိုကောင်းမွန်သည့်လုပ်ငန်းများဖြင့် ချိတ်ဆက်ပေးခြင်းများ
ပြုလုပ်ပေးကြောင်း ရေနံ ကုမ္ပဏီတစ်ခုတွင် ကျွမ်းကျင်အင်ဂျင် နီယာအဖြစ်လုပ်ကိုင်နေသူ
ဦးဝေလင်း က ပြောသည်။ "ကျွန်တော့်အမြင်ကတော့ မှတ်ပုံတင်ရ အောင်လုပ်တဲ့သူတွေ
ကလုပ်သလို စိတ်မပါ တဲ့သူတွေကလည်း မပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ တခြားနိုင်ငံတွေမှာက
လိုင်စင်ကိုင် ဆောင်ဖို့စနစ်ရှိသလို ကိုင်ဆောင်တဲ့သူတွေ ပေါ်မှာလည်း ပြန်တာဝန်ယူတာတွေ
ရှိတယ်။ သူတို့က အလုပ်ပြန်ရှာပေးသလို အချိတ်အဆက်ကောင်းကောင်းတွေရအောင်လည်း
လုပ်ပေးတာတွေရှိပါတယ်။ အခုဒီမှာက ကျွန်တော်သိလောက် လက်မှတ်ရဖို့ စာမေးပွဲဖြေ ရတယ်
ဒါပေမဲ့မေးတာတခြား ဖြေတာတခြား ရသွားတဲ့သူတွေလည်း ရှိပါတယ်။ နောက်ပြီး Seminar
တွေကို နာရီပြည့်အောင် တက်ခိုင်း တယ်။ ဘာစံနှုန်းတွေနဲ့ တိုင်းပြီးပေးတယ်ဆို တာ မရှိဘူး"ဟု
၎င်းက ပြောသည်။ အချို့သောအင်ဂျင်နီယာများမှာ အင်ဂျင်နီယာကောင်စီမှ ထုတ်ပေးသည့်
မှတ်ပုံတင်လက်မှတ်ပြုလုပ်ကာ ကိုင်ဆောင်ထားခြင်း သည် လာမည့်နှစ်များတွင် အင်ဂျင်နီယာ
လုပ်ငန်းများ၌ မဖြစ်မနေလိုအပ်လာမည့် လက်မှတ် (လိုင်စင်) တစ်ခုဖြစ်သည့်အတွက် ပြုလုပ်
ထားသင့်ကြောင်း Myanmar Kaido ကုမ္ပဏီတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် အင်ဂျင်နီယာ
တစ်ယောက်ဖြစ်သူ ကိုအောင် လေးက ပြောသည်။

ရန်ကုန်မြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင် တစ်နေရာ။အောင်မြင်ရဲဇော် / မြန်မာတိုင်း(မ်)

"အင်ဂျင်နီယာအလုပ်လုပ်မယ့်သူတိုင်း ကလက်မှတ်ရှိဖို့လိုလာပြီဆိုတော့ လုပ်ထားတာ
အကောင်းဆုံးပါပဲ။ နောက်ပိုင်းမှာ လုပ်ငန်းတွေမှာလည်း ဒီလက်မှတ်တွေလိုလာ တော့မှာ။
ဒါက ပရော်ဖက်ရှင်နယ်ဆိုတဲ့ အသိ အမှတ်ပြုလက်မှတ်ဆိုတော့ ဆရာဝန်ဆိုလည်း
ဆရာဝန်လိုင်စင်ရှိမှ ဆေးကုလို့ ရသလို အင်ဂျင်နီယာဆိုလည်း
အင်ဂျင်နီယာလိုင်စင်ရှိမှ အင်ဂျင်နီယာလုပ်လို့ရမယ်ဆိုတာ ကောင်းတဲ့သဘောမျိုးပါပဲ။ ဒါပေမဲ့ ဒီလို ပြောင်းလဲလိုက်တာ ကောင်းပေမယ့် ပြောင်းတဲ့ ပုံစံက စနစ်မကျတော့ ကန့်ကွက်
