အစိုးရ အပြောင်းအလဲကြောင့် ၂၀၁၆ ခုနှစ်တွင် အိမ်ခြံမြေဈေးကွက် အလားအလာကောင်းနိုင်

အစိုးရ အပြောင်းအလဲကြောင့် ၂၀၁၆ ခုနှစ်တွင် အိမ်ခြံမြေဈေးကွက် အလားအလာကောင်းနိုင်

ရန်ကုန်မြို့၏ အိမ်ခြံမြေဈေးကွက်သည်လက်ရှိတွင် ဈေးကွက်အနည်းငယ်အေးနေသော် လည်း အနာဂတ်တွင် ဈေးကွက်အလားအလာ ကောင်းနိုင်ပြီး အငှားနှင့်အရောင်းဈေးကွက်များ
ကောင်းလာနိုင်ဖွယ်ရှိသည်ဟု အိမ်ခြံမြေ အကျိုးဆောင်များက ပြောသည်။

နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ထပ်မံဝင်ရောက်လာပါက အိမ်ခြံမြေဈေးကွက် ပိုပြီးတိုးတက်
လာနိုင်ဖွယ်ရှိသည်ဟု မြန်မာနိုင်ငံအိမ်ခြံမြေ ၀န်ဆောင်မှုအသင်း ဒုတိယဥက္ကဋ္ဌ ဦးသိန်းလှညို က
ပြောသည်။

"အခုကတော့ အိမ်ခြံမြေဈေးကွက်က တအိအိနဲ့ ကျဆင်းနေတယ်။ အိမ်ခြံမြေဈေး ကွက်ထဲကို
ရင်းနှီးမြှုပ်နှံသူတွေက စုပြံုပြီးဝင်လာတာတွေ များလာတာကြောင့်လည်း ပါတယ်။ လာမယ့် ခြောက်လကျော်ဝန်းကျင် လောက်မှာတော့ ပြန်ပြီးဦးမော့လာနိုင်တယ်" ဟု
၎င်းကပြောသည်။

"မြန်မာနိုင်ငံမှာအများအားဖြင့်လူအများစုရင်းနှီးမြှုပ်နှံတဲ့ ဈေးကွက်တွေဖြစ်တဲ့ ရွှေဈေးကွက်၊
မော်တော်ကားဈေးကွက်၊ ဒေါ်လာ၊အထည်ချုပ်၊ဆောက်လုပ်ရေးနဲ့ အိမ်ခြံမြေဈေးကွက်တွေမှာ
အိမ်ခြံမြေဈေးကွက်က ခိုင်မာမှုရှိတဲ့အတွက် လူတွေကစုပြံုပြီး ၀င်ရောက် လာတဲ့အတွက်
ဈေးကွက်က နည်းနည်းလေးငြိမ်သွားတာပါ။ နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမယ့် သူတွေကလည်း
မြေဈေးကြီးတာတွေ၊ လျှပ်စစ် မရရှိတာတွေနဲ့ နိုင်ငံရေးကိုစောင့်ကြည့်နေတာတွေကြောင့်
ပြန်လှည့်သွားကြတာများတယ်" ဟု ရွှေအိမ်ကမ္ဘာ အိမ်ခြံမြေအကျိုး ဆောင်လုပ်ငန်းပိုင်ရှင်
လည်းဖြစ်သူ ဦးသိန်းလှညိုက ပြောသည်။

စီးပွားရေးနှင့် နိုင်ငံရေးသည် အမြဲဆက်စပ် နေခြင်းကြောင့် နိုင်ငံရေးအပေါ် မူတည်ကာ စီးပွားရေးလုပ်ငန်းများတိုးတက်မှုကလည်း ပြောင်းလဲနေ၍ လာမည့်အစိုးရသစ်လက်ထက်တွင်
အကောင်းဘက်သို့ ဦးတည်နေသည်ဖြစ် ရာ စီးပွားရေးလည်းကောင်းမွန်လာနိုင် သကဲ့သို့
ရင်းနှီးမြှုပ်နှံမှုများလည်း ၀င်ရောက်လာလိမ့်မည်ဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။
"အိမ်ခြံမြေဈေးကွက်မှာ အငှားဈေးကွက် ကတော့အမြဲတမ်း အပေါ်မှာပဲ ရှိနေတယ်။
ဈေးတွေကျဆင်းသွားစရာတော့ အကြောင်းမရှိပါဘူး။ မြေဆိုတာ ထပ်တိုးပြီးချဲ့လို့ရတာ
မဟုတ်ဘူး။ မြို့လယ်ကောင်က အိမ်ခြံမြေဈေး ကတော့ ဈေးနှုန်းကျဆင်းနိုင်စရာအကြောင်း
မရှိပါဘူး" ဟု ဦးသိန်းလှညိုက ပြောသည်။

အိမ်ခြံမြေဈေးကွက် ကောင်းမွန်နိုင်သည့် အလားအလာရှိနေပြီး ယခုလက်ရှိတွင် မြေ
အရောင်းအဝယ်များ အလုပ်ဖြစ်နေကာ အငှားဈေးကွက် ပုံမှန်သာရှိနေသည်ဟု ရွှေ
ကံမြေအိမ်ခြံ မြေအကျိုးဆောင်လုပ်ငန်းမှ ဦးခင်မောင်အေးက ပြောသည်။ "အနာဂတ်
မှာတော့ အိမ်ခြံမြေဈေးကွက် က ကောင်းလာမှာပါ။ နိုင်ငံရေးကလည်း အကောင်း
ဘက်ကိုပဲ ဦးတည်နေတော့ အိမ်ခြံ မြေဈေးကွက်ကလည်း ကောင်းလာမှာပါ"ဟု
၎င်းက ပြောသည်။

ဆောက်လုပ်ရေးလုပ်ငန်းရှင်များနှင့် စီးပွားရေးသမားများက အစိုးရသစ်လက်ထက်
ပြောင်းလဲမှုများကို စောင့်ဆိုင်းနေခြင်းကြောင့် အိမ်ခြံမြေဈေးကွက် ကျဆင်းနေကြောင်း
တောင်ဥက္ကလာပမှ အိမ်ခြံမြေအကျိုးဆောင် ဦးဇာနည်က ပြောသည်။

"အစိုးရသစ်လက်ထက်မှာ ပြောင်းလဲမယ် လို့အားလုံးက ယုံကြည်ထားတော့ အလုပ်တွေကို
အခုခဏရပ်ထားပြီးတော့ အခြေအနေကိုစောင့်ကြည့်နေကြတယ်။ တချို့ဆောက်လုပ်ရေး
လုပ်ငန်းရှင်တွေဆိုရင် အိမ်ရှင်တွေကို စာချုပ်ပဲချုပ်ထားပေးပြီးတော့ တိုက်မဆောက်သေးဘဲ
စောင့်ဆိုင်းနေတာမျိုးတွေ ရှိတယ်"ဟု ၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်