တာတွေ၊ ဝေဖန် တာတွေ ပေါ်လာတာပါ" ဟု ၎င်းက ပြော သည်။ စက်မှုတက္ကသိုလ်က
ပညာသင်ကြားပြီး ဘွဲ့ ရရှိသူများအတွက် ပီအီးလိုင်စင်တိုက်ရိုက် မရရှိဘဲ ပြန်လျှောက်ရ
မည့်အပေါ်တွင် အင်ဂျင် နီယာများကြား မကျေလည်မှုများ ဖြစ်ပေါ်နေ ကြောင်း အင်ဂျင်နီ
ယာတစ်ဦးဖြစ်သူ မပိုးဖြူစင် က ပြောသည်။ "ကျောင်းမှာ နှစ်နဲ့ချီပြီး ပညာသင်ကြား ပြီးတာတောင်
ပိအီးဖြစ်ဖို့ သက်သက်လျှောက် ရမယ်။ ဟောပြောပွဲတွေ ထပ်တက်ရမယ်ဆိုတာ တော့
သဘာဝမကျဘူးလို့ ထင်တာပဲ။ အင်ဂျင် နီယာနဲ့ ပတ်သက်တဲ့ကဏ္ဍတွေက အခုမှ ပိုဖွံ့ဖြိုး
တိုးတက်လာနေပေမယ့် အားလုံးက ရှုပ်နေ သေးတယ်။ အင်ဂျင်နီယာကျောင်းပြီးပေမယ့်
အင်ဂျင်နီယာလုပ်ခွင့် မရဘူး။ ပီအီးထပ်လျှောက်ရမယ်။ အဆောက်အအုံဆောက်ဖို့
အင်ဂျင်နီယာလုပ်မယ်ဆို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှာလည်း
လျှောက်ရမယ်။ အင်ဂျင်နီယာကောင်စီမှာ လည်း ထပ်လျှောက်ရမယ်ဆိုတော့ လုပ်ငန်းစဉ်က
ရှုပ်နေတယ်"ဟု ၎င်းကပြောသည်။ စီမံကိန်းများတွင် ပါ၀င်လုပ်ကိုင်နေခဲ့ ပြီးဖြစ်သည့် အကြီး
တန်းအင်ဂျင်နီယာများ မှာ လတ်တလောတွင် လက်မှတ်ရရန် ဆောင် ရွက်ရန်မှာ ခက်ခဲသည်ဟု
အင်ဂျင်နီယာတစ်ဦးဖြစ်သူ မသဲနုဆွေက ပြောသည်။ "ကျောင်းပြီးကတည်းက အလုပ်ဝင်လုပ်
လာခဲ့တာ အခုမှချက်ချင်းထလုပ်ဖို့ကလည်း ခက်ပါတယ်။ လိုင်စင်ရဖို့လျှောက်ရတာကလည်း
သူတို့ပေးတဲ့သင်တန်းတွေတက်တာ တွေ၊ စာမေးပွဲတွေဖြေပြီးမှ ရတာဆိုတော့ အချိန်ပေးပြီးမှပဲ
လက်မှတ်ရမှာပါ" ဟု ၎င်းက ပြောသည်။ သို့သော် အချို့သောအင်ဂျင်နီယာများမှာ
အင်ဂျင်နီယာကောင်စီမှ ထုတ်ပေးသည့် မှတ်ပုံတင်လက်မှတ်ပြုလုပ်ကာ ကိုင်ဆောင်
ထားခြင်းသည် လာမည့်နှစ်များတွင် အင်ဂျင် နီယာလုပ်ငန်းများ၌ မဖြစ်မနေလိုအပ်လာ
မည့် လက်မှတ် (လိုင်စင်) တစ်ခုဖြစ်သည့်အတွက် ပြုလုပ်ထားသင့်ကြောင်း Myanmar
Kaido ကုမ္ပဏီတွင် အလုပ်လုပ်ကိုင်လျက်ရှိသည့် အင်ဂျင်နီယာတစ်ယောက်ဖြစ်သူ
ကိုအောင်လေးက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်